အိမ်

Posted on 9/17/2009 by nyeinmahaw08

အိမ် ဆို တာ ကျွန်မ တို့  တွက်နွေးထွေး လုံခြုံဆုံးနဲ့ ချစ်ခြင်းမေတ္တာတွေ နဲ့  ပြည့်ဝတဲ့ နေရာ တခု တဲ့  ဟင့်အင်ကျွန်မ ငြင်းချင်တယ် အိမ်ဆိုတာ  အရင်တုန်းက ဟုတ်ချင်ဟုတ်မယ်   အခုတော့ အိမ်ဆိုတာ မပြန်ချင်ဆုံး နေရာ တခု  

အိမ်ဆို တာကထွက်သွားဖို့ အမြဲ ကြိုးစားနေကြတယ်တဲ့   အိမ်က ပျော်ရွင်မူ့ ကိုလဲမပေးတော့ဘူး တဲ့ သူတို့ ပြောနေကျတယ် သူတို့ လို ချင်တဲ့  အရာက သူတို့ အိမ်မှာ မရှိတော့ဘူး တဲ့   

တကယ်ဝမ်းနည်းစရာ  အိမ်   ဆို တာ ဘာလဲ ဘာတွက်လဲ  အိမ်ဆို တာ ရာသီဥတု ဒဏ်ကိုကာကွယ်ပေးယုံသက်သက်မဟုတ်တာတော့

သေချာတယ် အိမ်  ဆိုတာ မိသားစု တခု တွက် အိမ်ဆိုတာ က အရာအားလုံးတွက်  အိမ်ပြန်ချိန်ရှိတယ်  ခု တော့ဒီအိမ်မှာဘယ်သူမှမနေချင်ကျတော့ဘူး

ခေါင်မလုံ မှတော့  ......   

အိမ်  ကထွက်သွားချင်နေတဲ့ သူများ သထက်များလာတယ်  ......... 

အိမ်က တစ်ဦး တစ်ယောက်ရဲ့  ပိုင်စိုးမူအောက်မှာမရှိသင့်ဘူး ....အိမ်ဆိုတာ အချိန်မရွေးပြန်စဉ်းစားလိုက်တိုင်း ပြန်ချင်စရာကောင်းနေရမယ် ခုတော့.......... အိမ်က  .......  အရာအားလုံးတွက် ... အိမ်တခု  ရဲ့ အမိုးက မလုံ ... အိမ်တခု ရဲ့ မီးဖို ချောင်မှာလဲ အစားအစာ  မရှိ  အိမ်တခုရဲ့  စီးပွားရေး အိမ်တခု လုံခြုံရေး  အိမ်တခု ရဲ့ ပျော်ရွင်ရေး   အိမ်တစ်ခု ရဲ့   စိတ်ချမ်းသာစရာ ဘာမှမရှိ ဘူး  အဲဒီအိမ်မှာ  လူ့ တစ်ယောက်တွက်  ခေတ်မှီ တဲ့ ပစ္စည်းတွေလဲမရှိသလို လူတစ်ယောက်တွက်  လိုအပ်တဲ့ အဟာရ လဲမရှိ လူတစ်ယောက်တွက်မလုံခြုံ တဲ့ အနေထား မလွတ်လပ် တဲ့   အခြေနေတခု အဲဒီ အိမ်မှာ မနေ ချင် တာမှားသလား  မနေသင့်တာမှားသလား

ကျန်းမာရေးတွက်လဲ စောင့်ရှောက်မူမရှိတဲ့ နေရာ  ဒီလို အိမ်က ထွက်ခွာဖို့ စဉ်းစား နေကျတာ....... 

ဒီအိမ်မှာ  ဘာကိုဘာမှ မရှိ ပေမယ်  ....  အိမ်ရဲ့ အခန်းတခုမှာတော့မထင်မှတ်စွာလျှို့ ဝှက်အခန်း တခု ရှိ တယ်  အဲဒီအခန်း မှာ မိသားစုတခု တော့ကျန်နေတယ်  သိပ်ကို  တစ်ကိုယ်ကောင်းဆန်ပြီးသိပ်ကို  ရက်စက်တဲ့  မိသားစုတခု နေတယ်  သူတို့ မှာတော့မထင်မှတ်စရာ အစစအရာရာပြည့်စုံနေတယ် နတ်ဘုံနတ်နန်းလား ဖြစ်အောင်သူတို့ အခန်းမှာရှိနေတယ်  လောက မှာငွေနဲ့ ပေးလို့ ဝယ်လို ရတာမှန်သမျှအကုန်ရှိနေတယ်   ဒါပေမယ့် သနားစရာကောင်းတာ  ငွေနဲ့ ပေးဝယ်လို့ မရတဲ့ အရာတခုမှ သူတို့ ဆီ မှာ မရှိတာပါ ပဲ    အဲဒီ စုတ်ပြတ်သတ်ပြီး  ဘာတခုမှ မရှိတော့တဲ့ အဲဒီအိမ် မှာ သူတို့ တခန်းထဲ ဘယ်လောက်ရေရှည်  တည့်တံအောင်နေနိုင်ကျမလဲသူတို့ မတွေးမိသမျှတော့  ...သနားစရာကောင်းနေလိမ်မယ်...........

 အိမ်ဆိုတာ ဘာလဲ သူတို့ နားမလည်  ဘူး အိမ်ဆိုတာ သူ တို့   အပိုင်စီး  ပြီး  အနိုင်ကျင့်နေရမယ် နေရာတခု    ဖြစ်နေတယ်  ............. အိမ်ဆိုတာ သူတို့ တွက်  တော့   ..............

              အိမ်ဆိုတာ  .........အချိန်မရွေးပြန်လာချင်ရင်ပြန်လာ လို့ ရတဲ့ နေရာမဟုတ်တော့တာ   .......  အိမ်ဆိုတာ  အခုတော့........ အချိန်မရွေး မနေချင်တဲ့ နေရာပေါ့ .............  အိမ်  အိမ် အိမ်   အိမ် 

Discussion

on 1/1/0001 says:
ayeayethin007 on 9/23/2009 says:

ချစ်သမိးကြိးရေ။

ပင်လယ်နတ်သမိးလေး...ရှုမ၀..တဲ့ ..နမ်းမ၀က...HOUSE..နဲ့ ..HOME...ကို  ခွဲခွဲခြားခြား..ပညာပြည့် ဝနှလုံးလှစွာ...ပြောပြထားတယ်။

HOUSE  MAKES HANDS.

HOME MAKES  HEART  တဲ့ ။

အိမ်..ကိုလက်နဲရုပ်ဝထ္ထုပစ္စည်းတွေနဲ့ ရင်းနှိးတည်ဆောက်ကြရတယ်။

မိသားစုကိုတော့..နှလုံးသားနဲ့ဦးနှောက်စွမ်းအားတွေနဲ့ ရင်းနှိးတည်ဆောက်ကြရတယ်။

ရာသီဥတုသုံးပါးခံတဲ့..ခိုင်ခန့်တဲ့ အိမ်လေးတစ်လုံးအတွက်..ငွေနဲ့ နည်းပညာရှိရမယ်။

လုံခြုံနွေးထွေးတဲ့ မိသားစုလေးအတွက်..မေတ္တာနဲ့စည်းလုံးညီညာကြရမယ်..။

ဒါပေမဲ့..ဒါပေမဲ့...အမှောင်ထဲမှာရောက်ရောက်..အလင်းရောင်အောက်မှာဘဲရှိရှိ..နှလုံးသားရှိတဲ့မြင့်မြတ်သူတွေမှာ...နွေးတွေးတဲ့မိသားစုအိမ်လေးတွေ..ခြေသလုံးအိမ်တိုင်ရောက်လေရာရာမှာ..တည်ဆောက်နိုင်ကြပါတယ်.။

နှလုံးသားမရှိမပါတဲ့..လူဗလာတွေအတွက်ကတော့..ရွှေအိမ်နန်းနဲ့..ဂုဏ်သိက္ခာတွေခြံရံ ..ဟိတ်ဟန်တွေလုပ်လဲ...HOMELESS...တွေပါဘဲ။

Home is where there's one to love!

Home is where there's one to love us!

.......

Home is sweet, and only sweet.

Where there's one we love to meet us.

ချစ်သမိးကြီးရဲ့....

မေမေ

 

nyeinmahaw08 on 9/21/2009 says:

ကျေးဇူးတင်ပါတယ်  အမ   ငြိမ်းတွက် တော့ ဒီအိမ်ကိုဘယ်  အကောင်းဆုံး ပြန်လန်းဆန်းလာအောင်လုပ်ပေးနိုင်မလဲ ဆို တာ က တဦးတစ်ယောက်တည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်တာ

တော့သေချာတယ်အမရယ်  အဲဒီ အိမ်ကိုငြိမ်းမဟော်ရင်နာစွာ နဲ့  စွန့် ခဲ့ ရပြီးပြီ ဒါပေမယ့်  ငြိမ်းမဟော် မျက်နှာလွဲ  မထားနိုင် ဘူး ကိုယ့် မိသားစု  ဆိုတဲ့  မျိုးချစ်စိတ်က ငြိမ်းမဟော် ရင်ထဲမှာ အပြည့် ပဲ

 အမရယ်  ကိုယ့် အမျိုးအချင်းချင်းကို တစ်ယောက်ကိုတစ်ယောက် မုန်းတီး သတ်ဖြတ်နေကျတယ်လေ

ကျွန်မ တွက်  က တော့ ကားတစင်းကို လူတစ်စု တွန်း နေ ကြတဲ့ အခါ  ကျွန်မ ကြည့်မနေနိုင်လို ၀င်ကူတွန်းပေးနိုင် တယ်ကျွန်မတစ်ယောက်တည်းနဲ့  တော့ မရဘူးကျွန်မ ၀င်ကူတွန်းပေးလို့ နည်းနည်းလေးရွေ့ သွားတယ် ဆိုရင်ပဲ ကျွန်မ ကျေနပ်နေတဲ့ အနေထား ပေါ့  .............  ကျွန်မ လုပ်နိုင်သလောက်နည်းနည်းတွက် ကျွန်မ လုပ်သွားပေးမယ့်    ကျွန်မ ချစ်တဲ့ အမျိုးတွက်ပေါ့  ကျွန်မချစ်တဲ့ အိမ် တွက်ပေါ့ အမရယ်  ....  ဘယ်သူဘယ်သူ အပြစ် ရှိတယ် ဒီအိမ်ကိုဘယ် သူရသင့်တယ် ဘယ် သူပိုင်သင့်တယ်  ဆိုတာထက် ကျွန်မ မိသားစုဝင်တွေရဲ့  စားဝတ်နေရေး  ကျွန်မ မိသားစုဝင်တွေ ရဲ့ ကျန်းမာ ရေး  စတဲ့  အရာအားလုံး ကို အဆင်ပြေစေချင်အဓိက ပါ  

ဒီအိမ်ကိုဘယ်သူ ရရ  ကျွန်မ  စိတ်ဝင်မစား ဘူး    အဓိ က ဒီအိမ်မှာနေတဲ့ မိသားစုဝင်တွေ  အရာရာ အဆင်ပြေအေးချမ်းပျော်ရွင်  လွတ်လပ်စွာ  နေထိုင် ရမယ်  ကျန်းမာရမယ်  ဒါ တော့ ကျွန်မ အရမ်း တောင်းတတဲ့ ဆန္ဒပေါ့အမရယ်  အမပြောသလို တစ်ချိန်ကျရင်  ခြောက်သွေ့ တဲ့ အိမ်  က  ငြိမ်းမဟော်ရဲ့ မိသားစု အိမ်လေး ဖြစ်လာစေဘို့   လဲ  ညီမလေး  မျှော်လင့်မိတယ် အမရယ်  ..........ဘာလို့ လဲ ဒီမိသားစုဝင်  သက်ကြီးရွယ်အိုက အစ ကလေးပိစိထိကျွန်မ  သိပ်ချစ်တယ်  အမ  ရယ်  .............. အဲဒီင်္တွက်ကျွန်မ တတ်နိုင်သလောက် တတ်နိုင်ဘက်က ကြိုးစားသွားပါ့မယ်    အမ ကိုကျေးဇူး တင်လျှက်   .........................

yb on 9/19/2009 says:

အိမ် ဆိုတာဖတ်ပြီးတော့ တစ်ခုခုကို သဘောပေါက်လိုက်ပါတယ် ငြိမ်းမဟော်။

sea_angel on 9/17/2009 says:

“အိမ်”.....ကို..အင်္ဂလိပ်လို..House....နဲ့...Home...ဆိုပြီး နှစ်မျိုးခွဲထားတယ်....။House ဆိုတာကတော့...သက်မဲ့ အိမ်ကိုပြောတာ...Home ဆိုတာကတော့..အဲဒီအိမ်နဲ့အတူ..မိသားစုဝင်တွေပါ..ပါဝင်တယ်...ညီမလေး..ရဲ့ “အိမ်”က...မိသားစုဝင်တွေရှိနေပေမဲ့...အသက်မဝင်တဲ့...House ဖြစ်နေတာ...အဲဒီတော့...အသက်ဝင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးရှိတဲ့..နွေးထွေးတဲ့...“Home” ဖြစ်လာအောင်....ညီမလေး..ကြိုးစားကြည့်ဖို့လိုနေပြီ....။မရနိုင်ပါဘူးလို့မပြောနဲ့နော်...။“ငှက်တွေဟာ..ပျံရင်းနဲ့သေတယ်.”......“လူတွေဟာ...ကြံရင်းနဲ့သေတယ်....တဲ့”...ညီမလေး“ငြိမ်းမဟော်”...က...ဥာဏ်ကောင်းပါတယ်...ညီမလေးမှာ မမြင်နိုင်တဲ့ အရည်အချင်းတွေရှိနေတာပဲ....ကိုယ်ဖြစ်ချင်တဲ့ ဘဝကို ဖြစ်အောင်ရယူလိုက်စမ်းပါ....ချောက်သွေ့နေတဲ့ Houes ..ဘဝကနေ....သာယာစိုပြေလာတဲ့ Home ..ဘဝကို...အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ.....။

nan_ma_wa on 9/17/2009 says:

ကြေကွဲစရာ ခံစားချက်လေးတစ်ခုပါပဲ....ပျော်ရွှင်စရာ..ကျေနပ်စရာတွေမရှိတဲ့..အဲဒီအိမ်ကို စိတ်နာပေမဲ့...တခြားရွေးစရာလမ်းမှမရှိတာ....ခြောက်သွေ့နေတဲ့ အိမ်ကို ..လန်းဆန်းလာအောင်လုပ်ကြည့်ပါလား...သူတို့ဆီကမရခဲ့ဖူးတဲ့ မေတ္တာတွေကို...သူတို့ကိုပြန်ပေးကြည့်လိုက်ပါ....မပေးချင်လည်း...ကြိုးစားပြီးပေးကြည့်လိုက်ပါ....စိတ်နာနေပေမဲ့...ကြိုးစားပြီးပြုံးပါ...အချိန်တော့ယူရလိမ့်မယ်...ညီမလေးရေ...။

ကိုယ်က ၁၀၀ဖိုးပေးလို့..သူတို့ဘက်က ၁ကျပ်ဖိုးပြန်ပေးတာကို နဲတယ်လို့မယူဆပဲ...အဲဒီ၁ကျပ် ..အခါတစ်ရာပြည့်ရင်...ညီမလေးလိုချင်တဲ့ ၁၀၀ပြန်ရနိုင်ပါတယ်...။ကိုယ်နေတဲ့အိမ်..ပူနေတာကို ...အေးအောင်လုပ်မဲ့သူဟာ...ကိုယ်ပဲဖြစ်ရမှာပေါ့...။ခက်ခဲတယ်ဆိုတာသိပေမဲ့...အရှုံးထဲက အမြတ်ရဖို့အတွက်...ကြိုးစားရလိမ့်မယ်...။ကိုယ်ကရှုံးထားပြီးသားလေ...“အရှုံးရဲ့နောက်မှာ...ဘာမှမရှိတော့တဲ့အတွက်...ဘာမဆိုလုပ်ရဲတဲ့သတ္တိတွေ ညီမလေးမှာအပြည့်ရှိတယ်”.ကြိုးစားကြည့်ပါ...ပိုက်ဆံပေးရတာမှမဟုတ်တာပဲ..။

တစ်ချိန်ကျရင်..ခြောက်သွေ့နေတဲ့အဲဒီအိမ်ဟာ...“ငြိမ်းမဟော်” ရဲ့ မိသားစုအိမ်လေးဖြစ်လာပါစေလို့.....ဆန္ဒပြုလိုက်ပါတယ်နော်...။

 

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ကျွန်မနဲ့ ကျွန်မ မေမေ   Return to blog   ဒါစေတနာလား ............... →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.