သမိုင်းဝင်သခင်မ

Posted on 10/30/2010 by ngweoo125

........ကမ်းမမြင်လမ်းမမြင်

စခန်းတွင်သာနေတော့ရယ်လို့

ဘယ်သူတွေဘယ်လိုရိုင်းရိုင်း

တို့ တိုင်းသူဘယ်မမှု

ရာစုမှာတစ်ယောက်တိုးပြီကွဲံ့

အမျိုးသမီးတဲ့အာဇာနည်........။

သားတို့ရဲ့ အမေ

ဝတ္တရားမကျေဘူးမဆိုလေနဲ့

ငါးကုဋေပြည်သူတွေရဲ့ 

အမေလည်းတစ်ပြိုင်နက်ဖြစ်

ဖခင်အမွေအနှစ်မို့

စိတ်တန်ခိုးကတော့အပြည့် .....။

သည်ကမ္ဘာလောကထဲက

ထွက်ခွာလုဆဲချစ်သူရဲ့ ခေါင်းချရမယ်ရင်ခွင်

မှီတင်ရမယ့် ပခုံး

သိမ်းကျုံးဆုပ်ကိုင်ရမယ့် လက်

တစ်ချက်မှမဖြည့် ဆည်းနိုင်

သက်ဆုံးတိုင်သာတိုင်ရစ်

ချစ်သူတစ်ယောက်ထွက်သွား

ရှင်သူများနဲ့ လေမလဲခဲ........။

သူမရဲ့ ပြည်တော်ပြန်ဘဝ

တန်ဧ။်ဆိုပြီး

ဝေဖန်ညှိဖို့မလို

လိုတာရမှတန်တာမဟုတ်

ရာဇဝင်မှာစာမတင်ရလည်း

သမိုင်းခွင်မှာဖျက်လို့မရ.........။

ကေသရာဇာခြင်င်္သေ့စိတ်ဓါတ်

မြင့် မြတ်တဲ့ အင်္ဂါသမီး

ရှုမငြီးမြဆံကေ

ပန်းတွေဝေသူ့ အပြုံး

နှလုံးသားမှာနှင်းဆီဖူး

ဘာမထီဆူးတွေကြားက

အဟန့် အတားတွေကျော်ဖြတ်

သည်ဇာတ်မှာဘယ်လို့ကရလည်း

အဓိကဇာတ်ကောင်ပေမို့

ခေါင်းဆောင်မင်းသမီးကို

ဗီလိန်ကြီးဘယ်လိုကြမ်းကြမ်း

ဇာတ်လမ်းဘယ်လိုနာနာ

ဇာတ်သိမ်းမှာပြည်တောသာမှ

ပရိသတ်ဘဝင်ကျမယ်

အများရဲ့ ဆန္ဒ..................

 

 

 

လမ်းသစ်ဂျာနယ်မှတင်ပြချက်စုချစ်သူ

Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ပေးဆပ်သူ   Return to blog   အလွမ်းကျိမ်စာ →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.