ကျွန်တော်ရေးခြစ်မိသောကောက်ကြောင်းများ(သံစဉ်မဲ့စကားလုံးများ)

Posted on 9/24/2009 by mylove001
Tags: ကျွန်တော် တို့ရက်ကွက်ထဲမှာ အမှိုက်လာသိမ်း တဲ့ အမှိုက်သိမ်းကားက အမိ

             "သူများတွေအမေလို့အော်နေချိန်မှာ ကျွန်တော်ကတော့အဖေအကြောင်းလေး ရေးချင်တယ်ဗျို့.........။"

          ကျွန်တော်တို့နေတဲ့ရက်ကွက်ထဲမှာအမှိုက်သိမ်းတဲ့ကားက တစ်ပတ်ကို ၂ ခါလာပါတယ်။အဲ့ဒီကားမှာ အမှိုက်သိမ်းလုပ်သားတစ်ဦးကတော့ အခြားသူတွေထက် စေသနာလည်းကောင်းတယ် စိတ်ထားလည်းကောင်းပါတယ်။သူကသာမန် စည်ပင်သာယာအမှိုက်သိမ်းလုပ်သားတစ်ဦးပါ။ သူ့မှာ သားတစ်ယောက်၊သမီးတစ်ယောက်ရှိပါတယ်။သူကသာမန်ဝန်ထမ်းတစ်ဦးဆိုတော့ သိပ်အဆင်မပြေလှဘူးပေါ့။

           ပြစ်လိုက်တဲ့အမှိုက်တွေထဲမှာပါလာတဲ့ ဘီယာဘူးခွံ၊ရေသန့်ဘူးခွံ စတာတွေကိုသိမ်းစည်းပြီး ညနေကားသိမ်းရင်ပြန်ရောင်းတဲ့ အလုပ်က တော့သူ့သားသမီးတွေ အတွက်ကျောင်းစရိတ်ပါ။ အကြီးကောင်လေးက ၅ တန်း၊အငယ်မလေးက ၂ တန်း ဗျ။ဒီလိုလည်နေတဲ့ သူတို့မိသားစုလေးမှာ သူလိုဘ၀မျိုး သူ့ကလေးတွေမဖြစ်ရအောင်အငတ်ခံပြီး ကျောင်းထားပေးမယ်ဆိုတဲ့ မွန်မြတ်တဲ့ဖခင်တစ်ယောက်ရဲ့စိတ်ကလေးနဲ့ သူ့အလုပ်ကိုသူ ပျော်ပျော် ရွှင်ရွှင်နဲ့ကြိုးကြိုးစားစားလုပ်လာခဲ့တယ်။

       တစ်နေ့မှာတော့အငယ်မလေး သွေးလွန်တုတ်ကွေးရောဂါ ဖြစ်လို့ဆေးရုံတင်ရပါလေရော။စားဖို့အနိုင်နိုင် လုပ်နေရတဲ့ သူတို့မိသားစုလေးကို ဆေးဖိုးကဖိလာတော့ သူ့ခင်ဗျာတော်တော်ကို လုံးလည်ချာလည်လိုက်လာပါလေရော။ ဒီအချိန်မှာအငယ်မလေးကို ကုရမယ့်ဆေးတစ်မျိုး ကအရေးတစ်ကြီးလိုလာပါတယ် ဈေးကလည်းကြီးတယ်လေ ။

       သူ့ခင်ဗျာ အလုပ်ကတစ်ဖက် ဆေးရုံစောင့်ရတာ တစ်ဖက်ဆိုတော့ လူပန်းစိတ်ပန်းဖြစ်နေချိန်မှာ ဆေးဝယ်ဖို့ပိုက်ဆံမရှိတော့ ပိုပြီးစိတ်ဆင်းရဲရတာပေါ့။အရေးရယ်အကြောင်းရယ်ဆို ပိုက်ဆံဆိုတာမျိုးက ချည်းဟယ် ငှားဟယ်လုပ်ဖို့က သူလိုလူမျိုးတစ်ယောက်အတွက် လွယ်တာမဟုတ်ဘူးလေ။အဖိုးတန်ပစ္စည်းဆိုတာလည်းသူ့မှာကနတ္ထိ။

         ဒီတော့သူ့ခင်ဗျာ ကြံရာမရတဲ့အဆုံး သူ့သွေးအမျိုးအစား သွေးလိုနေတဲ့သူတစ်ဦး  သူ့သမီးတတ်နေတဲ့ ဆေးရုံမှာရှိတာနဲ့ သူ့သွေးကိုရောင်းပြီးဆေးဝယ်ပေးလိုက်ရတယ်လို့သိရပါတယ်.......။ သြော်.......သူပြောတဲ့စကားလေးမှတ်မိပါသေးတယ် "ကျွန်တော်ကပထမတော့သွေးလှူ ဖို့တောင်စဉ်းစားပါသေးတယ် ဒါပေမယ့်သမီးလေးဆေးဖိုးလိုနေလို့ ရောင်းလိုက်ရတာပါ"တဲ့။ အင်းသူတစ်ပါးအပေါ်ကိုယ်ဒုက္ခရောက်နေချိန်မှာတောင် ဒီလိုစေသနာထားတဲ့သူတစ်ယောက် သူ့သမီးအတွက်သူ့ရဲ့ သွေးကိုရောင်းပြီး  အသက်ဆက်ပေးခဲ့ပါတယ်။

       ဒီလိုနဲ့နောက် ၃ ရက်လောက်ကြာတဲ့ တစ်နေ့မှာ ကျွန်တော်တို့လမ်းဘက်ကို မနက်စောစောစီးစီး သူ လာပါတယ် ။လမ်းဝင်ခါနီး ထောင့်ကွေ့လေး အရောက်မှာ ကိုယ်ပိုင်ကားတစ်စီးကသူ့ကိုမတော်တဆ နောက်ကနေပွတ်တိုက်မိသွားတယ် ။ ကားမောင်တဲ့သူက အောက်ဆင်းလာပြီး ဘာဖြစ်သွားသလည်းလို့မေးတော့ ဘာမှမဖြစ်ပါဘူးခြေထောက်နာသွားတာပဲရှိပါတယ်တဲ့။ ကားသမားကသူ့အမှားကြောင့်ဖြစ်တာဆိုတော့ ဆေးဖိုးပိုက်ဆံ တစ်သောင်းထုပ်ပေးပြီး ပြသနာ တတ်မှာဆိုးလို့ထင်ပါတယ် လစ်ပြေးပါလေရော။

        သူကပိုက်ဆံလေးကိုကိုင်ပြီး ကျွန်တော်တို့ကို ပြောပါတယ် "ဒီနေ့ကကျွန်တော်အလုပ်နားရက်လေ သမီးလေဆေးဖိုးနဲ့ ဓါတ်စာဖိုးလေးရအောင် ဆရာတို့ရက်ကွက်ထဲမှာ မြတ်ရှင်းဘာရှင်း အလုပ်လေးများရမလားဆိုပြီးတော့ လာကြည့်တာပါ"တဲ့။ ဒီစကားလေးပြောပြီး ထော့ကျိုးထော့ကျိုးနဲ့ အပြေးတစ်ပိုင်းပါပဲကျွန်တော်တို့ရှေ့ကထွက်သွားပါတော့တယ်......။

         အင်း.......ကျွန်တော်သိလိုက်ပါတယ် သူကုရမယ့် ဆေးဖိုးလေးကတော့  သူ့သမီးအတွက်ဖြစ်သွားပြီလို့ပေါ့။သူခြေထေက်ကဒါဏ် ရာကလည်းသိပ်တော့မသေးလှဘူး ခြေသလုံးမှာတော်တော် ကွဲသွားတာ။ ဒါကိုသူက သူ့ပုဆိုးလေးဖြဲစီးပြီး ဒီအတိုင်းထွက်သွားတာပါ။

    ဒီလိုနဲ့ သူ့သမီးလေးနေပြန်ကောင်းလာပြီး ဆေးရုံကဆင်းရမယ့်နေ့ မှာကျွန်တော်ရယ် ကျွန်တော်တို့ရက်ကွက်ထဲက လူငယ်သုံးယောက်ရယ် သူနဲ့အတူဆေးရုံကို လိုက်သွားကြပါတယ် ။  ကလေးမလေးကဘာစိတ်ကူပေါက်တယ်မသိဘူး သူ့အဖေကိုမြင်တော့ "ဖေကြီးက မေကြီးလောက်လည်းသမီးအပေါ်မှာမချစ် ဘူး ၊ ဒီရက်ပိုင်းဘယ်ရှောက်သွားနေတာလည်း ။သမီးအနားမှာလည်းမနေဘူးတဲ့"

            အင်း .......ကလေးမလေးလဘယ်တွေ့မလဲ မနက်အစောကြီးထ အလုပ်သွားပြီး ပိတ်ရက်တောင် မနားနိုင်ပဲအလုပ် ရှောက်လုပ်နေ ရတာကိုး ညနေမိုးချုပ် မှ အိမ်ပြန်လာ ဆေးရုံမှာလိုအပ်တာတွေယူပြီး ဆေးရုံသွား ဆေးရုံရောက်တော့ တော်တော် တောင်မိုးချုပ်နေပြီလေ ......။ကလေးမလေးအိပ်နေလောက်ပြီပေါ့ ။သူအမေကိုတစ်လှည့်ပေးနား ဆေးရုံမှာတစ်ညလုံးနီးပါးစောင့်ပေးပြီး မိုးလင်းခါနီးမှ တစ်ရေးလောက်မှေးရတဲ့ သူ့အဖြစ်တွေ သူမ တော်တော် နေမကောင်းဖြစ်နေတုန်း ကလည်း သူမအပေါ် ပူပန်နေရတာ ၊ ဆေးဖိုးလုံလောက်နိုင်ရေးပူပန်နေရတာတွေ ကို ကလေးမလေးဘယ်မြင်နိုင် သိနိုင်ပါ့မလည်း........။

        အခုတော့ သူခင်ဗျာမှာ လူကြမ်းကြီးပေမယ့်  အရည်လဲ့နေတဲ့ မျက်လုံးတွေနဲ့ သူ့သမီးလေးကိုချီထားရင်းပြုံးပြီး ကြည့်နေပါတော့တယ်။ ဒါပေမယ့်သူ့ရဲ့နှတ်ဖျားကတော့ ဘာသံမှ သူ့သမီးလေးအတွက် ဖြေရှင်းတဲ့စကားသံတွေ  ထွက်ကြမလာခဲ့ပါဘူး ။ သူ့ရဲ့အကြည့်တွေထဲမှာတော့ "ဖေကြီးလည်းသမီးအပေါ် သမီးမေကြီးချစ်သလိုပဲ အသက်နဲ့ရင်းပြီးချစ်ပါတယ်" လို့ပြောနေသလိုပါပဲ။ 

           ဒီလိုပါပဲ ဖခင်အများစုဟာ သူတို့ရဲ့ အချစ်တွေကို သားသမီးတွေအပေါ်မှာ ပါးစပ်ကဖွင့်မပြောတတ်ကြပေမယ့် ရင်ထဲကနေပြီးတော့ သံစဉ်မဲ့တဲ့ စကားလုံးတွေနဲ့ ပြောနေတတ်ကြပါတယ်။ သူငယ်ချင်းတို့ရော....                          "သင့်ဖခင်ရဲ့ရင်ထဲကပြောနေတဲ့ သံစဉ်မဲ့တဲ့ စကားလုံးတွေ    ကိုကြားနိုင် အောင် ကြိုးစားပြီး သင့်နှလုံးသားနဲ့နားထောင်ကြည့်ဖူး ပါသလား"............။

         "ကျွန်တော့ဖေဖေနှင့်ကမ္ဘာပေါ်ရှိ ဖခင်အားလုံးအား လေးစားဂုဏ်ပြုလျှက်........................"

                                                      (လမင်းသစ်)Biggrin

Discussion

on 1/1/0001 says:
mayhlwanmoe on 9/30/2009 says:

အဖေအကြောင်းတော့မသိလို့ မပြောတော့ပါဘူး။ ဒါပေမဲ့ ကောင်မလေးကတော့ ဆိုးတယ်ထင်တာပဲ။

mylove001 on 9/27/2009 says:

သူငယ်ချင်းပြောတဲ့စကားလေးကို ကိုယ်တစ်ခုတော့ပြောချင်တယ်သူငယ်ချင်း ကိုယ့်အမြင်လေးနော် သားသမီးတွေက ကိုယ့်ရဲ့မိဘတွေဆို အမြဲတမ်း perfect ဖြစ်နေ မယ်လို့ထင်နေကြတယ်။ ဒါပေမယ့် ကိုယ့်မိဘတွေကလည်း လူထဲကလူတစ်ယောက်ပါပဲ ဆိုတာတော့မေ့နေကြတယ် ။ ကိုယ်ကမှားရင်မိဘတွေကခွင့်လွှတ်ပေမယ့် ၊ မိဘတွေမှားရင်တော့သားသမီးတွေက အပြစ်သေးသေးလေးတောင် အကြီးကြီးလို့ထင်နေကြတာပါ ။တစ်ကယ်တော့ကိုယ်တို့သား သမီးတွေအားလုံးသိထားရမှာက ကိုယ့်မိဘတွေကလည်း လူထဲကလူတစ်ယောက်ပါပဲ။ အမှားနဲ့တော့ဘယ်ကင်းမလဲနော်...........။ခင်မင်လျှက်။

                                                                                             (လမင်းသစ်)

phoaung008 on 9/27/2009 says:

မင်းကိုယ်တိုင် အဖေတစ်ယောက် ဖြစ်လာတဲ့အခါ ပိုပြီးသိလာပါလိမ့်မယ်။

ဒါပေမဲ့ မင်းသိရမှာနောက်တစ်ခုက မိဘတိုင်းလဲ ဒီလိုမဟုက်ဘူးဆိုတာပါပဲ။

တချို့လူတွေက မကောင်းတဲ့ မိဘအဖြစ်ကိုရောက်မှန်းမသိေ၇ာက်သွားကြတာပါပဲ။

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← နှစ်လွန်းတင်တဲ့ကြိုး   Return to blog   ညရဲ့ကြွေသံ →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.