အတောင်ပံစုံရင် ပြန်ကျစတမ်းလား
Posted on 7/21/2009 by
mraungj
Tags: ကိုဇောင်း
လူရယ်လို့ဖြစ်လာကတည်းက ဘ၀များစွာရဲ့ မွန်းကြပ်မှုတွေကြားမှာ ရှင်သန်ကြီးပျင်းလာရသလိုပါပဲ…။ ဆန်ပြုတ်နဲ့ဖရုံသီးပြုတ်ကို မိန်ရည်ရှက်ရည်စားသောက်လာရတဲ့ အချိန်အခါတုန်းက ညအိပ်ရင် အနွေးထွေးဆုံးစောင်က ဂုန်နီအိတ်လေးပေါ့..။ မိသားစုအတွက် နဖူးကချွေး ခြေမကျလည်း ဂရုမစိုက်နိုင်အောင် လုပ်ကျွေးခဲ့တဲ့ အဖေ… အခုတော့ ပင်ပန်းမှုတွေကြားမှာ ကင်းဝေးစွာအနားယူသွားခဲ့လေပြီ။ မိုးလင်းလာတိုင်း ငှက်သိုက်ထဲက ပါးစပ်ဟပြီး အစာအော်တောင်းနေတဲ့ ငှက်ပေါက်လေးတွေလို တစ်ပူတစ်ဆာအော်နေကြတဲ့ သားသမီးတွေကို ကြည့်ပြီး မျက်ရည်ကျမိတဲ့ အမေ… အခုတော့ စိတ်မညစ်ပါနဲ့တော့ အမေ သားသမီးတွေအလှည့်ရောက်ပါပြီ အရိပ်ထဲမှာ ကောင်းမွန်စွာအနားယူပါတော့လား…။ အရွယ်ရောက်ရင် မိခင်ရင်ခွင်ကိုပစ်၍ အတောင်စုံရင်ပျံတဲ့ ငှက်တွေလို မလုပ်ဘူးဆိုတာ စိတ်ချပါယုံပေးပါအမေ…။ မိဘ အခြား နားခိုစရာမရှိ ဆိုသလို လူတစ်ယောက်မှာ တစ်ဦးတည်းသော မိနှင့်ဖ ဆိုတာပဲရှိတယ် အစားထိုးလို့မရနိုင်တော့ကြောင့်……… အစားထိုးလို့ မရနိုင်အရာသည် မိဘ “ဇောင်း”