ကိုင်းကလေးရဲ့..စေတနာ

Posted on 6/12/2009 by moechitthu_tgo

အချစ်ငှက်ကလေး

ပြန်လေဝေး ဟု

နှင်လည်းမထုတ်

သည်ကိုင်းလေးမှာ

မင်းပျော်သလောက်

နားနေလှည့်ပါ

ကာလရှည်ကြာ

ငြီးငွေ.လာတော့

ဒီရင်ခွင်မှ

ဖယ်ခွာပြန်ပြေး

လိုရာအရပ်

ခရီးနှင်ပါ

နာကျည်းကြေကွဲ

ဝမ်းနည်းခြင်းတွေ

ဒီကိုင်းကလေးမှာ

ထားရစ်ခဲ့ပါ

အကျည်းတန်လေးကတော့

အထီးကျန်စွာနေရစ်ခဲ့ရင်း

ကြေကွဲရုံသာ

မတားပါဘူးငှက်ကလေးရယ်။။။

 

 

 

Discussion

on 1/1/0001 says:
moechitthu_tgo on 6/28/2009 says:

ဟုတ်အစ်ကို...ဆက်ရေးပါ့မယ်နော်........................

sithu137 on 6/14/2009 says:

ကောင်းတယ်ညီမရေ...။ ခံစားချက်ကိုပေါ်လွင်စေတဲ့ကဗျာ ဘဲ

    ဆက်ပါအုံးညီမ.......

moechitthu_tgo on 6/14/2009 says:

ကျေးဇူးတင်ပါတယ်....ရှင်

october16 on 6/13/2009 says:

စာသားတွေက အရမ်းကောင်းပါတယ်။ ကြိုက်လည်းကြိုက်တယ်၊မြတ်လည်းမြတ်နိုးတယ်။

ခံစားချက်တွေကိုများရေးဖွဲ့ထားတာလားဟင် တကယ့်ကို အနှစ်သာရရှိပါတယ်။

နောက်လည်းအမြဲအားပေးချစ်ခင်နေမဲ့

 

 

october16

nan_ma_wa on 6/12/2009 says:

100/100

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
Return to blog   အကောင်းကိုဖြစ်စေအဆိုးကိုဖြစ်စေ… →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.