ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြသည့်သတင်း အန်အယ်လ်ဒီအတည်မပြုသေး
Posted on 8/26/2008 by
kyawthuaung1983
Tags: ပြည်တွင်းသတင်း
ပီတာအောင်/ ၂၆ သြဂုတ် ၂၀၀၈-
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေသည့် သတင်းများ ထွက်ပေါ်နေ
သည့်အပေါ် အတည်မပြုနိုင်သေးသော်လည်း စိုးရိမ်ပူပန်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)
က ပြောသည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဟံသာမြင့်က “ဆန္ဒပြနေတယ်ဆိုတဲ့သတင်းတော့ ကျနော်တို့ အတည်ပြုလို့မ
ရဘူး။ မဟုတ်ဘူးလို့ပဲထင်တယ်။ ဒါပေမယ့် စိုးတော့စိုးရိမ်နေတယ်။ အစားအသောက် မယူတော့ဘူးဆိုတဲ့ဟာလည်း
ကြားနေပါတယ်။ အရင်တုန်းကတော့ ကိုမြင့်စိုးဆိုတာ အမြဲတမ်းသွားပို့တယ်ပေါ့။ ဂိတ်မှာ လူချင်းလဲလိုက်တယ်ပေါ့။
ဒေါ်ခင်ဝင်းဖြစ်ဖြစ် ထွက်ယူတယ်။ ဘေးမှာလည်း အက်စ်ဘီက ရှိနေတာပေါ့။ ခြင်းတောင်းထဲမှာ ဘာမှမပါဘူးဆိုရင်
ဒေါ်ခင်ဝင်းက ယူမယ်၊ ယူပြီးနောက်တနေ့အတွက် ဘာဝယ်ပေးပါဆိုတဲ့ စာရင်းပေးတယ်။ ခုတော့ အဲဒါကို မယူတော့
ဘူးပေါ့ဗျာ။ ထွက်ပြီးတော့ ယူတဲ့လူမရှိတော့ဘူးလို့ကြားတယ်” ဟု ပြောသည်။
ထိုသို့ အစားအစာ ထွက်မယူသည်မှာ သတင်း (၂) ပတ်ခန့် ရှိပြီဟု ကြားသိရသော်လည်း မည်သည့်အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က အစားအစာ ထွက်မယူရခြင်းဖြစ်သည်ကိုမူ မသိရှိသေးကြောင်း အန်အယ်လ်ဒီ ပြောရေးဆို
ခွင့်ရှိသူ ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က အစားအစာ လက်မခံတော့သည်မှာ (၉) ရက်ရှိပြီဖြစ်ကြောင်း သြဂုတ် (၁၅) ရက်နေ့က
နောက်ဆုံးလက်ခံခဲ့ခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်
နယ်မြေ) က ယမန်နေ့၌ သတင်းထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ (၁၈) ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထူးကိုယ်
စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီနှင့်လည်း တွေ့ဆုံခဲ့ခြင်းမရှိချေ။: