စစ်တွေမြို့တွင် လုံခြုံရေး တိုးမြှင့်ချထား

Posted on 8/8/2010 by kyaukphru
Tags: သတင်း

8/4/2010

------------ မောင်အေး -------------

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်သား၊ ရဲ နှင့် အရပ်ဝတ် ထောက်လှမ်းရေးများကို မြို့နေရာ အနှံ့အပြားတွင် အာဏာပိုင်းများမှ တိုးမြှင့်ချထားကြောင်း စစ်တွေမြို့ခံများက ပြောသည်။ ယခုကဲ့သို့ လုံခြုံရေး ချထားလိုက်ခြင်းမှာ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ပရဟိတကျောင်းမှ အရှင် ပညာစာရအား ဖမ်းဆီးပြီး လူဝတ်လှဲကာ ချုပ်နှောင်ထားသည့် အပေါ် မြို့ခံများနှင့် ရဟန်းတော်များက မကျေနပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ဆူပူမှုများ ဖြစ်လာမည်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် လုံခြုံရေး တိုးမြှင့် ချထားခြင်း ဖြစ်ကြောင်း မြို့ခံတဦးမှ ပြောသည်။ လုံခြုံရေးကို စစ်တွေတွင် အချက်အချာကျသည့် ဆရာတော် ဦးဥတ္တမပန်းခြံ၊ အတုလ မာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးနှင့် လမ်းမကြီးတလျှောက်တွင် ဖြစ်ကြောင်း အဆိုပါ မြို့ခံမှ ပြောသည်။ စစ်တွေမြို့မှ အမည်မဖော်လိုသည့် အိမ်ရှင်မတဦကလည်း သူမြင်တွေ့ခဲ့သည့် မြင်ကွင်းကို ယခုကဲ့သို့ ပြောသည်။ “ဒီနေ့မြင်နေရတာတွေကတော့ အခြေနေမကောင်းဘူး။ ကျမဈေးသွားတဲ့အခါလည်း လမ်း တွေမှာအယင်လို လူတွေသိပ်မရှိ။ အခြေနေက ခါတိုင်းလို ပုံမှန် မဟုတ်ဘူး။”ဟုပြောသည်။ ဆရာတော် အသျှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့က စစ်တပ်မှလာရောက်ဖမ်းဆီးခဲ့ပြီး စစ်တပ်မှ ကြိုတင်ပြင်ဆင်ထားသည့် ပြစ်မှုများနှင့် စွပ်စွဲကာ လူဝတ်လဲပြီး စစ်တွေ ရဲစခန်း တွင် ချုပ်နှောင်ထားသည်။ စစ်တွေမြို့ရှိ နာမည်ကြီးစာသင်တိုက်တခုမှ စာသင်သားရဟန်းတော်တပါးကလည်း ယခုကဲ့ သို့ပြောသည်။ “လမ်းတွေမှာ စစ်သားတွေကိုတော့ တွေ့တယ်။ ဘာကြောင်းလည်းဆိုတာတော့ မသိဘူး။ သူတို့မှာ တခုခုအကြောင်းရှိမယ်လို့ ထင်တယ်။”ဟုပြောသည်။ အရှင်ပညာစာရ သီးတင်းသုံးရာ ဗုဒ္ဓ၀ိဟာရ ပရဟိတကျောင်းတွင် ပညာသင်ကြားနေကြသည့် မိဘမဲ့ကလေးတချို့ကိုစစ်တပ်မှ ရန်ကုန်နှင့်မန္တလေးဘက်သို့ အာဏာပိုင်များမှ ပို့ဆောင် လိုက်ပြီး ကျန်တချို့ကိုလည်း အာဏာပိုင်များမှထိမ်းသိမ်းထားကာ ကျောင်းကိုချိတ်ပိတ်ထား ကြောင်း သိရှိရသည်။ ယခုကဲ့သို့ အာဏာပိုင်များမှ အရှင်ပညာစာရအား အစီအစဉ်ရှိရှိ အမှုဆင်ဖမ်းဆီးလိုက်ခြင်းမှာ နောက်ကွယ်တွင် လူမျိုးရေးအရ ရည်မှန်ချက်များပါနေကြောင်း စစ်တွေမြို့တွင် သတင်းများ ထွက်ပေါ်နေသည်။ : ----------------------------------- ----------------------------------- ----------------------------------- : (နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

နိရဉ္စရာ သတင်းဌာနမှ

Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← စစ်တွေမြို့တွင် လုံခြုံရေး တင်…   Return to blog   ရခိုင်သမိုင်းသုတေသီ ဘုန်းကြီးေ… →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.