သမိုင်းတွင်တော့မယ့် အချစ်ဇတ်လမ့်း
Posted on 2/14/2010 by
europenmindonemin
Tags: သမိုင်းတွင်တော့မယ့် အချစ်ဇတ်လမ့်း
အံ့သြဖွယ် အချစ်ဇာတ်လမ်းတပုဒ်ကမ္ဘာကိုရိုက်
ခတ်သမိုင်းတွင်ရန်စတင်နေပေသည်။
ယောကျာင်္းတယောက်..သူ့ထက်အသက်ကြီးတဲ့မိန်းမတယောက်အချစ်တခုအတွက်
တားမြစ်နယ်မြေမှရုန်းထွက်..နှစ်ဦးထဲကမ္ဘာလေးကိုရာစုနှစ်တ၀က်ကျော်တည်
ဆောက်ခဲ့သည်..! နှစ်ယောက်ထဲနဲ့ဒို့ရဲ့တိုင်းပြည်ကို.....တည်ထောင်ကြမယ်...
အသက် ၇၀အရွယ် တရူတ်အမျိုးသားကြီးဟာ သေဆုံးသွားချိန်ထိ ၈၀ကျော်ပြီးတောင်ပေါ်ကလှိုင်ဂူထဲက
သူ့ ဇနီးတောင်အောက်အလွယ်တကူ ဆင်းနိုင်အောင်သူ့ ရဲ့ လက်တွေ
နဲ့ လှေခါးထစ်ပေါင်း၆၀၀၀ကျော်ကိုထုဆစ်ခဲ့တယ်....
လွန်ခဲ့တဲ့နှစ်၅၀ကျော်က လူကောင်းကျင်းဆိုတဲ့၁၉နှစ်အရွယ်ချာတိတ်လေးဟာ၂၉နှစ်အ
ရွယ်မုဆိုးမကလေး အမေဇူချောင်ကွင်းနဲ့မေတ္တာမျှခဲ့ကြတယ်လေ...
ကမ္ဘာကျော်ရှိတ်စပီးယားရဲ့ ၇ိုမီယို နဲ့  ဂျူးလိယက် ဇာတ်လမ်းထက် ပိုမိုဆိုးရွှားစွာလောကကြီး
ကိုရင်ဆိုင်ခဲ့ရတယ်..အဓိကကတော့ ဇူချောင်ကွင်းကကလေးအမေဖြစ်နေခဲ့လို့ပဲ.....
အဲဒီ အချိန်ကလူတွေရဲ့လက်မခံနိုင်တဲ့ စာရိတ္တပိုင်းဆိုင်ရာအယူအဆကတော့အသက်ငယ်ငယ်
ယောကျာင်္းဟာ အသက်ကြီးကြီးကလေးအမေကိုနှီးနွယ်မိခြင်းပါတဲ့...
အသိုင်းအ၀ိုင်းရဲ့အတင်းပြောခြင်း..မလေးမစားဆက်ဆံခြင်းတို့ကို ရှောင်ကွင်းဖို့တောင်ပိုင်းမှာ
ရှိတဲ့ကျောင်းကျင်ပြည်နယ်အပိုင်..ချူံကင်နယ်ထဲက တောင်တန်းတခုအပေါ်က ဂူထဲမှာ ကမ္ဘာလေး
တခုတည်ဆောက်ဖို့ဆုံးဖြတ်လိုက်ကြတယ်....
တောင်ပေါ်မှာသူတို့ရဲ့ဘ၀အစက ငရဲတခုလိုကြမ်းတမ်းခဲ့တယ်...စားစရာဆိုလို့မြက်နဲ့သစ်မြစ်
တွေပဲရှိတယ်..သူတို့ဘ၀အတွက်အလင်တန်းလေးတခု..ရေနံဆီမီးခွက်လေးကို"လူ''ကပြုလုပ်နိုင်
ခဲ့တယ်...""ဇူ""ကသူ့ကိုဖက်လှဲပြီးအထပ်ထပ်အခါခါမေးခဲ့တယ်..''မင်းစိတ်ထဲမှာဘယ်လိုခံစားရလဲ"
လူ..ကတော့အေးအေးပဲဖြေခဲ့တယ်..""ဖန်တီးမှုလေးတွေလုပ်နိုင်နေသရွေ့ဒို့ရဲ့ကမ္ဘာလေးတည်တံ့
နေစေရမယ်""
တောင်ပေါ်ရောက်ပြီးနောက်နှစ်မှာပဲ.. လု..ဟာ..ဇူတောင်အောက်ကိုအဆင်ပြေပြေဆင်းနိုင်အောင်
လှေခါးထစ်၆၀၀၀ကျော်ကိုနှစ်၅၀အတွင်းတယောက်ထဲပြုလုပ်ပေးခဲ့တယ်...
ရာစုနှစ်တ၀က် ကျော်ကြာပြီးနောက်၂၀၀၁မှာ တောတွင်းစူးစမ်းလေ့လာ သူတစုဟာ လက်နဲ့
လုပ်ထားတဲ့ တောင်လှေခါးထစ်တွေကတဆင့်..လူ..တို့ဇနီးမောင်နှံကိုရှာဖွေတွေ့ရှိခဲ့ကြတယ်..
လူ..တို့ မှာ စုစုပေါင်းကလေး ၇ယောက်ရှိတယ်၊ တယောက်ဖြစ်တဲ့..လူမင်စန်းက..အဖေနဲ့အမေဒီလုံခြုံ
တဲ့နေရာလေးမှာ တရက်မှမခွဲစတမ်းနေထိုင်သွားကြတယ်..အဖေဟာတောင်လှေခါးထစ်တွေကိုအမေ့
အတွက်ပြုလုပ်ပေးခဲ့ပေမဲ့ အမေကတောင်အောက်ကိုဆင်းလေ့ဆင်းထသိပ်မရှိခဲ့ပါဖူး....လို့ ပြောပြခဲ့ တယ်။
ဇနီး မောင်နှံဟာနှစ်၅၀ကျော်ကို ပြီးခဲ့တဲ့အပါတ်ထိငြိမ်းချမ်းစွာနေထိုင်ခဲ့ကြတယ်...၇၂နှစ်ရှိပြီဖြစ်တဲ့လူ..
ဟာ တောင်ယာအလုပ်ကိုပဲနေ့စဉ်ရပ်တည် မှု အတွက် သက်မွေးဝမ်းကျောင်းခဲ့တယ်...
သူ လက်ပေါ်မှာပဲသေဆုံးသွားတဲ့ ခင်ပွန်းသည်အတွက် ဇူဟာကြေကွဲဝမ်းနည်းစွာဆုတောင်းနေခဲ့တယ်.
အချစ်ကြီး ချစ်ခဲ့ကြတဲ့စုံတွဲ..သေဆုံးချိန်မှာ..ဇူ့လက်တွေကိုဆုပ်ကိုင်ထားတဲ့..လူ..ရဲ့လက်တွေကို
ဘယ်သူမှဖြေလို့မရခဲ့ကြဖူး...အမဲရောင်အခေါင်းပေါ်မှာခေါင်းတင်ပြီးပါးပြင်ပေါ်စီးကျနေတဲ့မျက်ရည်
တွေနဲ့ ဇူကအထပ်ထပ်အခါခါရည်ရွတ်နေခဲ့တယ်...
..လူ..မင်းကတိပေးခဲ့တယ်လေ..''ဂရုစိုက်ပါ့မယ်..ဇူသေသည်အထိအနားမှတဖွားမှမခွာပါဖူးဆို..
အခုတော့မင်းငါ့ကိုထားခဲ့မယ်ပေါ့..မင်းမရှိပဲ..ငါဘယ်လိုရပ်တည်ရမှာလည်း..လူ..ရယ်...""
၂၀၀၆ ခုနှစ်တရုတ် အမျိုးသမီးအပတ်စဉ်မဂ္ဂဇင်းက ဂန္ထ၀င်အမြောက်ဆုံးအချစ်ဇာတ်လမ်းဆယ်
ပုဒ်မှာတပုဒ်အဖြစ်ဂုဏ်ပြုခဲ့တယ်...ပြည်နယ်အစိုးရကလည်းအချစ်လှေခါးတွေနဲ့မောင်နှံနေခဲ့
တဲ့လှိုင်ဂူကိုပြတိုက်ပြုလုပ်လိုက်တယ်...
--
Mindonemin
Comment
Read article
Discuss
[2]
ကိုယ်ချစ်ရတဲ့သူကို အချစ်တွေ ပေးချင်လာပြီဆိုရင် တော့ အချစ်ရဲ့ဘာသာစကားတွေကို လေ့လာထား သင့်တယ်
Posted on 12/2/2009 by
europenmindonemin
Tags: ကိုယ်ချစ်ရတဲ့သူကို အချစ်တွေ ပေးချင်လာပြီဆိုရင် တော့ အချစ်ရဲ့ဘာသာ
အချစ်ဘာသာစကားများ
အချစ်ကြောင့် ကမ္ဘာကြီးဟာ လည်ပတ်နေတယ်လို့ အဆိုရှိပါတယ် ၊ နေရာတိုင်းမှာ
ကြည့်ပါ ၊ အချစ်နဲ့ ဆက်နွယ်နေတဲ့ အရာ တစ်ခုမဟုတ်တစ်ခုတော့ တွေ့ရမယ်တဲ့ ၊
အချစ်ဆိုတာ ကျနော်တို့ ရင်ထဲမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ ခံစားမှု
တစ်ခုပေါ့ ၊ ဒါပေမယ့် တခါတရံမှာ ဘယ်လိုဘယ်ပုံ ဆိုတာ ဖေါ်ပြရ ခက်နေတတ်ပါတယ်
၊ အဲဒီလိုပါပဲ တချို့သူတွေမှာ တော့ ကိုယ်က ချစ်နေပေမယ့် သိအောင်ပြဖို့ ၊
တစ်နည်းပြောရရင် အချစ်ကို ကောင်းမွန်စွာ ပေးဖို့ ဘာတွေလိုမယ်ဆိုတာ မသိပဲ
ဖြစ်နေတတ်ပြန်ပါသေးတယ် ၊ ကျနော့် သူငယ်ချင်း တစ်ယောက် ရှိတယ် သူကတော့
ချစ်တယ် ပြောနေတာပဲ ၊ ဒါပေမယ့် သူချစ်တဲ့ သူက ဘာကို ကြည့်ပြီး
သူချစ်တယ်ဆိုတာကို နားလည်ရမလဲ မသိဘူး ၊ သူချစ်တာကို လည်း မခံစား ရဘူး ၊
အဲဒီလိုတော့ မဖြစ်စေချင်ပါဘူး ။
ကိုယ့်စိတ်ထဲမှာပဲကိုယ် ကြိတ်ပြီး ချစ်နေရင်တော့ ကိုယ့်ရဲ့ ခံစားမှု
သီးသန့် အတွက်ပါပဲ ၊ ကိုယ့်ချစ်သူကို ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူကို
အချစ်တွေ ပေးချင်လာပြီဆိုရင်တော့ အချစ်ရဲ့ ဘာသာစကားတွေကို လေ့လာ
ထားသင့်ပါတယ် ၊ ကိုယ့်ရဲ့ ချစ်သူကလည်း အချစ်ကို ရရှိနားလည် နိုင်စေမယ့်
နည်းလေးတွေပေါ့ ၊ ဆန်းစစ်ကြည့်တဲ့ အခါမှာတော့ တကယ်ပဲ ချစ်သူ
နှစ်သက်စေမယ့် အချက်တွေဆိုတာ တွေ့ရတဲ့ အတွက် ချစ်လိုသူ
သူငယ်ချင်းများအတွက် ပြန်လည် ဝေငှပေးလိုက်ပါတယ် ။
အချစ်ရဲ့ဘာသာစကားတွေကတော့
၁. Give time .. အချိန်ပေးပါ
ကိုယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ အချိန်တွေထဲက မျှပေးဖို့ပါပဲ ၊ အတူ
ရှိနေနိုင်ရင်လဲ ရှိနေပေါ့ ၊ ရှိမနေနိုင်ရင်လည်း ဘယ်အချိန်မှာ လိုအပ်မလဲ
၊ သူလိုအပ်တဲ့ အချိန်မှာ ကိုယ်က အချိန်လေးပေးနိုင်ဖို့ ကြိုးစား
သင့်ပါတယ် ။ ချစ်သူတွေရဲ့ ကြားမှာ အချိန်မပေး နိုင်ခြင်းဟာလဲ ပြဿနာ
တစ်ခုပါ ၊ ဒါကြောင့် အချစ်ကို ပေးဖို့ ဆိုရင် အချိန်ကိုလဲ ပေးသင့်တယ်
ဆိုတဲ့ အချက်ကို သိထားသင့်ပါတယ် ။
၂. Give caring … ဂရုစိုက်မှုပေးပါ
ကိုယ့်ချစ်သူကို ဂရုတစိုက် ရှိရမှာ ဖြစ်ပါတယ် ၊ ကိုယ်ချစ်တဲ့သူက
ဂရုတစိုက် ရှိနေစေချင်တာ သဘာဝပါပဲ ၊ ဒါပေမယ့် လက်တွေ့မှာတော့ အမှတ်တမဲ့
ဖာသိဖာသာ ဖြစ်နေတတ်ပါတယ် ၊ အထူးသဖြင့် သူရဲ့ ခံစားချက်တွေကို
ဂရုစိုက်ပြီး နားလည်ပေးဖို့ပါပဲ ။
၃. Give help … အကူအညီပေးပါ
ကိုယ့်ချစ်သူကို ကိုယ်ပေးနိုင်တဲ့ အကူအညီလေးတွေ ပေးဖို့ပါ ၊
အသေးအမွှားလေးတွေပဲ ဖြစ်ဖြစ်ပေါ့ ၊ စိတ်ခံစားမှု ပိုင်းဆိုင်ရာမှာတော့
ထိရောက်ပါတယ် ၊ ကြင်နာမှု ကို ပြရာရောက်သလိုပဲ သူ့အတွက် ကြည်နူးပီတိ
ဖြစ်ရပါတယ် ။
၎. Give understanding and be happy နားလည်မှု ပေးပြီး ပျော်ရွှင်ပါစေ
ကိုယ်ချစ်သူကို နားလည်မှု ပေးပြီး ချစ်ပါ ၊ ချစ်တဲ့ နေရာမှာ
ကိုယ့်ချစ်သူဟာ လွပ်လပ်မှု ရှိစေဖို့ ဘောင်တွေ ကန့်သတ်ချက်တွေကို
ကျယ်ကျယ်လေးထားပေးပါ ၊ စည်းမျဉ်း ကန့်သတ်ချက်တွေက သိပ်ပြီး
ကျဉ်းကျပ်နေရင် အချစ်ခံရတဲ့ သူဟာ လွပ်လပ်မှု မရှိတဲ့ အတွက် အပြည့်အဝ
ပျော်ရွှင်နိုင်မှာ မဟုတ်သလို တခါတရံ မှာ စိတ်တောင် ညစ်သွားစေပါလိမ့်မယ် ။
၅. Give respect လေးစားမှု ပေးပါ
ကိုယ့်ချစ်သူဟာ ဘယ်လိုအခြေအနေ အဆင့်အတန်း မှာ ဖြစ်စေ ကိုယ်က ချစ်ပြီ
ဆိုရင်တော့ လေးစားမှုလေး ပေးပါ ၊ ကိုယ်က အရမ်း လွှမ်းမိုးနေတာမျိုး
မလုပ်ပဲ နဲ့ သူတည်ရှိနေမှုနဲ့ သူ့ရဲ့ အနေအထားလေးကို လည်း အသိအမှတ် ပြု
ပေးပါ ၊
၆. Give attention ( Pay attention to details ) … အာရုံစူးစိုက်မှုပေးပါ
ကိုယ်ချစ်သူဟာ ဘာကို နှစ်သက်တယ် ဘာကို မနှစ်သက်ဘူး စတဲ့ အသေးစိတ်
အချက်အလက် လေးတွေက စပြီး သိထားပါ ၊ အာရုံစူးစိုက်ပြီး မှတ်သားပါ ၊
သူကြိုက်တာကို လုပ်ပြီး မကြိုက်တာကို မလုပ်ပါနဲ့
၇. Give gifts …. လက်ဆောင်လေးတွေ ပေးပါ
တခါတရံ မှာတော့ လက်ဆောင်လေးတွေ ပေးတာဟာလဲ အချစ်ကို ပြသရာ ရောက်ပါတယ် ၊
သတိရ ခြင်းရဲ့ အထိန်းအမှတ် အဖြစ်ပေါ့ ၊ လက်ဆောင်သေးသေးလေးတွေပဲ ဖြစ်ပါစေ
တန်ဘိုးထား တတ်ကြပါတယ် ။
အရာဝတ္ထု တိုင်းမှာ တန်ဘိုး နှစ်မျိုး ရှိကြပါတယ် ၊ အဲဒါတွေကတော့ material
value နဲ့ sentimental value တို့ပါပဲ ၊ material value က ပစ္စည်းရဲ့ မူလ
တန်ဘိုး ဖြစ်ပြီးတော့ sentimental value ကတော့ အဲဒီပစ္စည်း အပေါ်မှာ
ခံစားတဲ့ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ရဲ့ တန်ဘိုးပါ ။
ချစ်သူက ထီးလေး တစ်လက်ကို လက်ဆောင်းပေးတယ် ဆိုပါစို့၊ နေပူထဲသွားလို့
အဲဒီ ထီးလေးကို ဆောင်းတဲ့ အခါမှ ပိုပြီး အေးတယ်လို့ ခံစားရကောင်း
ရနိုင်ပါတယ် ၊ ချစ်သူရဲ့ အမှတ်တရ ဖြစ်မှု ၊ ချစ်သူရဲ့ အမှတ်သင်္ကေတ ၊
ချစ်သူရဲ့ စေတနာ စတဲ့.. စတဲ့ ခံစားရခြင်းတွေ ပူးပေါင်းပါဝင်နေတာမို့
အဲဒီထီးလေးကို ... ရောင်းတဲ့ ဆိုင်ပေါ်ကအလားတူ ထီးတစ်လက် ထက်တော့ ပို
တန်ဘိုးထား ပါလိမ့်မယ် ၊ အဲဒီသဘောပါပဲ ။
ဒါကြောင့်မို့ ကိုယ့်အတွက် မပင်ပန်းစေမယ့် လက်ဆောင်လေးတွေ ပေးသင့်ပါတယ် ။
၈. Communication ဆက်သွယ်ပြောဆိုပါ
လူအချင်းချင်း ဆက်ဆံတဲ့ နေရာ မှာတောင် ပြောဆို ဆက်ဆံရေးဟာ အရေးကြီးပါတယ်
၊ ကိုယ့်ချစ်သူကို ကျတော့ ကိုယ်က ချစ်တဲ့ အကြောင်း ၊ သူဟာ ကိုယ့် အတွက်
လိုအပ်တယ် ဆိုတဲ့ အကြောင်း စတာတွေကို ပြောပေးရမှာ ဖြစ်ပါတယ် ၊
တချို့သူများဟာ ချစ်တယ်ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ ကြားချင်သလို သေချာ
စေချင်တဲ့ အတွက် မေးလဲ မေးလေ့ ရှိပါတယ် ၊ တစ်ယောက်နဲ့ တစ်ယောက်ကတော့
ပုံစံချင်းမတူဘူးပေါ့ ၊ ကိုယ့်ချစ်သူရဲ့ ဆန္ဒကို လိုက်ပြီး
ကိုယ်ခံစားချက်ကို သိအောင် ပြောပေးရမှာ ဖြစ်ပါတယ် ၊ အပိုတွေကို ညာဖြီး
အာရွှီးဖို့ ပြောတာ မဟုတ်ပါဘူး ၊ ချစ်တဲ့ အကြောင်းကို ပြောဖို့လဲ
လိုအပ်တယ် ဆိုတဲ့ အချက်ကလေးကို စားရင်းတို့ ပေးလိုက်တာပါပဲ ။
၉. Touching ထိတွေ့မှုတဲ့
ဒီအချက်က မြန်မာတော့ မဆန်ဘူး ၊ ဒါပေမယ့် ချန်ခဲ့ဖို့လဲ မကောင်းဘူး ၊
ဒါကြောင့် အောက်ဆုံးနားမှာ ထားပြီး ထည့်ပေးလိုက်ပါတယ် ။
တခါတရံ အားငယ်နေတဲ့ အခါမျိုးမှာ တစုံတယောက်က လက်ကို
ဖျစ်ညှစ်ဆုပ်ကိုင်ပြီး အားပေးစကား ပြောလာတဲ့ အခါ အားရှိသွားသလိုမျိုး
ခံစားရဖူးပါသလား ၊ ပုခုံးဖက်ပြီး ပေါင်းလာကြတဲ့ သူငယ်ချင်းတွေ ပါလို့
ပြောကြတာ ကြားဖူးပါသလား ၊ နွေးထွေးမှု ရင်းနှီးမှု စတဲ့
စိတ်ခံစားချက်တွေကို ခန္ဓာကိုယ်ရဲ့ ထိတွေ့ မှုတွေကနေ တစ်ဆင့်
ရရှိနိုင်ပါတယ် ။ နှလုံးကနေ ထုတ်လွှတ်တဲ့ စွမ်းအင်တွေကို ထိတွေ့မှုတွေကနေ
တစ်ဆင့် ကူးပြောင်း ရရှိနိုင်တဲ့ အကြောင်းတွေကို ကျနော် ဖတ်ရှုဖူးပါတယ် ။
ဒါကြောင့်မို့ လက်ကလေးကို ဆုပ်ကိုင်တာ ၊ ပုခုံးကိုဖက်တာ ၊ လက်မောင်းကို
ကိုင်တာ ၊ အကြင်နာပေးတာလေးတွေက အစပေါ့ ဒါလေးတွေကလဲ လိုအပ်ပါတယ် ။ အဓိက
ကတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ကြင်နာမှု
နွေးထွေးမှု စတဲ့ ခံစားရတာတွေကို ပြောချင်တာပါ ။
( ဒါကိုတော့ ကျနော်လည်းအားလုံး မသိဘူးဗျ ၊ သိတဲ့သူတွေက ဆက်ရေးပေးပါ )
ကဲ အချစ်ကို အဲဒီ ဘာသားစကားတွေနဲ့ ပြောဆိုမယ်ဆိုရင် ချစ်သူက
ကောင်းကောင်း နားလည်ပါလိမ့်မယ် ။ ကျနော်ပြောရဲပါတယ် ခင်ဗျားတို့
အကောင်းဆုံး အချစ်သမားတွေ ဖြစ်လာမယ် ..
စာရေသူအားကျေးဇူးအထူးတင်လျက်
Love Generation
Comment
Read article
Discuss
[1]
နှင်းတောင်ကြားက ပေးဆပ်မူ့တခုနဲ့ လျှို့ဝှက်ရင်ခုန်သံ
Posted on 12/2/2009 by
europenmindonemin
Tags: နှင်းတောင်ကြားက ပေးဆပ်မူ့တခုနဲ့ လျှို့ဝှက်ရင်ခုန်သံ
တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။
လေတစ်ချက်အဝေ့မှာ နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာယိမ်းကလို့...
လူသူအရောက်အပေါက်နည်းတဲ့ ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို
ကြီးစိုးဝါးမြိုထားကြတယ်။
မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း
ရွေ့လျားနေတယ်။ သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ
နှင်းမုန်တိုင်းမိခဲ့လို့ လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က
တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ
ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို ကောင်လေးစခဲ့တာဖြစ်တယ်။
နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ
စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့
နှင်းထဲကနေ ရှေ့ကိုဆက်သွားနေခဲ့တယ်။
နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း
ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင်
အေးခဲနေခဲ့တယ်။ လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို
သူတို့ရှာမတွေ့ခဲ့ဘူး။ အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက
အစားအစာတွေ မလုံလောက်တာဖြစ်တယ်။ ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့
အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို ထိန်းချုပ်စေခဲ့တယ်။
တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို
ထိခိုက်မိသွားခဲ့တယ်။ ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ ကောင်လေးက
ကောင်မလေးကို ကျောပိုးပြီး ရှေ့ဆက်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။
ကောင်လေးတစ်ယောက်တည်း ရှေ့ဆက်ပြီး ထွက်ပေါက်တွေ့မှ ကောင်မလေးကို
ပြန်လာကယ်ဖို့က လွဲပြီး တစ်ခြားနည်းမရှိခဲ့ဘူး။ ကောင်မလေးအတွက်
ရွက်တဲတစ်ခုကို ကောင်လေးဆောက်ပေးလိုက်တယ်။
အစာစားချိန်မှာ ကောင်မလေးက ကောင်လေးကို "ကိတ်ခြောက် ၈ချပ်ကျန်သေးတယ်။
တစ်ယောက် ၄ချပ်စီ စားရအောင်.. ရေနွေးကြိုလိုက်ပါလား" လို့ ပြောလိုက်တယ်။
ကောင်လေး ရေကြိုနေတုန်းမှာ ကောင်မလေးက ကိတ်ခြောက်တွေကိုခွဲပြီး
အိတ်ကိုယ်စီထဲ ထည့်လိုက်တယ်။ တအောင့်ကြာမှာ ကောင်လေး ပြန်ဝင်လာပြီး
ကောင်မလေးကို "ငါ ချက်ချင်း ပြန်လာခဲ့မယ်။ စောင့်နေနော် " လို့မှာပြီး
ထွက်သွားခဲ့တယ်။
အဲဒီအချိန်ထိ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း
ဖွင့်မပြောကြသေးဘူး။ ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ယောက်က ခွဲထွက်သွားရင်
ဒီခွဲခွာခြင်းက ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့ ခွဲခွာခြင်းပဲဖြစ်တယ်။
တကယ်လို့ ရင်ထဲက အချစ်တွေကို ဖွင့်ပြောပြီးမှ သူတို့နှစ်ယောက်ထဲက
တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်နိုင်မယ်ဆိုရင် ကျန်ရစ်ခဲ့သူက
ဘဝတစ်လျှောက်လုံးမှာ သွားလေသူကို အောင်းမေ့တမ်းတနေတော့မယ်။ ရင်ထဲက
အချစ်တွေကို ထုတ်ဖော်မပြောဘဲ ခွဲထွက်သွားရင် ပိုကောင်းလိမ့်မယ် ထင်ပါတယ်။
ကောင်မလေးအတွက် အိပ်ရာအိတ်ကို ကောင်လေးဖြန့်ခင်းပေးပြီး နေရာကနေ
သူလှည့်ထွက်လာခဲ့တယ်။ ကောင်မလေးကို ပြန်လာကယ်ဖို့ လမ်းနေရာတိုင်းကို
ကောင်လေး အမှတ်အသားလုပ်ခဲ့တယ်။
နှင်းတောထဲမှာ စမ်းတဝါးဝါး ရှေ့ဆက်ရင်း နောက်ဆုံးမှာ ကောင်လေး
အားပြတ်ပြီး လဲကျသွားခဲ့တယ်။ သတိမလစ်ခင်မှာ ကောင်မလေးကို သူသတိရနေမိတယ်။
"သူ့အစာရေစာတွေ လုံလောက်ပါ့မလား? သူတောင့်ခံနိုင်ပါ့မလား?"
သတိရလို့ နိုးလာတဲ့အချိန် ကယ်ဆယ်ရေး ရွက်တဲထဲ သူရောက်နေတာကို
ကောင်လေးသတိထားလိုက်မိတယ်။ တောင်တက်ဖို့ ထွက်သွားပြီး ရက်အတော်ကြာ
ပြန်မလာတဲ့ သူတို့ကို မိတ်ဆွေတွေက ကယ်ဆယ်ရေးအကူနဲ့ နှင်းတောထဲ
ဝင်ရှာခဲ့တာဖြစ်တယ်။ ကယ်ဆယ်ရေးအဖွဲ့က ကောင်မလေးကို အရင်ရှာတွေ့တာဖြစ်ပြီး
ကောင်လေးအမှတ်အသား လုပ်ခဲ့တဲ့ လမ်းနောက် လိုက်ခဲ့လို့
သေလုမျောမျောဖြစ်နေတဲ့ ကောင်လေးကိုတွေ့ခဲ့တာဖြစ်တယ်။
ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကုသပြုစုမှုကြောင့် ကောင်လေးရဲ့ကိုယ်အပူချိန်တွေ
တက်လာခဲ့တယ်။ သတိရရချင်း ကောင်မလေးကို သူမေးခဲ့တယ်။ ဘယ်သူကမှ သူ့အမေးကို
ပြန်မဖြေခဲ့ကြဘူး။ နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်က စိတ်မကောင်းတဲ့
လေသံနဲ့
"သူမရှိတော့ဘူး... ရေကြိုဖို့ထွက်သွားပြီးနောက် တဲထဲကို ပြန်ဝင်ဖို့
သူအားပြတ်ခဲ့တယ် ထင်တယ်။ နှင်းပြင်မှာ အေးခဲပြီးသေနေတာကို ကျွန်တော်တို့
တွေ့လိုက်ရတယ်" လို့ ပြောလိုက်တယ်။
အဖြစ်အပျက် ၃နှစ် လွန်မြောက်ပြီးနောက် တခြားကောင်မလေးတစ်ယောက်နဲ့
ကောင်လေး မင်္ဂလာဆောင်ခဲ့တယ်။ နှင်းတောထဲမှာ သေဆုံးခဲ့တဲ့ ကောင်မလေးကြောင့်
စိတ်ထိခိုက်ခဲ့တဲ့ ကောင်လေးကို ဒီကောင်မလေးက အားပေးဖေးမခဲ့တာဖြစ်တယ်။
ကောင်လေးကို ကယ်ဆယ်ခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်လည်း ဒီမင်္ဂလာပွဲကို
လာခဲ့ပါတယ်။ မင်္ဂလာပွဲပြီးနောက် အဖွဲ့ခေါင်းဆောင်က သင်္ချိုင်းတစ်ခုကို
ရောက်လာခဲ့တယ်။ အုတ်ဂူတစ်ခုရှေ့ရပ်ပြီး ဂူပေါ်မှာကပ်ထားတဲ့ ဓာတ်ပုံကို
သူကြည့်လိုက်တယ်။ ဓာတ်ပုံထဲက ပြုံးရွှင်နေတဲ့ ကောင်မလေးကို ကြည့်ပြီး.....
"စိတ်ချပါတော့..သူမင်္ဂလာဆောင်သွာ
းပါပြီ။ သူပျော်ရွှင်နေပါတယ်...
ကောင်းကင်ဘုံမှာ စိတ်ချချ နေပါတော့ကွယ်" လို့ ပြောလိုက်တယ်။
တကယ်တော့ ကောင်မလေးက အေးခဲပြီး သေသွားတာ မဟုတ်ပါဘူး။ ကယ်ဆယ်ရေးအဖွဲ့
ရောက်သွားချိန် ရွက်တဲအိပ်ရာထက်မှာ သူလဲလျောင်းနေတာကို တွေ့ခဲ့ရတယ်။
ကောင်လေးခင်းပေးခဲ့တဲ့ အိပ်ရာထက်မှာ သူတစ်ဖဝါးမှ မခွါရက်ခဲ့ပါဘူး။
ဆာလောင်ပြီး သူသေဆုံးခဲ့တာဖြစ်တယ်။ သူ့အိတ်ထဲ ရှာဖွေကြည့်တော့
ကိတ်ခြောက်အစား ကျောက်ခဲတစ်ချို့ပဲ တွေ့ခဲ့ရတယ်။ တကယ်ဆို ကိတ်ခြောက်တွေက
၈ချပ်မကျန်ဘဲ ၄ချပ်ပဲ ကျန်ခဲ့တာဖြစ်တယ်။ ကောင်လေးကို သူတကယ်
ချစ်မြတ်နိုးခဲ့မိလို့ ကိတ်ခြောက်အားလုံး ကောင်လေးကို
ခွဲဝေပေးခဲ့တာဖြစ်တယ်။
ကယ်ဆယ်ရေးခေါင်းဆောင် သူ့ကိုတွေ့ခဲ့ချိန်မှာ သူတစ်ကိုယ်လုံး
အေးစက်တောင့်တင်းနေပါပြီ။ သူ့လက်ထဲမှာ စာရွက်တစ်ရွက်ကို တင်းတင်းလေး
ဆုတ်ကိုင်ထားတယ်။
"သူပြန်လာချိန်ထိ ကျွန်မတောင့်ခံနိုင်တော့ မဟုတ်ဘူး။ သူ့ကို
ပြောမပြပါနဲ့... သူ့ဘဝနဲ့သူ ပျော်ရွှင်နေပါစေ"
အချစ် ဘာကြောင့် လှပရသလဲ?
အချစ်လှပရခြင်းက မပြည့်စုံခြင်းကြောင့် ဖြစ်မယ်ထင်တယ်။
လူတစ်ချို့က လျှို့ဝှက်ချက်တစ်ခုကို ဘဝတစ်ခုလုံးနဲ့ သိမ်းပိုက်ထားခဲ့တယ်....
Comment
Read article
Discuss
[3]
အချစ်ပရိုဂရမ်ကိုတပ်ဆင်ခြင်း ဆော့ဝဲလ်ရမ်း(run)ထည့်ခြင်း။
Posted on 11/29/2009 by
europenmindonemin
Tags: အချစ်ပရိုဂရမ်ကိုတပ်ဆင်ခြင်း ဆော့ဝဲလ်ရမ်း(run)ထည့်ခြင်း။
အချစ်ပရိုဂရမ်ကိုတပ်ဆင်ခြင်း
အင်ဂျင်နီယာ-----"ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ။"
ဧည့်သည်-------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။
ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။
အင်ဂျင်နီယာ-----"ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။"
ဧည့်သည်-------"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကိုသိပ် နားမလည်လို့ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"
အင်ဂျင်နီယာ----"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို
ရှာတွေ့ပြီလား။"
ဧည့်သည်------"တွေ့ပါပြီ။ဒါပေမဲ့တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ
တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ
ရှိနိုင်လား။"
အင်ဂျင်နီယာ----"ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။"
ဧည့်သည်------"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို
ဝန်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။
အင်ဂျင်နီယာ-----"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင် လိုက်တာနဲ့ အချစ်
ဒဏ်ရာဟောင်းကို စစ်စတန်(system) ကနေ ဖျက်လိုက်မှာပါ။ အဲဒီ ဒဏ်ရာဟောင်းက
မှတ်ဥာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိုက်မယ်။ ဒါပေမဲ့ တခြား
ပရိုဂရမ်တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာ ရှိတဲ့
ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။
မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင်
အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား "
ဧည့်သည်-------"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"
အင်ဂျင်နီယာ----"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။
မနာလို ၀န်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ
ထပ်သလဲလဲရမ်းပေးပါ"
ဧည့်သည်--------"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန်
ဟုတ်ပါသလား"
အင်ဂျင်နီယာ-----"ဟုတ်ပါတယ်…ဒါပေမဲ့ ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတယ်။
အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့်
ထပ်တိုးသွားနိုင်တယ်။"
ဧည့်သည်--------"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား?
အချစ်ပရိုဂရမ်ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"
အင်ဂျင်နီယာ-----"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ
အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို
တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"
ဧည့်သည်-------"ဒါဆို ဘယ်လိုလုပ်ရမလဲ။"
အင်ဂျင်နီယာ----"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက
"ကိုယ့်ကို ခွင့်လွတ်မူ" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မူ" နဲ့
"ကိုယ်လိုချင်တဲ့ ကန့်သတ်မူ" ဆိုတဲ့ ဖိုင်တွေကို ကော်ပီလုပ်ပြီး
ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်တွေကို ဖုံးသွားမှာပါ။
ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်ပစ်လိုက်ပါ။ နောက်ပြီး(recycle bin)ထဲက
ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"
ဧည့်သည်-----"အင်း..ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်အသစ်လေးတွေ ထွက်လာတာ
မြင်နေရပြီ...စခရင် မျက်နှာပေါ်မှာ အပြုံးလေးတွေ တွေ့နေရပြီ။
"တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က နှလုံးသားမှာ အပြည့်
ကော်ပီကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"
အင်ဂျင်နီယာ-----"ပုံမှန်ပါပဲ...တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။
တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့
ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပြီ။
အချစ်ဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ဆောင်ထားသင့်တဲ့ ဖရီးဆော့ဝဲလ်တစ်ခုလို့ ..... ကျွန်တော်ပြောဖို့ မေ့သွားတယ်။ အဲဒီ ဆော့ဝဲလ်နဲ့ သူ့ထဲကဖိုင်တွေကို တခြားလူနဲ့ မျှဝေဖို့ မမေ့ပါနဲ့။ အဲဒီ လူတွေကလည်းတခြားလူတွေကို ထပ်ပြီး မျှဝေပေးကြမှာပါ။ နောက်ဆုံး အရမ်းကောင်းတဲ့
ဖိုင်တစ်ချို့ ကိုယ့်စီ ပြန်ရောက်လာမှာပါ"
အချစ်ရနံ့များနဲ့အတူမေးလ်၏ ရိုက်ခတ်သံမျ
Read article
Discuss
[2]
အဖြည့်ခံ ခရမ်းရောင်ပန်းနွယ်လေး ဘဝ
Posted on 11/28/2009 by
europenmindonemin
Tags: အဖြည့်ခံ ခရမ်းရောင်ပန်းနွယ်လေးဘဝ
ံတစ်ခါက လူငယ်လေးတစ်ယောက်ဟာ…ပန်းဥယျာဉ်လေးတစ်ခု တည်ဆောက်ဖို့
ဆုံးဖြတ်လိုက်တယ်တဲ့။
သူဟာအရင်ဆုံး ရေနဲ့ လဲနီး မြေဆီမြေသြဇာလဲ ကောင်းတဲ့နေရာတစ်ခုမှာ
မြေကွက်လပ်ကျယ်ကျယ်လေးတစ်ခုဝယ်လိုက်တယ်။
နောက်…မြေကွက်လပ်ရဲ့ ထောင့်နေရာမှာ သူနေဖို့ တဲလေးတစ်လုံးထိုးလိုက်တယ်။
ပြီးတော့…သူက ဘာဆက်လုပ်ရမလဲစဉ်းစားတယ်။
ပထမဆုံး သူရဲ့ ဥယျာဉ်လေးကို အပြင်လူတွေမနှောက်ယှက်နိုင်အောင်
ခြံစည်းရိုးခတ်ရမယ်ပေါ့။
အဲဒါနဲ့ သူကိုယ်တိုင်း ၀ါးတွေခုတ်တယ်…နောက် ၀ါးလုံး ၀ါးခြမ်းတွေနဲ့
သူပိုင်မြေကွက်လေးကို ခြံစည်းရိုးခတ်လိုက်တယ်ပေါ့။
ခြံစည်းရိုးခတ်ပြီးသွားတဲ့အခါ လူငယ်လေးက စဉ်းစားတယ်။
ဒီဝါးခြံစည်းရိုးဟာ…နောက်ဖြစ်လာမယ့် သူ့ ရဲ့ ဥယျာဉ်လေးနဲ့ မလိုက်ဖက်ဘူးပေါ့။
ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း လူငယ်လေးဟာ တောထဲကိုထွက်လာခဲ့တယ်။
တစ်နေရာအရောက်မှာ…သစ်ပင်ကြီးတစ်ပင်ကို တွယ်တက်ပြီးပေါက်နေတဲ့ အရမ်းလှတဲ့
ခရမ်းရောင်ပန်းတွေကို သတိထားမိသွားတယ်။
ခရမ်းရောင်ပန်းတွေက နွယ်ပင်ကနေ ပေါက်နေတာပဲ။
နွယ်ပင်ရဲ့ ပင်စည်မှာလဲ ချွန်မြတဲ့ ဆူးတွေနဲ့ ။
အဲဒီ ပန်းနွယ်ပင်တွေကိုကြည့်ပြီး လူငယ်လေးကအကြံတစ်ခုရသွားတယ်။
သူ့ ရဲ့ ၀ါးခြံစည်းရိုးပေါ်ကနေမံပြီး ဆူးပါတဲ့ ပန်းနွယ်ပင်စိုက်ရမယ်ပေါ့။
ဒါဆို သူရဲ့ ပန်းဥယျာဉ်ကြီးနဲ့ လဲလိုက်ဖက်မယ်….သူ့ ဥယျာဉ်ကြီးကို
နှောက်ယှက်မယ့်သူတွေရန်ကလဲ ကာကွယ်ပြီးဖြစ်မယ်လေ။
အဲဒါနဲ့ သူက…နွယ်ပန်းခြုံကြီးကနေ အပင်ပေါက်လေးတစ်ခု ယူလာခဲ့တယ်။
နွယ်ပင်ပေါက်လေးကတော့ပျော်လို့ ပေါ့။
ဘယ်သူ့ ကမှသူ့ ကို အခုလို တယုတယ စိုက်ပျိုး ဖို့ ယူမသွားခဲ့ဖူးဘူးလေ။
လူငယ်လေးက နွယ်ပင်ပေါက်လေးကို ယူသွားပြီး ခြံစည်းရိုးရဲ့ ထောင့်တစ်နေရာကနေ
စပြီးစိုက်တယ်။
ဒီအပင်လေးဟာ သူ့ အတွက်တော့ ပထမဆုံးပန်းပင်လေးပဲလေ။
နေ့ တိုင်း နွယ်ပင်ပေါက်လေးကို ရေလောင်း မြေဆွ မြေသြဇာထည့်ပေးတယ်။
ပြီးတော့ မြေရိုင်းဖြစ်နေတဲ့ သူ့ ရဲ့ မြေကွက်လပ်ကိုလည်း ပန်းပင်အမျိုးမျိုး
စိုက်လို့ ရအောင် ပေါင်းသင် မြေဆွပေးတယ်။
တောထဲမှာ အကြမ်းပတမ်းရှင်သန်နေရတဲ့ နွယ်ပင်လေးဟာ အခုလို ကရုတစိုက်
ရေလောင်းမြေဆွပေးတော့ တရှိန်ထိုးကြီးထွားလာတာပေါ့။
အရွက်တွေလဲ ဖားဖားဝေေ၀၊ ပင်စည်က ဆူးတွေကလဲ ချွန်မြလို့ ။
ဝါးခြံစည်းရိုးကို ဖြန့် ကျက်ခြုံလွှမ်းလို့ သူ့ သခင် ဥယျာဉ်မှုးလေးရဲ့ ခြံ
ကိုအစွမ်းကုန်ကာကွယ်ပေးဖို့ ဆုံးဖြတ်ချက်ချထားလေရဲ့ ။
နွယ်ပင်လေး ခြံစည်းရိုးတစ်လျှောက်ကြီးထွားလာတာနဲ့ အမျှ လူငယ်လေးရဲ့ ခြံဟာလဲ
ပန်းပင်တွေ စိုက်ပျိုးဖို့ အဆင်သင့်ဖြစ်လာပြီလေ။
ဒါနဲ့ တစ်နေ့ တော့ လူငယ်လေးဟာ မြို့ ကိုတက်ပြီး ပန်းမျိုး စေ့တွေသွားဝယ်တယ်။
လူငယ်လေးမရှိတဲ့အချိန်မှာ နွယ်ပင်လေးဟာ သူ့ ရဲ့
တာဝန်ကိုအစွမ်းကုန်ထမ်းဆောင်ပြီး ခြံကို ကာကွယ်စောင့်ရှောက်ရင်းကျန်ခဲ့ပါတယ်။
၃ ရက်လောက်ကြာတော့ လူငယ်လေးက မြို့ ကပြန်ရောက်လာတယ်။
မျိုးစေ့ထုပ်တွေနဲ့ ၀မ်းသာနေတဲ့ လူငယ်လေးဟာ သူ့ ရဲ့ နွယ်ပင်လေးကိုတောင်
နှုတ်မဆက်အားပဲ မေ့လျော့နေခဲ့ပါတယ်။
အဲဒါကြောင့် သူရဲ့ နွယ်ပင်လေးမှာ ခရမ်းရောင် ပန်းပွင့်လေးတွေ
စပွင့်နေပြီဆိုတာကို သူသတိမထားမိခဲ့ဘူး။
နောက်နေ့ တွေလဲ လူငယ်လေးဟာ ပေါင်းသင်မြေဆွထားတဲ့ မြေပေါ်မှာ သူဝယ်လာတဲ့ ပန်း
မျိုးစေ့တွေကျဲရင်းအလုပ်များနေခဲ့တယ်။
နွယ်ပင်လေးကို ရေလောင်းဖို့ နေနေသာသာ လှည့်တောင်မကြည့်ဖြစ်ခဲ့ပါဘူး။
ဒါပေမယ့်လည်း သန်မာနေပြီဖြစ်တဲ့ နွယ်ပင်လေးဟာ
လူငယ်လေးအလုပ်များနေတာကိုကြည့်ပြီး ကြည်နူးရင်းနဲ့ ဆက်ကြီးထွားလာခဲ့တယ်။
တစ်နှစ်လောက်ကြာတဲ့အခါ လူငယ်လေးရဲ့ ခြံလေးဟာ ပန်းတွေအစုံအလင်နဲ့ အရမ်းလှတဲ့
ဥယျာဉ်လေးတစ်ခုဖြစ်လာခဲ့တယ်။
ခြံစည်းရိုးတစ်ခုလုံးလဲ ခရမ်းရောင်ပန်းနွယ်တွေနဲ့ လွှမ်းခြုံ လို့ ဥယျာဉ်ကြီးနဲ့
အရမ်းကို ပနံရနေခဲ့တယ်။
ပတ်ဝန်းကျင်ကလူတွေကလဲ ခရမ်းရောင်ခြံစည်းရိုးကြီးကိုကြည့်ပြီး လူငယ်လေးရဲ့
ဥယျာဉ်ကို ခရမ်းရောင် ဥယျာဉ်လို့ နာမည်ပေးထားကြတယ်။
ဒါပေမယ့် ပိုင်ရှင်လူငယ်လေးကတော့…သူ့ ခြံစည်းရိုးက နွယ်ပင်လေးကို
သတိတောင်မထားမိပါဘူး။
သူ့ ခြံထဲက မျိုးကောင်းမျိုးသန့် ပန်းတွေနဲ့ ပဲအလုပ်များနေခဲ့တယ်။
ခြံစည်းရိုးပေါ်က နွယ်ပင်လေးခမျာသူ့ ကိုကရုမစိုက်တော့လဲ လူငယ်လေးကို
အပြစ်မတင်ရက်ပါဘူး။
တောထဲကနေ ခေါ်လာပြီး ခြံစည်းရိုးပေါ်မှာနေရာပေးခဲ့တာကိုပဲ ကျေးဇူးတင်နေပြီး
ဥယျာဉ်ကြီးကို အစွမ်းကုန်ကာကွယ်ပေးနေခဲ့တယ်။
တစ်နေ့ တော့လူငယ်လေးက တွေးမိတယ်။
သူ့ ရဲ့ အရမ်းလှတဲ့ ဥယျာဉ်ကြီးကို ပတ်ဝန်းကျင်ကိုပြချင်တယ်။
ဒီဥယျာဉ်ကြီးအတွက်နဲ့ ဂုဏ်ယူချင်တယ်။
ပတ်ဝန်းကျင်က လူတွေက ခရမ်းရောင် ဥယျာဉ်လို့ ခေါ်တာကိုတောင် သဘောမတွေ့ တော့ဘူး။
သူ့ ဥယျာဉ်ထဲမှာက ပန်းရောင်စုံရှိနေတာပဲလေ…
အဲဒီတော့ ခြံစည်းရိုးက နွယ်ပင်တွေကို မကြိုက်တော့ဘူး…ရှုပ်တယ်လို့ မြင်လာတယ်။
သူ့ ဥယျာဉ်ကြီးရဲ့ အလှကို ဖုံးကွယ်ထားတယ်လို့ မြင်လာတယ်…နွယ်ပင်တွေကြောင့်
ခြံထဲမှာ အလင်းရောင်နည်းနေတယ်လို့ ခံစားလာရတယ်။
ဒါနဲ့ တစ်နေ့ တော့ ဒါးတစ်ချောင်းနဲ့ နွယ်ပင်တွေအကုန်ခုတ်ချပါလေရော။
ဒီနွယ်ပင်တွေဟာ သူ့ ရဲ့ ပထမဆုံးပန်းပင်ဆိုတာကိုလဲ မေ့သွားတယ်
သူ့ ဥယျာဉ်ကြီးကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာကိုလဲ မေ့သွားတယ်။
နွယ်ပင်လေးကတော့ ဘာတတ်နိုင်မှာလဲ….
ရင်နာရင်းနဲ့ ပဲ….သူချစ်တဲ့ သခင်ရဲ့ ဒါးချက်အောက်မှာ အကိုင်းအခက်တွေ
တိခနဲတိခနဲ…
မကြာခင်မှာပဲ ၀ါးခြံစည်းရိုးကို ဖုံးထားတဲ့ နွယ်ပင်ရဲ့
အကိုင်းအခက်တွေအကုန်ကုန်သွားပြီး ၀ါးခြံစည်းရိုးပဲကျန်ခဲ့တယ်။
ဥယျာဉ်တစ်ခုလုံးလဲ လင်းသွားပြီး လူငယ်လေးလဲ ကျေနပ်သွားတော့တယ်။
နောက်ရက်တွေကျတော့ လူတွေက…၀ါးခြံစည်းရိုးကြားကနေမြင်နေရတဲ့ လူငယ်လေးရဲ့
ဥယျာဉ်ကို ပိုချီးမွမ်းကြတယ်။
အနားက ဖြတ်သွားတဲ့ လူတိုင်း ဥယျာဉ်ကြီးကို ရပ်မကြည့်ရရင် မနေနိုင်အောင်ကို
ဥယျာဉ်ကြီးကလှပါတယ်။
လူငယ်လေးကလဲ သူ့ ဥယျာဉ်အတွက်အရမ်းကို ဂုဏ်ယူနေခဲ့တယ်။
တစ်ရက်တော့ လူငယ်လေးဟာ သူ့ ဥယျာဉ်အတွက် လိုအပ်တဲ့ မြေသြဇာတွေဝယ်ဖို့ မြို့
ကိုသွားရတယ်။
ဥယျာဉ်ကြီးကိုတော့ အိမ်နီးချင်းတွေလက်ထဲအပ်ထားခဲ့ရတာပေါ့။
ဒါပေမယ့် မကြာခင်ပဲ ဥယျာဉ်ကြီးနားကို နမော်နမဲ့ နိုင်တဲ့
ဆိတ်ကျောင်းသားတစ်ယောက်ရဲ့ ဆိတ်အုပ်တစ်အုပ်ရောက်လာခဲ့တယ်။
ဆာလောင်နေတဲ့ စည်းမဲ့ကမ်းမဲ့ဆိတ်တွေအတွက်တော့ ဥယျာဉ်ထဲက
ရွက်နုပွင့်နုလေးတွေဟာ…အရမ်းကိုဆွဲဆောင်အားကောင်းနေခဲ့တာပေါ့။
ခါတိုင်း သူတို့ ကိုတားဆီးနေတဲ့ ဆူးနွယ်ပင်တွေလဲမရှိတော့ဘူးဆိုတော့
ဝါးခြံစည်းရိုးကိုအတင်းတိုးပြီးဝင်ကြတယ်။
ဝါးခြံစည်းရိုးက ဆာလောင်နေတဲ့ ဆိတ်တွေရဲ့ ဒဏ်ကိုဘယ်ခံနိုင်မလဲ။
ဆိတ်တွေရဲ့ တွန်းထိုးမှုအောက်မှ လဲကျ ကျိုးပျက်သွားတယ်။
ခြံစည်းရိုးလဲ ကျိုးသွားရောဆိတ်တွေဟာ ဥယျာဉ်ထဲဝင်ပြီးထင်တိုင်းကျဲတော့တာပါပဲ။
ပျိုးပင်လေးတွေကို နင်းခြေကြတယ်၊ ပန်းပွင့်တွေကို ၀ါးမြိုကြတယ်၊ ရွက်နုတွေကို
စားသောက်ကြတယ်။
စားလို့ မရတဲ့ အပင်တွေအကိုင်းတွေကျတော့ ကိုယ်လုံးတွေနဲ့
တွန်းတိုက်ချိုးဖဲ့ကြတယ်။
ဆိတ်အုပ်ကြီးဟာ စားသောက်သောင်းကျန်းလို့ ၀မှ ဥယျာဉ်ထဲကနေ ပြန်ထွက်သွားကြတယ်။
ဥယျာဉ်မှုးလူငယ်လေးပြန်ရောက်လာတဲ့ အခါမှာတော့ မမြင်ရက်စရာ မြင်ကွင်းက
ဆီးကြိုနေပါတယ်။
တာဝန်ပေါ့လျော့ပြီး စောင့်ကြည့်ဖို့ မေ့နေခဲ့တဲ့ အိမ်နီးချင်းတွေလဲ
ဘာမှမပြောနိုင်ကြပါဘူး။
ဥယျာဉ်ကြီးရဲ့ ခြံစည်းရိုးက လဲကျ ကျိုးပျက်နေတယ်။
ခြံထဲမှာလဲ….အပင်ကျိုးတွေ၊ အပွင့်ကြွေတွေ၊ အရွက်ကြေတွေနဲ့ ရှုပ်ပွ ညစ်ပတ်နေတယ်။
ဥယျာဉ်မှုးလေးဟာ မူးမေ့လဲကျသွားမတတ်ခံစားလိုက်ရပါတယ်။
သူအရမ်းတန်ဖိုးထား မြတ်နိုးရတဲ့ ဥယျာဉ်ကြီးဟာ အခုတော့
အမှိုက်ပုံတစ်ခုလိုဖြစ်နေပါပြီ။
ဒါပေမယ့်လဲ…ဖြစ်တာက ဖြစ်ပြီးသွားပြီမို့ ရင်နာနာနဲ့ ပဲ ပြန်ပြင်ဆင်ဖို့
ကြိုးစားရပါတော့တယ်…
အရင်ဆုံး အပင်ကျိုး အရွက်ကြေ တွေကိုအရင်ရှင်းထုတ်ရတယ်။
နောက်တော့ အကောင်းကျန်သေးတယ် အပင်လေးတွေ နည်းနည်းကို ပြန်ပြီးသေချာ မြေဆွ
အားဖြည့်ရတယ်။
ပျက်ဆီး သွားတဲ့ အပင်တွေနေရာမှာ ပြန်စိုက်ဖို့…ပျိုး
ပင်ပေါက်လေးတွေပြန်မွေးရတယ်။
ရှင်းလင်းတဲ့အလုပ်တွေပြီးသွားတဲ့အချိန်မှာ ဥယျာဉ်မှုးလေးဟာ ကျိုးပဲ့ပျက်ဆီးနေတဲ့
ခြံစည်းရိုးကိုကြည့်မိတယ်။
ဆိတ်တွေကြောင့် ကျိုးပျက်သွားတဲ့ ခြံစည်းရိုးကိုလဲ ပြန်ပြုပြင်ရဦးမယ်လေ။
ဒီတစ်ခါတော့ အခိုင်အခံ့လုပ်ရမယ်လို့ ဥယျာဉ်မှုးလေးက တွေးတယ်။
အဲဒီအချိန်မှာပဲ… ခြံစည်းရိုးရဲ့ အောက်ခြေကနေ အပေါ်ကို နွယ်တက်ဖို့
ကြိုးစားနေတဲ့အပင်လေးတွေကို သတိထားမိသွားတယ်။
သေးသေးသွယ်သွယ်အပင်လေးတွေပါပဲ…ခရမ်းရောင်အပွင့်လေးတွေနဲ့
ခြံစည်းရိုးအောက်ခြေမှာ ပေါက်နေကြတာ။
အဲဒီခရမ်းရောင်အပွင့်လေးတွေကိုကြည့်ရင်း ဥယျာဉ်မှုးလေးကအရမ်းလှတယ်လို့
ခံစားလိုက်ရတယ်။
နောက်ပြီး နှစ်ပေါင်းတော်တော်ကြာ သူ့ ဥယျာဉ်ကိုကာကွယ်ပေးသွားတဲ့ သူ့ ရဲ့
ပထမဆုံး ပန်းနွယ်ပင်လေးကိုသတိရလိုက်တယ်။
သူက ဥယျာဉ်ကို ကာကွယ်ပေးနေတဲ့ ပန်းနွယ်ပင်လေးကို ရက်စက်မိပေမယ့်
နွယ်ပင်လေးကပြန်မရက်စက်နိုင်ခဲ့ပါဘူး။
ဥယျာဉ်ကြီးကို ဆက်ပြီးစောင့်ရှောက်ဖို့ အတွက် မျိုးဆက်လေးတွေထားသွားတယ်။
ဒီတစ်ခါတော့ ဥယျာဉ်မှုးလေးလဲ နားလည်သွားပါပြီ။
ခြံစည်းရိုးကို ပြန်ပြင်ပြီး ခရမ်းရောင်ပန်းနွယ်လေးတွေကိုလဲ
ကရုတစိုက်စောင့်ရှောက်တယ်..ခြံထဲက တခြားပန်းတွေနဲ့ တန်းတူပေါ့။
မကြာခင်မှာပဲ…လူငယ်လေးရဲ့ ဥယျာဉ်ကြီးက ပန်းတွေနဲ့ ပြန်ပြီးဝေဆာလာပါတယ်။
ခရမ်းရောင်နွယ်ခြံစည်းရိုးကြီးအပါအ၀င်ပေါ့။
ပြီးတော့ ခရမ်းရောင်ဥယျာဉ်ဆိုတဲ့နာမည်ကလဲ…အနီးအနားပတ်ဝန်းကျင်တင်မကပဲ
ဟိုးအဝေးအထိကျော်ကြားသွားခဲ့ပါတယ်။
……….။……..
တစ်ခါတစ်လေကျရင် ကျွန်မတို့ ပတ်ဝန်းကျင်မှာ နွယ်ပင်လေးလို အဖြည့်ခံ
လူသားတွေရှိနေတတ်ပါတယ်….
သူတို့ ကိုသတိမမူပဲ ရက်စက်မိတဲ့ခါ….ဘ၀မှာ ကျရှုံးမှုတွေကြုံလာရတတ်ပါတယ်…
ဒုတိယအကြိမ်အခွင့်အရေးဆိုတာက လဲ….အမြဲမသေချာတာမို့…..ကျွန် မတို့
ဘေးကနေ….ဖြည့်ဆည်းပေးနေတဲ့ သူတွေကို…
သတိထား တန်ဖိုးထားသင့်ပါတယ်နော်….
အိဖြူခိုင်
Forword Mail
(LG )sai james (မင်းတုန်းမင်း)
Read article
Discuss
[5]
မလိမ်နဲ့ ၊မှန်မှန်ဖြေ ၊အမှန်တရားကိုပြောလိမ့်မယ်။
Posted on 11/27/2009 by
europenmindonemin
Tags: မလိမ်နဲ့ ၊မှန်မှန်ဖြေ ၊အမှန်တရားကိုပြောလိမ့်မယ်။
Read article
Discuss
[2]
ဆရာဝန်ရဲ့ နောက်ဆုံးစကား
Posted on 11/27/2009 by
europenmindonemin
Tags: ဆရာဝန်ရဲ့ နောက်ဆုံးစကား
*ဆရာဝန်ရဲ့ နောက်ဆုံးစကား *
အသက်နှစ်ဆယ်ခန့် ခပ်မိုက်မိုက် ကောင်မလေးတစ်ယောက် ဆရာဝန်နဲ့
လာဆွေးနွေးပါတယ်..
ကောင်မလေး- "ဆရာ.. ကျမရည်းစားကို အရမ်းစိတ်ဆိုးတာပဲ...
မျိုးမစစ်လို့တောင် ခေါ်သင့်တယ်..
သူ အရမ်းကို လွန်တာပဲ... တကယ်ပါပဲ"
ဆရာဝန်- "ဟင်း... အရမ်း ရင့်သီးတဲ့ စကားလုံးပဲကွယ့်... ဒါပေမဲ့ မင်းမှာ
အကြောင်းတော့ရှိမှာပေါ့လေ..
ငါ ကူညီနိုင်ရအောင် အဲဒီအကြောင်းပြောပြပါဦး..."
ကောင်မလေး - "ဟုတ်ကဲ့ ဆရာ.. ဟိုတစ်ညကပေါ့... ကျမတို့ ကမ်းခြေတခုမှာ ကားရပ်ထားပြီး
နေကျတုန်းက...
အဲဒီမှာ လူလည်း ပြတ်တယ်လေ... အဲဒီအချိန် သူက ကျမလက်ကို ကိုင်လိုက်တယ်.."
ဆရာဝန် - "မင်းလက်ကို ဒီလိုကိုင်လိုက်တာလား"
ကောင်မလေး - "ဟုတ်တယ် ဆရာ... ခုဆရာ ကိုင်ထားသလိုပဲ..."
ဆရာဝန် - "အဲဒါကြောင့်ပဲ ဆိုရင်တော့ မျိုးမစစ်လို့ မခေါ်သင့်ပါဘူးကွယ်..
အဲဒါက မင်းနဲ့ မဝေးချင်ဘူးဆိုတဲ့ သဘောလေ.."
ကောင်မလေး - "ပြီးတော့... သူက ကျမဖက်ကို တိုးလာပြီး.. ကျမကို ဖက်လိုက်တယ်..."
ဆရာဝန် - "ဒီလိုလား"
ကောင်မလေး - "ဟုတ်တယ် ဆရာ.. ဆရာလုပ်သလိုပဲ"
ဆရာဝန် - "ဒါလည်း မျိုးမစစ်လို့ မခေါ်ပါဘူးကွယ်.. မင်းနဲ့အနားမှာ ထာဝရနေချင်တယ်လို့
ဆိုလိုတာလေ.."
ကောင်မလေး - "ပြီးတော့ ကျမကို နမ်းတယ်..
ဆရာဝန် - "ဒီလိုလား"
ကောင်မလေး - "ဟုတ် ဆရာ... ဆရာ ခုနမ်းတဲ့အတိုင်းပဲ.."
ဆရာဝန် - "အလို နမ်းတာလေးနဲ့တော့ မျိုးမစစ်လို့ ပြင်းပြင်းထန်ထန်
မခေါ်သင့်ပါဘူးကွယ်..
မင်းကို ကြင်နာတဲ့ အပြုအမူပါ..."
ကောင်မလေး - "ပြီးတော့ သူ ကျမအင်္ကျီထဲ လက်ထည့်လိုက်တယ်... ဆရာ"
ဆရာဝန် - "ဒီလိုလေးလား"
ကောင်မလေး - "ဟုတ်... ဆရာ အဲဒီလိုပဲ.."
ဆရာဝန် - "ဒါလည်း မျိုးမစစ်တဲ့ လုပ်ရပ်မဟုတ်ပါဘူးကွယ်... မင်းကို ကာကွယ်ချင်တဲ့
သဘောပါ..."
ကောင်မလေး - "ပြီးတော့ သူ ကျမ အ၀တ်အစားတွေကို ဖြည်းဖြည်းချင်း ချွတ်လိုက်တယ်"
ဆရာဝန် - "မင်း ငြင်းသေးလား"
ကောင်မလေး - "ဟင်အင်း... ကျမ သူ့ကို ချစ်တော့ သူသဘောအတိုင်းပါပဲ.."
ဆရာဝန် - "မင်း အ၀တ်အစားတွေကို ဒီလိုချွတ်လိုက်တာလား.."
ကောင်မလေး - "ဟုတ်တယ် ဆရာ.. ခုလို အ၀တ်အစားမဲ့သွားတဲ့တိုင်အောင်ပဲ ..."
ဆရာဝန် - "ခုထိ သူ့ကို မျိုးမစစ်လို့ ခေါ်စရာ အကြောင်းမရှိသေးဘူးကွယ်..
ဘာလို့လဲဆိုတော့ သူက မင်းရဲ့ တကိုယ်လုံး စူးစမ်းချင်လို့ပဲလေ.."
ကောင်မလေး - "ပြီးတော့ သူ ကျမကို နမ်းပြီး... ကျမနဲ့ ချစ်တင်းနှောတယ်..."
ဆရာဝန် - "ခုငါတို့ လုပ်နေသလိုမျိုး သူလုပ်တာလား"
ကောင်မလေး - "အင်း... ခုလိုအတိအကျပါပဲ ဆရာရယ်..."
ဆရာဝန် - "မျိုးမစစ်လို့ မခေါ်သင့်သေးပါဘူးကွယ်... သူအတွက် မင်းရှိဖို့
လိုအပ်တယ်ဆိုတဲ့ သဘောပဲလေ..."
ကောင်မလေး - "ဒါပေမဲ့... သူက သူ့မှာ အေအိုင်ဒီအက်စ် ရှိနေတယ်လို့ ကျမကို
ပြောလိုက်တယ်လေ..."
- အပြင်ဘက်က လူနာတွေ့နဲ့ ဆေးခန်းဝန်ထမ်းတွေ ဆရာဝန်ရဲ့ စူးစူးဝါးဝါး အော်သံကို
ကြားလိုက်ရတယ်..
မျိုးမစစ်!!!! ကောင်မ….!!!!
(ပျော်ရွင်စေချင်တဲ့စိတ်လေးတစ်ခုဘာ)
( L G) sai james(မင်းတုန်းမင်း)
Read article
Discuss
[2]
"ဘယ်သူနဲ့မှ မတူတဲ့ အချစ်" အရာရာတိုင်းယုံကြည်မှု့နဲ့၊ နားလည်သင့်တယ်
Posted on 11/27/2009 by
europenmindonemin
Tags: ဘယ်သူနဲ့မှ မတူတဲ့ အချစ် အရာရာတိုင်းယုံကြည်မှု့နဲ့၊ နားလည်သင့်တယ်
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို
အရမ်းချစ်ခဲ.ဘူးတယ်။ဘယ်သူနဲ.မှ
မတူတဲ. အချစ်မျိုးနဲ.ပေါ.။ကောင်မလေးက
ကောင်လေးအချစ်ကို မယုံဘူးတဲ.။တစ်နေ. ကောင်လေးနဲ.ကောင်မလေး
ပြသနာတက်ကြတယ်။အကြောင်းရင်းကတော. ကောင်လေးဆီ ကောင်မလေးတစ်ယောက်
ဖုန်းဆက်တာနဲ. ပတ်သက်ပြီးတော.ပေါ.။
ကောင်လေးက အမျိုးမျိုးရှင်းပြခဲ.ပေမယ်. ကောင်မလေးက လက်မခံဘဲ
ထွက်သွားခဲ.တယ်။ကောင်လေးမှာ မွေးရာပါ နှလုံးရောဂါရှိတယ်..။
သူကြိတ်ခံစားနေရတာတွေကို ကောင်လေးရဲ. သူငယ်ချင်းတွေက
ကြည်.မနေနိုင်တော.လို. ကောင်မလေးဆီ အကျိုးအကြောင်း
သွားပြောမယ်လုပ်တော. ကောင်လေးကတားခဲ.တယ်။သူ.ချစ်သူ စိတ်ဆင်းရဲမှာ
စိုးလို.ဆိုပြီးတော.ပေါ.။
ကောင်လေး အခြေအနေ ဆိုးလာတယ်...။သူ.မိဘတွေက
သူ.ကိုဆေးရုံတင်လိုက်တယ်။မျှော်လင်.ချက်နဲ.ပေါ.။သူ.ကို ICU
အခန်းထဲထားလိုက်ရပြီ။ကောင်လေးရဲ. နောက်ဆုံး အခြေအနေ
ရောက်လာခဲ.ပြီ။သူ.မိဘဆွေမျိုးတွေနဲ. သူ.ရဲ.အချစ်ဆုံး သူငယ်ချင်းတွေပေါ.။
ကောင်လေးမျက်ခွံ တစ်ချက်ပွင်.လာတယ်။မျက်လုံးကို ကြိုးစားပြီး
ဖွင်.ထားရတဲ.ပုံပါဘဲ။သူ.မျက်လုံးတွေက တစ်ခုခုကို ရှာနေသလိုပါဘဲ...။
သူရှာနေတဲ. မတွေ.တော. မျက်ခွံဖြည်းဖြည်းချင်း ပိတ်သွားတယ်...။ ကောင်လေး
သူငယ်ချင်းတွေက သူ.ကောင်မလေးကို ချက်ချင်းသွား
အကြောင်းကြတယ်...။
ကောင်မလေးရောက်လာပြီ။ကောင်လေးရဲ.နားထဲမှာ ကောင်မလေးရဲ. အသံချိုချို
လေးနဲ. ခေါ်သံကို ကြားနေရတယ်..။မျက်လွှာကို အသာလေး ဖွင်.ကြည်.လိုက်တော.
ငိုနေတဲ. ကောင်မလေးကို တွေ.လိုက်ရတယ်။
သူက သဲ.သဲ.လေးပြုံးပြီး "ဘာလို.ငိုနေတာလဲ"တဲ.။ သူဘာမှမဖြစ်ပါဘူး...။
ကောင်းသွားမှာပါလို.
ပြောလိုက်တယ်။ ကောင်မလေးက သူ.ကို ဘာလို.မပြောခဲ. တာလဲဆိုတော.
"နင်ကငါ.ကို ဘယ်တုန်းက ယုံကြည်ခဲ.လို.လဲ။ငါပြောရင်ကော နင်ကယုံမှာ
ဟုတ်လို.လား။နောက်ပြီး နင်စိတ်ဆင်းရဲမှာစိုးလို.ပါဟာ..တဲ.။ ကောင်မလေး
အရမ်းခံစားသွားရတယ်...။သူမှားပြီဆိုပြီး နောင်တတွေ ရလာခဲ.တယ်။ကောင်လေးက
ကောင်မလေး လက်ထဲကို စာရွက်လေး တစ်ရွက် ထည်.ပေးလိုက်တယ်။နင်.အတွက်
ငါနောက်ဆုံးရေးပေးတဲ.
ကဗျာတဲ.။ ကောင်လေးက အားယူပြုံးပြီး ငါ.ကို နင်.ရဲ. ယုံကြည်မှုတွေ ပါတဲ.
အနမ်းလေးကို ငါ.နဖူးပြင်ပေါ် ပေးပါလားဟာ ဆိုပြီးပြောခဲ.တယ်။
ကောင်မလေးကလည်း သူ.ရဲ.နှုတ်ခမ်းလေးနဲ. ကောင်လေးနဖူးပြင်ကို
ညင်သာစွာနမ်းလိုက်တယ်။အဲ.ဒီအချိန်မှာဘဲ ကောင်းကင်ကြီးမှာ
မိုးတွေမှောင်မည်းစွာ ရွာနေပြီး လျှပ်စီးလက်နေခဲ.တယ်။ ကောင်မလေး
ကြည်.လိုက်တဲ. အချိန်မှာတော. မျက်လုံးမှိတ်ပြီး သဲ.သဲ.လေး ပြုံးနေတဲ.
ကောင်လေးကိုတွေ.လိုက်ရတော.တယ်။ကောင်မလေးရဲ.မျက်ရည်တွေ
မိုးရေတွေနဲ.အတူ ထစ်ချုန်းရွာနေခဲ.ရတယ်...။
ဘော်ဒါတို.။လောကကြီးမှာ ကိုယ်.ချစ်သူရဲ.ယုံကြည်ခြင်းကို
မခံရတာကလွဲလို. ဘယ်အရာကမှ မဆိုးနိုင်ပါဘူး...။တစ်လောကလုံးက
ကိုယ်.ကို ပစ်ပယ်ထားတောင် ကိုယ်.ဘေးမှာ ချစ်သူရဲ. ယုံကြည်ခြင်းရယ်၊
အားပေးမှုတွေသာရှိနေခဲ.ရင် အရာရာကိုရင်ဆိုင်နိုင်ကြမှာပါ...။
ဒီဇာတ်လမ်းလေးက တကယ်.အဖြစ်အပျက်ပါ...။ကျွန်တော်.ရဲ.အချစ်ဆုံး
သူငယ်ချင်းတစ်ယောက် အကြောင်းပါ...။အခုဆိုရင် သူကောင်းရာမွန်ရာ
ဘ၀တစ်ခုမှာ ပျော်နေလောက်ပါပြီ...။အားလုံးဘဲ သတိသံဝေဂ ရစေချင်ပါတယ်။
ကောင်လေးက ကောင်မလေးကို ပေးခဲ.တဲ.ကဗျာလေးကတော.
ဟိုးတုန်းက သိပ်ချစ်ခဲ.ကြတယ်...။
အခုကျတော. နင်ရှောင်ပုန်းတယ်...။
နင်.ရဲ. ယုံကြည်မှုတွေ
ပျောက်ဆုံးနေတဲ. ငါ.အတွက်
ဘယ်အရာက ဖြေသိမ်.နိုင်အောင်
စွမ်းဆောင်ပေးနိုင်မလဲ...။
အခုတော. ........
ငါထွက်သွားရတော.မယ်....။
လောကကြီးရဲ. အဆုံးအစွန်ကိုပေါ. ....။
အဲဒီမှာတော.
ယုံကြည်ခြင်း၊မယုံကြည်ခြင်းတွေ
မရှိလောက်ပါဘူး.....။
အရာအားလုံးဟာ
လူတိုင်းလက်ခံယုံကြည်ထားတဲ.
သေခြင်းဆိုတာတွေနဲ.ဘဲ
ပြည်.နှက်နေတယ်...။
ဒါပေမယ်. ...
နင်.အတွက်
ငါ.ရဲ. ယုံကြည်မှုကတော.
"ငါ နင်.ကိုသိပ်ချစ်ခဲ.ပါတယ်...။"
ချစ်သူအာလုံး
ပေါင်းစည်းနိုင်ကြပါစေ.........။
တပ်တူထပ်မြခံစာလျက်သူငယ်ချင်းမှ ချစ်သူအာလုံးအတွက်
( L G ) sai james(မင်းတုန်းမင်း)
Read article
Discuss
[1]