ဖြေဆေး RSS Available

ပြန်မဆုံချင်တော့ပါဘူးလေ.....တွေးမိရင် အသည်းထဲက နာကျင်လွန်းလို့......နောက်တစ်ခါ ဆိုတာတဲ့ အဖြစ်ကို မကြုံပါရစေနဲ့တော့.....သူလည်း သူ့ဘ၀နဲ့သူ ကိုယ်လည်း ကိုယ့်ဘ၀နဲ့ကိုယ် အသီးသီးရှိနေကြပြီပဲ..... ကိုယ့်ရဲ့ အနာဂါတ် ၊ ကိုယ်ရဲ့ မျှော်လင့်ချက်တွေ ဖျက်ဆီးခံခဲ့ရပေမယ့် ငါဟာ အသည်းကွဲသမားတစ်ယောက်ရဲ့ဘ၀မျိုး ဘယ်တော့မှ မရောက်စေရဘူး.....ငါ့မှာ မာနဆိုတဲ့ ဖြေဆေးရှိတယ်....

(no title)

Posted on 1/1/0001 by

Read article   Add Comment

နောင်......နှစ်တစ်ရာတိုင်ဆီသို့

Posted on 11/20/2009 by chitmoenyo120

 

စမ်းရေလိုအေး ပန်းလိုလည်းမွှေး

ပြည့်စုံမှုဘဝ လူ့လောကမှာ

စိတ်အေးချမ်းသာ ကျန်းမာစွာနဲ့

နေနိုင်ပါစေနော်.........

ထာဝစဉ်လက်တွဲ တစ်သက်မခွဲပဲ

ရစ်ဖွဲ့သေချာ နှလုံးသားမှာ

တွယ်တာမြတ်နိုး မေတ္တာမျိုးနဲ့

တိုး လို့သာ ချစ်လာခဲ့မိပါတယ်..............

ခိုင်ခိုင်မြဲမြဲ ဒီလိုနဲ့ပဲ

နေ့ရက်တွေဟောင်း နှစ်တွေပြောင်းလဲ

ဘဝလမ်းခရီး ဆုံးခန်းသည့်တိုင်

လက်တွဲနိုင်ပါစေလို့ ဆုတောင်းရင်း

မွေးနေ့မှသည် နောင်နှစ်တစ်ရာတိုင်ဆီသို့............။

Read article   Add Comment

အမှတ်တရ မွေးနေ့

Posted on 10/26/2009 by chitmoenyo120

 

“  Happy Birthday  တဲ့   ၁၂ နာရီ တိတိမှာ ကျွန်တော့်ဆီကို ဖုန်းဝင်လာတယ် ။ ကိုယ် ကိုယ်တိုင်တောင် အမှတ်တမဲ့ နဲ့ နေလာခဲ့တဲ့ ကျွန်တော့် မွေးနေ့မှာ  ချစ်သူက ပထမ ဦးဆုံးအကြိမ် ဖုန်းဆက်ပြီး “ ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေလို့ ” ဆုတောင်းပေးလိုက်တော့ ကိုယ့် မွေးနေ့ ရောက်မှန်းသိလိုက်ရတယ် ။ အမိုးအကာ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း နေလာခဲ့ရတဲ့ ဘဝမဟုတ်တော့ မွေးနေ့ ဆိုတာကိုတောင် မေ့တေ့တေ့ ရယ် ......သတိ မထားမိအား....။ ကိုယ့် အပေါ်ကို နားလည်မှု အပေးနိုင်ဆုံး အပြန်အလှန် တန်ဖိုးထား တတ်ပြီး ဂရုစိုက်ချစ်တတ်တဲ့ ချစ်သူလေးကို ပိုလို့တောင် ချစ်လာခဲ့မိပါတယ် ။ စိတ်ကူးကောင်းလှတဲ့ သူ့ရဲ့ အစီအစဉ်လေးကို လိုက်လျောရင်း ပျော်စရာကောင်းတဲ့ မွေးနေ့ ဆုတောင်းပွဲလေးကို နှစ်ယောက်သားတိတ်တိတ်လေး ကျင်းပခဲ့တာ ပထမဦးဆုံးအကြိမ်မို့ အမှတ်တရ ဖြစ်ခဲ့ ရတယ်လေ ........ ။  မွေးနေ့ ပွဲ တော်တော် များများမှာကြားဖူးနေတဲ့ “  Happy Birthday ...To You ” ဆိုတဲ့ သီချင်းလေးနေရာမှာ.... တရုတ်ဘာသာ နဲ့ မွေးနေ့ သီချင်းလေးကို သူကိုယ်တိုင်သီဆို ပြပြီး မွေးနေ့ အတွက် ဆုတောင်ပေးခဲ့တယ် ...... ။ ကျွန်တော့် ရင်ထဲမှာ ဘယ်လိုမှ ပြောပြလို့ မရတဲ့ ကြည်နူးမှု ပီတိလေးတစ်ခု ဖြစ်လာခဲ့ရတယ် ။ နောက်ဆုံး မွေးနေ့ ပွဲလေးမှာ ချစ်သူကို ဘာမှ မကျွေးနိုင်ခဲ့ပေမယ့် အနမ်းလေး တစ်ပွင့် နဲ့ အတူ  ကျွန်တော်က လက်ဆောင်လေး တစ်ခု ပြန်ပေးနိုင်ခဲ့ ပါတယ် ။ အဲ့ဒီလက်ဆောင်လေးကတော့ “ “မ” ကို မောင်အရမ်း ချစ်တယ် ....ဘယ်တော့မှခွဲ မသွားပါဘူး ” ဆိုတဲ့ ဂတိလေးတစ်ခု ပါပဲ ....

 

 

 

                                                                                     ချစ်သူလေးကို ကျေးဇူးတင်လျှက်..

                                                                                            ( ချစ်မိုးညို )

Read article   Add Comment

အချစ်ဆိုသည်မှာ...........

Posted on 8/29/2009 by chitmoenyo120

 

 

အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး...။

(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ
ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့
ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား
ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့
လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း
ဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။

(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင်
စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော
သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ
အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး
လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့
တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။
အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။
"ငါ...နင့်...ကို.... ချစ်......တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။

အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုပါတယ်...

  ( ပိုင်ရှင်စစ်စစ်ဖြစ်သော သူငယ်ချင်းအား ကျေးဇူးတင်ရှိပါကြောင်း )

Read article   Add Comment

Photos

Tags

Latest comments

အချစ်ဆိုသည်မှာ...........
Wishing you a Wonderful Christmas and New Year...
အမှတ်တရ မွေးနေ့
    “ မ ” ရေ......              &nbs…
အမှတ်တရ မွေးနေ့
ကိုချစ်မိုးညိုရဲ့ရနေ့မှာကျရောက်တဲ့ မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ အထိ... အနာရောဂါကင်းဝေးစွာဖြင့်.. ကိုယ်ဖြစ်ချင်သော &ldq…
အချစ်ဆိုသည်မှာ...........
   အတိုင်းအဆမရှိပါဘဲ နိုင်းမရတဲ့ အချစ်တွေနဲ့ ဘ၀ရဲ့ နောက်စုံးနေ့လေးပါ ကျွန်တော်ဒီကဗျာလေးကိုကူးယူသွားပါတယ်။
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.