ဒီနေ့ ၂၆ ရက်နေ့
Posted on 7/26/2010 by
akyawmyint
“အတိတ် တွေကို ငါ မပိုင်ပေမဲ့ သတိရခြင်းတွေကို ငါပိုင်တယ်” ဆိုတဲ့ စကားလေးကို ကြားဘူးလား...။အဓိပ္ပါယ် ကတော့ လူတိုင်းက အတိတ်ကို ပြန်တွေးနှိုင်ကြတာပဲ။
အတိတ် ပစ္စုပန် အနာဂတ် ကာလ သုံးပါးစလုံးမှာ သူ့နဲ့ အတူရှိချင်တယ်။ သူ့နဲ့ တူတူဘဝကို ကုန်လွန်သွားချင်တယ်။ ဘဝခ၇ီးတစ်လျောက်လုံးမှာ လက်တွဲ မဖြုတ်စတမ်းပေါ့။
ပြောချင်တာက ဒီလိုပါ။ သူ့ကို ကျနော် ခု ချစ်တယ် ....နောင် အနာဂတ်မှာလည်း ချစ်နေဦးမှာပဲ ....အတိတ်မှာက သူနဲ့ မချစ်ခဲ့ရတဲ့ အချိန်တွေ၇ှိတယ်...လူမှန်းသိတတ်ခါစ အချိန်ကနေ သူနဲ့ ကျနော်ချစ်သူတွေဖြစ်ကြတဲ့ အချိန်အထိ ။(အဲဒီကာလ အပိုင်းအခြားအတိတ်ကလေးတွေမှာ သူ့ကို ချစ်ခွင့်မရတာ၊သူနဲ့ ...ဆုံတွေ့ခွင့်တွေမ၇ှိခဲ့တာ နှမြောမိတာ။).....အဲဒီတော့ ခု ပစ္စုပန်ဟာ နောင်အနာဂတ်မှာ (နောင် နှစ်ပေါင်းများစွာတိုင်အောင် ရိုးမြေကျပေါင်းပါရစေ)မှာအတိတ်ဖြစ်သွားမှာပေါ့..... အဲဒီလို ဆံဖြူသွားကျိုး တဲ့ အချိန်မှာတောင်မှ အတိတ်ကို ပြန်စဉ်းစားပြီး အေးချမ်းသိမ်မွေ့စွာ ချစ်နေချင်တာ။
အခု ပစ္စုပန်နဲ့ အနာဂတ်၊ ပြီးတော့ နောင်လာမဲ့ အနာဂတ်မှာ ရှိမဲ့ အတိတ်တွေမှာပါ သူ့ကို ချစ်တယ်။.
ငွေကြေး အဆိပ်မစွန်းသော အဖြူရောင်နှလုံးသားကို ပိုင်ဆိုင်ခွင့်ရသည့် အတွက် ...အမိအဘနှင့် အဘိုးအဘွားတို့အားကျေးဇူးတင်တယ်။
စစ်မှန်သောအချစ်စစ်နှင့် အေးချမ်းသော၊ဖြူစင်သော၊အကြင်နာတရားတို့နှင့် ပြည့်နှက်နေသော နှလုံးသားကိုပိုင်ဆိုင်ခွင့်ရသည့်အတွက် သူ့ကို ကျေးဇူးတင်တယ်။
ဒီနေ့ ၂၆ ရက်နေ့၊ ကျနော်တို့ အတွက် အမှတ်တရများစွာရှိနေတဲ့ ၂၆ ၇က်နေ့မှာ မိုင်ထောင်ချီဝေးနေကြပေမဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးစာအတူတူရေးခွင့်ရတဲ့ အတွက် လောကကြီးကို ကျေးဇူးတင်တယ်။
ဒီနေ့ ဝါဆိုလပြည့်နေ့မှာ လောကကြီးတစ်ခုလုံး အေးချမ်းသာယာပါစေ...လူသားတိုင်း ကိုယ်ချင်းစာတရား....အကြင်နာတရား....မေတ္တာတရားတွေနဲ့ ငြိမ်းချမ်းစွာနေနှိုင်ကြပါစေဆုတောင်းတယ်။
ကို့ရဲ့ ချစ်သူလေးလည်း ဒီနေ့ သာယာပျော်ရွှင်ပါစေလို့ ဆုတောင်းတယ်။