ဆန့်ကျင်ဘက်တွေပေးတဲ့သူ

Posted on 12/26/2009 by 83minlwin09


ခြောက်သွေ.မှုကို
စိုပြေအောင် ရေလောင်းခဲ့ပြီးမှ
စိုပြေမှုကို
နာလန်မထူအောင် မီးမြိုက်ခဲ့ပြန်တယ်
လွမ်းစရာသိပ်မကောင်းလှတဲ့
ဇာတ်လမ်း ဆိုရင်တောင်မှ
ရင်က နာရ လေတယ်။

နာကျည်းမှု၊ မြတ်နိုးမှု
အချစ် ၊ အမုန်း
ငါ့ရင်ထဲမှာ အကန်.လိုက်ရှိနေတော့
ဘယ်အခန်းမှာ ဘယ်မျက်နှာဖုံးနဲ.ထွက်ရမှာလဲ
မင်းပဲသင်ပေးပါ
ငါ့ဒဏ်ရာဟာ င့ါကိုစိမ်ခေါ်မှုပါပဲ။

ဘယ်လောက် ဖြောင့်တဲ့မြားဖြစ်ဖြစ်
မျက်လုံးနှစ်ဖက် ဖွင့်ချိန်ရင်
ပစ်မှတ်ကို မမှန်နိုင်ဘူး
မင်းရပ်တည်မှုကို
မင်းပြန်မသုံးသပ်မချင်း
မင်း မြင်နိုင်မှာမဟုတ်ဘူး
မင်းအနားက
စုန်းတောက်တဲ့ မြူတွေကို
ငါ မုန်းတယ်။

တို.နှစ်ဦးထဲ လှနေတဲ့ဇာတ်မှာ
ဘာလို. တတိယလူ ပေါ်လာရသလဲ
ဒါ…………ရာမာယဏ မဟုတ်ဘူး
လေးတင်ပွဲ မဟုတ်ဘူး
သရဖူ ကာကွယ်ပွဲ။

Discussion

on 1/1/0001 says:
thuya64 on 12/28/2009 says:

ဒီနေ့ ခရီးထွက်ရန် ဘူတာမှာရထားစောင့်ရင်း မဝင်ကြည့်ဖြစ်တာကြာပြီဖြစ်တဲ့ VZO ကိုဝင်ကြည့်တော့မှ မနေနိုင်တော့ပါဘဲ ရထားအနောက်ကျခံပြီး မြန်မာအချိန် မှီလို့မှီငြား ရင်ထဲရှိရာ ရေးမိပါတော့သည်...။ အမှားရှိသော်၊ စော်ကားမိသည်ရှိသော် ခွင့်လွတ်နားလည်ပေးပါကုန်...။ မြန်မာပြည်ကို ရင်ထဲ အသဲနှလုံးထဲကပါ တိုးတက်စေချင်ပါသည်။ မြန်မာစကားပြောသော သူ၊ မြန်မာပြည်၌ နေထိုင်ဖူးသူ၊ မြန်မာဖြစ်သော်ငြား ဗုဒ္ဓဘာသာ မဟုတ်တဲ့သူ တွေလည်း မြန်မာစကားပြော၊ မြန်မာပြည်မှာနေဖူး၊ မြန်မာဖြစ်သော်ငြား အခြားဘာသာ ကိုးကွယ်ခွင့်ရတာ မြန်မာပြည်ကို ကျေးဇူးတင်ပါ။ သို့သော် ကျေးဇူးမတင်ချင်နေပါ မြန်မာပြည်သားအချင်းချင်း မစော်ကားပါနှင့်၊ အထူးသဖြင့် မြန်မာ့ စာ၊ မြန်မာ စကားပြော၊ မြန်မာပြည်မှာနေဖူးပြီး မရင့်သီးပါနှင့်။ ဥပမာ- သင် အီသီယိုးပီးယားမှာ လူသွားဖြစ်ရင်ကော...? ရင့်သီးနိုင်ပါဦးမည်လော..?

      မှန်ကြည့်သောအခါ သင့်ကိုယ်ကို ပြန်မြင်ရသကဲ့သို့ သင်ပြုသမျှအရာအားလုံးသည်လည်း စက္ကန့်မခြား ပြန်လည်တုန့်ပြန်တတ်သည်ကို သတိရပါ...။

 

ဪအခုတော့ မိမိနှင့်လည်း မပတ်သတ်၊ သူ့အမေ၊ နှမ၊ ဆွေမျိုးများ ကိုလည်းမစော်ကား၊ သူ့ကိုလည်းမစော်ကားပါဘဲနှင့် လိုက်ပြီး စော်ကားနေလိုက်တာ၊ရန

သြော်...ခွေးမသား ကျော်ထက်အောင် မင်းလူများကို စော်ကားတာကြတော့ရော.....

 

 

 

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ပြန်ပေးပါ   Return to blog   ရင်တွင်းဖြစ် →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.