မင်းမရှိတဲ့အချိန်
Geschrieben am 30.11.2013 von
we040919
မင်းမရှိတဲ့ အချိန်မှာ
ငါလွမ်းတတ်လာတယ်
မင်းနဲ့ ဆုံးစည်းခဲ့တဲ့
အချိန်လေးတွေကို
တမ်းတမ်းတတနဲ့
ငါ သတိယနေပါရစေ
မင်းရဲ့အကြောင်းတွေကို
ဒဏ္ဍာရီထဲ သိမ်းထားရုံနဲ့
ငါ ကျေနပ်ရတော့ မလား
အမှတ်တရ ဆိုတာ
နုနယ်တဲ့ အချိန်မှာ ဖြစ်ခဲ့ရင်
တသက် မေ့မရအောင်
သတိယနေတတ်တယ်
ငါ့ မျက်လုံးထဲက
အသံမပါတဲ့ စကားလုံးတစ်ချို့ကိုလည်း ….
နင် ပုံဖော်တတ်ခဲ့မှာပါ
ကောင်မလေးရေ ။ ။ ။ ။ ။
[vzo=we040919]