ဒီလိုလဲလုပ်ဖူးတယ်(၂)
Geschrieben am 04.11.2010 von
tuntunaye_tongkyo
Stimmung:်fine.
Musik: rock....
Tags:ရယ်စရာပေါ့ပေါ့ပါးပါး
မိတ်ဆွေ..တစ်ခါတစ်ရံမှာဘ၀ရဲ့အခက်အခဲများကြောင့်ဖြစ်စေ၊အလုပ်တွေမှာအ
ဆင်မပြေလို့ဖြစ်စေ၊မိမိချစ်တဲ့သူတစ်ယောက်ကြောင့်ဖြစ်စေ၊မိသားစုအတွက်ကြောင့်ဖြစ်စေ၊အကြောင်းအမျိုး
မျိုးကြောင့်အသက်ရှူမ၀လောက်အောင်ခံစားနေရတယ်ဆိုပါစို့။ပျက်စီးယို့ယွင်းနေသောမိမိရဲ့စိတ်ကိုအသစ်
တဖန်ပြန်လည်တည်ဆောက်ရန်အတွက်တရားထိုင်ခြင်း(meditation)အလုပ်ကိုစတင်လုပ်တယ်ဆိုပါစို့။
တရားထိုင်ခြင်းအတွက်ကမဌာန်းအများအပြားရှိပေမယ့်လူအများနှင့်သင့်တော်သည်မှာ
အာနာပါနကမဌာန်း(၀င်လေ၊ထွက်လေကိုသတိဖြင့်မှတ်ခြင်း)ပင်ဖြစ်မည်ထင်ပါသည်။တရားထိုင်ခြင်းအ
ကြောင်းကိုတကယ်သိနားလည်သောဆရာတော်ကြီးများ၊ဆရာပညာရှိများအမျိုးမျိုးအစုံစုံရေးသားထားပါ
သည်။ကျွန်တော်သည်သူတို့လောက်မရေးနိုင်ပါ၊ပြည့်စုံအောင်လည်းမပြောနိုင်ပါ၊လူအများဖတ်ရှုရသည်
မှာပျင်းရိမှုမရှိပဲလေ့လာသူအဆင့်၏အခြေခံကိုသာလမ်းညွှန်ပေးနိုင်ပါသည်။
ပထမဦးစွာတရားထိုင်မည့်သူသည်ငါးပါးသီလမြဲပါကပိုပြီးကောင်းပါသည်။သီလရှိမှ
သမာဓိ(စိတ်တည်ငြိမ်ခြင်း၊တည်ကြည်ခြင်း)ကိုရရှိပါမည်။ငါးပါးသီလဆိုသည်မှာ..
*သူတစ်ပါးအသက်ကိုသတ်ခြင်းမှရှောင်ကြင်ခြင်း
*သူတစ်ပါးပစ္စည်းအားခိုးယူမှုမှရှောင်ကြင်ခြင်း
*လိမ်လည်မုသားပြောဆိုမှုမှရှောင်ကြင်ခြင်း
*မှားယွင်းသောလိင်မှုကိစ္စများမှရှောင်ကြင်ခြင်း
*အရက်သေစာသောက်စားမှုမှရှောင်ကြင်ခြင်း.......တို့ဖြစ်ပါသည်။
ပထမဦးစွာတရာထိုင်မည့်သူသည်မြတ်စွာဘုရားသခင်အားကြည်ညိုစွာရှိခိုးကန်တော့ရပါမည်။ပြီးလျှင်
တင်ပြင်ခွေဘယ်ခြေအပေါ်ညာခြေထပ်ခါထိုင်ပါမည်။ပြီးလျှင်ညာလက်ဝါးကို ဘယ်လက်ဝါးပေါ်တွင်
ထပ်ပြီးကိုယ်ကိုမတ်မတ်ထိုင်ရပါမည်။ ပြီးလျှင်ယခင်ရှိခဲ့သော သုခ၊ဒုက္ခ အားလုံးကိုမေ့ထား လိုက်ပါ။
ခေါင်းထဲတွင်ဘာမှဝင်မလာစေရန်ဝင်လေ၊ထွက်လေကိုမျက်ခုံးနှစ်ခုကြားတွင်ဖြစ်စေ၊နှာသီးဖျားတွင်ဖြစ်စေ
ထားကာစိတ်ကိုတည်ငြိမ်အောင်ကြိုးစားပါ။ အစတွင်စိတ်သည်ထိမ်းမရအောင်ဖြစ်နေပါလိမ့်မည်။
တရားထိုင်ခြင်းအလုပ်ကိုလုပ်တော့မည်ဆိုလျှင် မိမိစိတ်ကိုဇွဲတင်းထားရန်လည်းလိုပါသည်။နာကျင်မှုကို
ခံနိုင်ရည်မရှိကြသောကြောင့် တရားထိုင်သောအလုပ်ကိုရပ်လိုက်ကြသည်ကများနေကြပေသည်။သက်
ကြီးရွယ်အိုများသည်မိမိတို့ကျန်းမာရေးနှင့်အဆင်ပြေ အောင်လုပ်ဆောင်သင့်ပါသည်။
ခံနိုင်ရည်ရှိသောလူငယ်လူရွယ်များအတွက်မူ "အနည်းဆုံးနှစ်နာရီ မှသုံးနာရီ"ထိ
ပြုလုပ်သင့်ပါသည်။အစတွင်မခံမရပ်နိုင်အောင်နာကျင်သောဝေဒနာများကိုခံစားရပါလိမ့်မည်။လေဖြတ်သွား
လေမည်လား၊တစ်ခုခုဖြစ်သွားတော့မည်လားဟုထင်မြင်နေပါလိမ့်မည်။ထိုအချိန်တွင်သေလိုကသေသွားပါ
စေ၊တရားအလုပ်ကိုမရပ်ဟူသောစိတ်ကိုထားပါ။ရှိရှိသမျှ.ဆံပင်ကပင်နာကျင်လာသယောင်ထင်မြင်လာပါ
လိမ့်မည်။အသက်ရှူရာတွင်လည်းမခံမရပ်နိုင်သောကြောင့်"ရှူးရှဲ...ရှူးရှဲ"..အသံပြင်းလာပါလိမ့်မည်။
နာကျင်မှုကြောင့်သင်၏စိတ်သည်တစ်နေရာထဲမှာစုစည်းထားသလိုဖြစ်လာပါလိမ့်မည်။ထို့နောက်တွင်
နာကျင်မှုဝေဒနာသည်ခန္ဓာကိုယ်ပေါ်မှသဲများပက်ချလိုက်သလိုတဖွဲဖွဲကျပြီးပြောက်သွားပါလိမ့်မည်။ထို
အချိန်တွင်သင်၏စိတ်နှင့်ခန္ဓာကိုယ်သည်ပေါ့ပါးကြည်လင်နေပါလိမ့်မည်။ဝမ်းမြောက်ဝမ်းသာဖြစ်နေပါလိမ့်
မည်။သမာဓိရနေပါလိမ့်မည်။ထိုအခါသင်အလိုရှိသော နိဗ္ဗာန်ရောက်ကြောင်းအကျင့်မြတ်များကို၊ဆရာ
ကောင်းသမားကောင်းများ၏နည်းနာနိသယအတိုင်းဆက်လက်ကျင့်ကြံနိုင်ပါကြောင်း။နိဗ္ဗာန်မရသည့်တိုင်
မိမိပြုလုပ်နေသောအမှားများကိုသေချာစွာသိမြင်နိုင်ပါလိမ့်မည်။
အလှူတကာ့အလှူများထဲတွင်တရားအလှူသည်အမြတ်ဆုံးဟုဆိုသောကြောင့်ကျွန်တော်
သိသလောက်တရားအလှူကိုရေးသားလှူဒါန်းပါသည်။တစ်စုံတစ်ယောက်အတွက်အကြိုးရှိမည်ဆိုပါက
ကျွန်တော့်တွင်ကုသိုလ်တရားများဖြစ်ပါလိမ့်မည်။တခဏတာနေထိုင်ရသောလူ့ဘ၀တွင် မည်သို့ပင်
အဆိုးများကြုံတွေ့စေကာမူမတုံမလှုပ်ပဲခဏတာအလကားတွေပါဟုသဘောထားပါကစိတ်ချမ်းသာမှု
များစတင်ရရှိလာပါလိမ့်မည်။
၃၁ဘုံမှာကျင်လည်နေကြသောသတ္တ၀ါအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာ
ခြင်းများဖြစ်နိုင်ကြပါစေ....