ကူညီပါဦးသူငယ်ချင်းတို့ရေ
Geschrieben am 10.09.2010 von
triplesss3
တနေ့ကျွန်တော်တို့သူငယ်ချင်းသုံးယောက် ဆိုင်တစ်ဆိုင်သွားပြီး လဖ္ဘက်ရည်သွားသောက်ကြတယ် စားပွဲထိုးကိုခေါ်ရှင်းတော့ ၇၀ ကျတယ် ဒါနဲ့တစ်ယောက်ကို ၂၅ ကျပ်စီစုပြီး ၇၅ ကျပ်ထုတ်ပေးလိုက်တယ် ကောင်တာက ၅ ကျပ်ပြန်ပေးတယ် ငါးကျပ် သုံးယောက်ဆိုတော့ဝေရခက်နေတယ် ဒါနဲ့စားပွဲထိုးကိုခေါ်ပြီး ၂ ကျပ်ပေးလိုက်တယ် တစ်ယောက်ကို ၁ ကျပ်စီပြန်ရကြတယ် ထုတ်ပေးတုန်းက ၂၅ ကျပ် ၁ ကျပ်ပြန်ရတော့ တစ်ယောက်ကို ၂၄ ကျပ်စီပဲကျတယ် ၂၄ ကျပ် သုံးယောက်ဆိုတော့ ၇၂ ကျပ် စားပွဲထိုးကိုပေးထားတဲ့ ၂ ကျပ်နဲ့ပေါင်းတော့ ၇၄ ကျပ်ပဲရှိတယ် ၁ ကျပ်ကဘယ်ရောက်နေပါလိမ့်လို့ရှာကြတယ် ရှာလို့လဲမတွေ့ဘူး သူငယ်ချင်းတို့လဲကူရှာပေးကြပါဦးလို့.........