Blog of tharhtootbr RSS Available

(ohne titel)

Geschrieben am 01.01.0001 von

Artikel lesen   Kommentar hinzufügen

ကျောက်တစ်ပွင့် တန်ဖိုး

Geschrieben am 27.04.2011 von tharhtootbr

တစ်ချိန်တုန်းက ထင်းကောက်သော ဖိုးခွေးဆိုတဲ့ ကောင်လေး တစ်ယောက်က ထင်းကောက်ရင်း ကျောက်ခဲတစ်ခုကို လှတယ်ဆိုပြီး သူအိပ်ထဲထည့်ပြီး အိမ်ပြန်လာခဲ့သည်။ လမ်းခုလက်မှာ ကျောင်းနေဘက်သူငယ်ချင် မိနွေးနဲတွေ့တော့ မိနွေးကို သူကောက်လာတဲ့ကျောက်ခဲလေးကို ပြသ သည်.။ မိနွေးလဲ မိန်းကလေးတို့ သဘာဝ လှတာမြင်ရင် လိုချင်တယ်ဆိုတဲ့အတိုင်း ဖိုးခွေးအားကျောက်ကလေးကိုပေးရန်ပြောလေသည်။ ဖိုးခွေးက တွေးသည်..." အာ! ငါဒီကျောက်က ငါတောထဲကတွေ့တာ ဘာမှာတန်ဖိုးမရှိဘူး မိနွေက ငါ့သူငယ်ချင်း..။ဒီကျောက်ကတန်ဖိုးရှိတာလဲမဟုတ်ဘူး မိနွေးကိုပေးလိုက်ရင် ငါဘာမှာဖြစ်မသွားဘူး မပေးပဲနေလဲ ဘာမှာဖြစ်မလာဘူး..။ပေးလိုက်မယ်..။ " အခုလိုတွေးပြီး မိနွေးအား ကျောက်ကလေးကို ပေးလိုက်ပါသည်..။ မိနွေးလဲ ကျောက်ခဲလေးကိုရတော့ ဝမ်းသာသွားသည်.။ကျောက်ခဲလေးကိုယူပြီး သူအိမ်ပြန်လာခဲ့သည်။ ဒီလိုနဲတစ်ရက်နှစ်ရက်ကြာတော့ သူစိတ်ထဲမှာ ကျော်ခဲလေးက ရိုးသွားသတဲ့ မလှတော့ပါဘူး ဒီကျောက်ခဲက .။ လူတွေရဲ့ စိတ်သဘောက ဒီလိုပါပဲ ကြာရင်ရိုးသွားတတ်ကြတာပါပဲ..။ အခုလဲမိနွေးကျောက်ခဲလေးကို ဖြစ်သလို ရေအိုးစဉ်ပေါ်တင်ထားလိုက်လေသည် .။ တစ်နေ့မှာ အိမ်ကို ဧည်သည်လာတော့ ဧည့်သည်က ရေအိုစဉ်သွား ရေသောက်ရင်း အဲဒီကျောက်ခဲလေးကို တွေ့ လေသည်..။ တွေ့တယ်ဆိုရင်ပဲ ကျောက်ခဲလေးလို့ချင်လို့ေ၇ာင်းမယ်ဆို ဝယ်ချင်ပါတယ် ဟု၍မေးလေသည်။ မိနွေးက တွေးပါသည်..။"ဒီကျောက်ခဲက ဖိုးခွေးဆီက အလကားရတာ ငါအတွက်ဘာမှာမထူဆန်းတော့ဘူး ဒီဟာကိုရောင်းရင် ပိုက်ဆံတောင်ရလိမ့်အုံးမယ်.. ။ဒါကြောင့်ရောင်းမယ်..။ ကျောက်ခဲလေးကို ဧည့်သည် အား ၃၀၀ ကျပ်နှင့်ရောင်းလိုက်ပါတယ်။ ဧည်သည်လဲ ကျောက်ခဲလေးကိုယူလာပြီးသူအိမ် ဧည်ခန်းမှာထားပါလေသည်..။ တစ်နေ့သောအခါ သူ့အိမ်ကို ကုန်သည်တစ်ယောက် အရောင်းအဝယ်နှင်လာရင်း ကျောက်ခဲလေးကိုတွေသွားလေသည်..။ ကုန်သည်ကလဲ ကျောက်ခဲလေးကို လိုချင်၍ ငါးထောင်ပေးပြီး ဝယ်ချင်ကြောင်းပြောလေသည်..။ အိမ်ရှင်က ထိုသို့တွေးသည် " ဒီကျောက်ခဲက ၃၀၀ ပေးဝယ်လာတာ အခုရမှာက ငါးထောင်ဆိုတော့ ရောင်းလိုက်မယ်" ။ နောက်ဆုံးတွင် ငါးထောင်ကျပ်ဖြင့်ကုန်သည်က ကျောက်ခဲလေးအား ဝယ်ဖြစ်သွားသည်..။ ကုန်သယ် သည် ထိုကျော်ခဲလေးကို ကျောက်ကုန်သည်သို့ပြသည်...။ ကျောက်ကုန်သည်က ထိုကျောက်ကို ငါသောင်းနှင့်ဈေးဖြတ်ပေးသည်...။ ကုန်သည် သည် ထိုသို့တွေးသည် " ဟ ငါပွတာပဲ ငါဝယ်လာတုန်းက ငါးထောင် အခုငါးသောင်း ဆယ်ဆတောင်မြတ်တာ..။" ထိုသိုတွေး၍ ငါးသောင်းနှင့်ရောင်းလိုက်သည်...။ ကျောက်ကုန်သည် သည် ထိုကျောက်လေးအား ကျောက်သွေးလိုက်သည်..။ ကျောက်သွေးပြီနောက် ထိုကျောက်လေးကိုကျောက်ပွဲစားမျာအား ပြသည်...။ ထိုကျောက်လေးကို လေလံတင်၍ ရောင်းသည်..။ ထိုကျောက်လေး၏ တန်းဖိုးမှာ နောက်ဆုံးတွင် သိန်းငါးရာနှင် ရောင်းချဖြစ်သွားပါသည်.။ အထက်ဖော်ပြပါပုံပြင်လေးကို ကျွန်တော်ငယ်စဉ် ရှစ်တန်းကျောင်းသား ဘဝတွင် ဆရာဦးသက်တင် က အခန်းထဲရှိကျောင်းသား/သူ တိုင်းကို စာသင်ချိန်တွင် ပြောကြားခဲ့သောပုံပြင်ကလေးဖြစ်ပါသည်...။ ပုံပြင်သည်ရိုးရှင်း၍ စိတ်ဝင်စားစရာလုံးဝမကောင်းပါ သို့ပေမဲ့ ပုံပြင် လေးက ကျွန်တော်တို့၏ အတွေးအခေါ်ကို ပိုမိုရင့်ကျက်စေခဲ့ပါသည်..။ ကျောက်တစ်ပွင့်၏ တန်ဖိုးသည် ကျောက်ကြည့်သူ၏ အတွေးအခေါ်နှင့် ပညာမှာသာ မူတည်နေပါသည်..။ ကျောက်ကောင်း ကျောက်ပွင့်တို့ဟူသည် မသွေးခင် အချိန်က ကျောက်၇ိုင်းတုန်းများသာဖြစ်ပါသည်...။ ထိုအပြင် ကျွန်တော်တို့ ပညာသင်နေခြင်းသည် ကျောက်တစ်ပွင့်၏ တန်ဖိုး အစစ်အမှန်ကို ဆုံဖြတ်တတ်ဖို့ ပညာသင်နေခြင်းမဟုတ်ပါ့လား...။ ဆရာက ထိုပုံပြင်လေးကို ပြောကြားပြီးနောက် ဆရာနောက်ဆုံးပြောခဲ့သောစကားသည်..။ တပည်တို့သည် ကျောက်ရိုင်းတုန်းလေးနှင့် ပုံတူလေသည်..။ တပည်တို့၏ အရည်အချင်းကို ပညာနှင့် သွေးလျင် တန်ဖိုးရှိသော ကျောက်ပွင့်ကလေးများ ဖြစ်လာမှာသေချာပါတယ်။ ထိုပုံပြင်လေးကိုနားထောင်ပြီးနောက် ကျွန်တော်စိတ်ထဲတွင် ငါသည် ကျောက်ရိုင်းတစ်တုံးဖြစ်လေသည်..။ ငါ၏တန်ဖိုးသည် ငါ့ကိုမြင်သူကြည့်သူ၏ အရည်အချင်း အပေါ်မူတည်၍ နည်းချင်နည်းမည်။ များချင်များမည်..။ မည်သူငါကိုမကောင်းဘူးပြောပြော ငါသည် ကျောက်တစ်ပွင့်ဖြစ်သည်အတွက် ငါ ပကတိ တန်းဖိုးရှော့နည်းသွားမည်မဟုတ်..။ ငါ့ကိုယ်ငါ့ ပညာနှင့် သွေးရမည်ဟု စိတ်နုလုံကိုသွင်း၍ ကြိုးစားခဲ့ပါသည်...။ ထိုအတူ ကျွန်တော်တို့၏ သူငယ်ချင်းများ ယခုစာဖတ်သူတို့သည်လည်း ကျောက်ရိုင်းတစ်တုံးသာ ဖြစ်သည်မဟုတ်ပါလား..။ မိမိကိုယ်ကိုယ် ပညာဖြင့် ကျောက်ကောင်းတစ်ပွင့်ဖြစ်စေရန် သွေးကြပါစို့လား...။ ဆရာဦးသက်တင်၏ ဂုဏ်ကျေးဇူးကို ဦညွှန့်လျက် ရိုကျိုးကန့်တော့ လျှက် ယခုဆောင်းပါးကိုရေးသားပါသည်...။ -- TBR(လင်း)

Artikel lesen   Kommentar hinzufügen

မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၄

Geschrieben am 21.03.2011 von tharhtootbr

ကာချင်း

From Myanmar Online Encyclopedia

ကာချင်းဟူသည် လက်တစ်ဖက်တွင် ဓား၊ လှံ စသည်တို့ကိုကိုင်လျှက် ကျန်တစ်ဖက်တွင် ကာကိုကိုင်ကာ ကသည့်အခါ သီဆိုသော သီချင်းဖြစ်သဖြင့် ကာချင်းဟူ၍ ခေါ်သည်။ မြန်မာစာပေသမိုင်းတွင် ရဲရင့် ခန့်ညား ထယ်ဝါသော ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေသည့် စစ်ချီသီချင်း အဖွဲ့ဖြစ်သော ကာချင်းသည် တစ်ခုအပါအ၀င် ဖြစ်သည်။ ပင်းယခေတ် ကောင်းစားသည့် သက္ကရာဇ် ၆၇၄-ခုနှစ်၊ တစ်စီးရှင် သီဟသူမင်း လက်ထက်တွင် ကာချင်း ပေါ်ပေါက်လာခဲ့သည်။

ကာချင်း အဖွဲ့သည် ရဲရင့်၏၊ မာန်ဝင့်၏၊ တက်ကြွရွတ်ဆိုရသူ၏ စိတ်ကို မျိုးချစ်စိတ်ဖြင့် ပြည့်လျှမ်းစေသည်။ ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေ၏။ ဖြတ်လပ်မှု၊ စိတ်ထက်သန်မှု၊ စွန့်စားမှု၊ သတ္တိရှိမှုကို ဖြစ်စေသည်။ စစ်သွေးစစ်မာန်ကြွ၍ ဓားရေး၊ လှံရေး ပြလိုသော် စစ်သည် သူရဲကောင်းစိတ်မျိုး ၀င်စေသည်။ ထို့ပြင်တိုင်းပြည်၏ ပတ်ဝန်းကျင် သာယာပုံတို့ကို ရောယှက်၍ ဖွဲ့ဆိုထားခြင်းဖြင့် ဖတ်ရှုရသူ၏ စိတ်နုလုံးကို ညွှတ်နူး အေးချမ်းစေ၏။

သက္ကရာဇ် ၇၀၄-ခုနှစ်၊ မြင်စိုင်း ငါးစီးရှင်ကျော်စွာ ကိုယ်တော်တိုင် ကတော်မူသည့် ကာချင်းသည်လည်း တက်ကြွမှု၊ ရဲရင့်မှု အပြည့်အ၀ ပါရှိလေသည်။

`တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်းတကောင်းသားလော၊ တကောင်းတကောင်း´
အစချီသော ပထမအပိုဒ်တွင် ကျုံးရေတံတိုင်း ကာဆီး၍ ဆင်မြင်းစစ်အင်အား ပြည့်စုံပုံကို ရေးဖွဲ့ခဲ့သည်။
`တာဝတိန်သာ နတ်ရွာလော၊ နတ်ရွာလော၊ ဟုတ်တည်းသျှင်ချင်း သျှင်ချင်း။ ဟုတ်တည်း ဆွေရင်း ဆွေရင်း။ ဟုတ်တည်းသည်းရင်း သည်းရင်း။ ။မြင်စိုင်းဟူသည်၊ ရွှေပြည် ရွှေပြည်´
စသည်အားဖြင့် မြင်စိုင်းပြည်သူ စစ်သည် သူရဲတို့၏ မျိုးချစ်စိတ် စစ်သွေးစစ်မာန် တက်ကြွလာအောင် ရာသီပန်းမန် မြို့ပြ အခြေအနေများနှင့် ရောစပ်ကာ ရေးဖွဲ့စပ်ဆိုခဲ့သည်။ ဤကာချင်းများကို သီဆိုကခုန်ခြင်းဖြင့် စစ်သွေးစစ်မာန် တက်ကြွကာ တိုင်းပြည်နှင့် အမျိုးကို ချစ်သည့်စိတ်များ တိုးပွားလာစေခဲ့သည်။[1]


ကာချင်းသည် ရှေးကျသော မြန်မာကဗျာ အဖွဲ့ အနွဲ့တစ်မျိုးဖြစ်သည်။ ထိုကဗျာမှာ သီချင်းသဘောလည်း သက်ဝင်၍၊ ပင်းယခေတ်တွင် ဒိုင်းများ ကာများကို ကိုင် ဆောင်ကာ စစ်ဟန်ခင်းကျင်း ကခုန်ယင်း သီဆိုလေ့ရှိသဖြင့် ကာသီချင်း ကာချင်းဟုခေါ်ဆိုခြင်းဖြစ်သည်။

မြန်မာဂန္ဓဝင်တွင် ကာချင်းအနည်းငယ်မျှသာ တွေ့ရသည်။ ပြည်မင်း မျက်နှာရှည်လက်ထက် ရေးသားခဲ့သော 'အုံ့ကာမည်း ကြားကာရိုက်ကြိုး၊ ပျဉ်ထောင်မိုး' အစချီ ကာချင်းတစ်ပုဒ်၊ သက္ကရာဇ် ၆၇၄ ခုနှစ် ပင်းယ တစ်စီးရှင် သီဟသူမင်း လက်ထက် ရေးသားခဲ့သော 'ခါးပတ်တော်မှာ ရွှေခြည်စုံ၊ မှိုင်းလုံး ရွှေဝတ်လုံ၊ မလုံသာချမ်းအေး' အစချီ ကာချင်း တစ်ပုဒ် အပြင် သက္ကရာဇ် ၇ဝ၄ ခုနှစ် မြင်စိုင်း ငါးစီးရှင် ကျော်စွာမင်း ကိုယ်တိုင် သီဆိုကခုန်ခဲ့သော 'တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်း ဘကောင်း သားလော၊ ဘကောင်း ဘကောင်း'အစချီ ကာချင်းနှင့်'တာဝတိံသာ နတ်ရွာ လော၊ နတ်ရွာလော၊ ဟုတ်တည်း သျှင်ချင်း သျှင်ချင်း' အစ ချီသော ကာချင်းတို့ကိုသာလျှင် ယခုအခါ တွေ့ရတော့သည်။

ပင်းယခေတ် လွန်ပြီးနောက် အင်းဝခေတ် ကုန်းဘောင် ခေတ်များတွင် ကာချင်းများစပ်ဆိုသည်ကို မတွေ့ ရချေ။ ကာချင်းတွင် အဲအဏ်တို့တွင်ကဲ့သို့ ရာသီပန်းမာလ် မြို့ပြ အခြေအနေများကို ထည့်သွင်းစပ်ဆိုလေ့ ရှိသည်၊ ကာကို ကိုင် ၍ ကရသော သီချင်းဖြစ်သော်လည်း ရဲတင်း ရဲချင်း အဖွဲ့အနွဲ့ များလောက် စိတ်စိတ် စစ်သွေး ဇာတိမန်ကို နိုးဆော်သော သီချင်းမျိုးကား မဟုတ်ချေ။

ကာချင်း၏ ကာရန်စနစ်မှာ လေးလုံးစပ် မဟုတ်သော်လည်း လေးလုံးစပ်မှ ဆက်ပွားသော စနစ်ပင် ဖြစ်သည်။ လူးတားများ တွင် ရတုညှပ်သကဲ့သို့ ကာချင်းတွင်လည်း သံပေါက်ညှပ်၍ စပ်ဆိုလေ့ရှိသည်။[2]

 

ပင်းယခေတ်၊စစ်ကိုင်းခေတ်  ပြီးနောက် အင်းဝခေတ်ကို ကျွန်တော်ဆက်လက်မျှဝေပါမည်..။

အင်းဝခေတ်

From Myanmar Online Encyclopedia

ပင်းယမြို့တည်တစ်စီးရှင် သီဟသူ၏ မြေးတော် သတိုးမင်းဖျားက သက္ကရာဇ် ၇၂၆ (AD ၁၃၆၄ ) တွင် အင်းဝ တွင် မြို့တည်ထီးနန်း စိုးစံချိန် မှအစပြုကာ သက္ကရာဇ် ၉၁၆ (AD ၁၅၅၄)တွင် နန်းကျခဲ့သောစစ်ကိုင်းနရပတိစည်သူ (ခေါ်) စည်သူကျော်ထင် အထိ ၊ မင်းဆက် ၃၀-ဆက် ၊ နှစ်ပေါင်း (၁၉၀)တိုင်ခဲ့သောခေတ်ကို အင်းဝခေတ် ဟု ခေါ်တွင်သည်။သို့သော် အချို့သော သမိုင်းပညာရှင်များက ပထမအင်းဝခေတ် ဟုလည်း သတ်မှတ်ကြပါသည်။ [1]

ထိုခေတ်တစ်လျှောက်လုံးတွင် တောင်ဖက်မှ မွန်တို့နှင့်လည်းကောင်း၊မြောက်ပိုင်းမှ မောဝ်ရှမ်းများနှင့် လည်းကောင်း စစ်ပွဲများအစဉ်အဆက် ခင်းကျင်းတိုက်ခိုက်ခဲ့ကြပြီး ရံဖန်ရံခါတွင် ရခိုင်နှင့်လည်း စစ်ပြုကြသည်။ ထိုစစ်ပွဲများ၏ ဒဏ်ချက်များကြောင့် နောက်ပိုင်းမင်းဆက်များသည် သြဇာအင်အားနည်းပါးခြင်းသို့ရောက်ကာ လက်အောက်ခံများကလည်း အသီသီး အာခံလာကြသည်။ ရာဇ၀င်တွင် ထင်ရှားသည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် မြောက်ပိုင်းမှ မောဝ်ရှမ်းအကြီးအကဲ မိုးညှင်းစလုံနှင့် သားဖြစ်သူ သိုဟန်ဘွားတို့က တိုက်ခိုက်သဖြင့် ကာ ရွှေနန်းကျော့ရှင်ကျဆုံးပြီး အင်းဝကျလေသည်။[2] ထိုမှ တစ်ထီးတစ်နန်းထူထောင်သည့် ရှမ်းမင်းသုံးပါး (သိုဟန်ဘွားအုန်းဘောင်ခုံမှိုင်းမိုးဗြဲနရပတိ)တို့လက်ထက်တွင် တောင်ဖက်မှ ဟံသာဝတီကိုသိမ်းယူကာ အင်အားကြီးလာသည့် တောင်ငူမှ တပင်ရွှေထီးနှင့် ဆက်လက်၍ စစ်ခင်းကြသည်။ ထိုနောက် စစ်ကိုင်းမှနေ၍ အင်းဝမှ မိုးဗြဲနရပတိကို တိုက်ခိုက်ပြီး နန်းတက်လာသည့် စစ်ကိုင်းနရပတိစည်သူ လက်ထက်တွင်မူ ဘုရင့်နောင်၏ တိုက်ခိုက်မှုကြောင့် နန်းကျကာ (ပထမ)အင်းဝခေတ်လည်း ကုန်ဆုံးလေသည်။[3]

 

အင်းဝခေတ်တွင် မင်းဆက် ၃၀ ရှိခဲ့သည် ယင်းတို့မှာ--

သတိုးမင်းဖျားမင်းကြီးစွာစော်ကဲဆင်ဖြူရှင်တရဖျားပထမမင်းခေါင်ဆင်ဖြူရှင်သီဟသူမင်းလှငယ်ကလေးကျေးတောင်ညိုမိုးညှင်းသတိုးမင်းရဲကျော်စွာ(၁)နရပတိပြည်စုန်သီဟသူဒုတိယမင်းခေါင်ရွှေနန်းကျော့ရှင်နရပတိသိုဟန်ဘွားအုန်းဘောင်ခုံမှိုင်းမိုးဗြဲနရပတိစစ်ကိုင်းနရပတိစည်သူသတိုးမင်းစောအမတ်လင်္ကျာစည်သူမင်းရဲကျော်စွာ(၂)ညောင်ရမ်းမင်းတရားကြီးအနောက်ဖက်လွန်မင်းသတိုးဓမ္မရာဇာပင်းတလဲမင်းပြည်မင်းနရာဝရမင်းရဲကျော်ထင်စနေမင်းတနင်္ဂနွေမင်းမဟာဓမ္မရာဇာဓိပတိ

သတိုးမင်းဖျား

From Myanmar Online Encyclopedia

သတိုးမင်းဖျားသည် ခရစ်နှစ် (၁၃၆၄-၁၃၆၈)တွင် အင်းဝမင်းဆက်အား စတင်တည်ထောင်သူ၊ အင်းဝမြို့ကို စတင်တည်ထောင်သူ အဖြစ်အသိများကြသည်။သတိုးမင်းဖျားသည် မြန်မာ-ရှမ်းဖြစ်သည်။ မိခင်၏ အဘိုးမှ ရှမ်းညီနောင်သုံးဦးမှ အငယ်ဆုံးဖြစ်သည့် ပင်းယမြို့တည် တစ်စီးရှင် သီဟသူ ဖြစ်သည်။

ပုဂံပျက်ပြီးနောက် တည်ထောင်ကြသည့် ပင်းယနှင့် စစ်ကိုင်းမြို့များအချင်းချင်းမညီညွှတ်သဖြင့် မြောက်ပိုင်းဒေသမှ ရှမ်းအကြီးအကဲ သိုချီဘွားက တိုက်ခိုက်ဖျက်ဆီးရန၄်လာသည်။ စစ်ကိုင်းမင်း မင်းပြောက်လည်း ရန်သူတို့ကို တကောင်းမှဆီးကြိုခုခံရန်အတွက် တူတော်ရာဟုလာ အားစေလွှတ်သည်။ အင်အားချင်းမမျှသဖြင့် ဆုတ်ရရာ မင်းပြောက်လည်း အမျက်ထွက်သဖြင့် သံခြေချင်းဖြင့် ကြခတ်ဝရာသို့ ပို့စေသည်။ မောဝ်တို့၏ ရန်စစ်ကို မခံနိုင်သဖြင့် ကြခတ်ဝရာသို့ မင်းပြောက် ပြေးလာခဲ့သောအခါ အငြိုးဖြင့် သတ်ပစ်ခဲ့သည်။ နောက် မငြိမ်မသက်ဖြစ်နေသည့် မြန်မာနိုင်ငံအလယ်ပိုင်းကို ရာဟုလာဟုငယ်မည်ရှိသည့် သတိုးမင်းဖျားက ပြန်လည်သိမ်းသွင်းခဲ့သည်။ အင်းဝမြို့တည်နေရာရှိ အင်းများကို မြေဖို့ကာ တစ်နှစ်အတွင်း အပြီးသတ်ဆောင်ရွက်ခဲ့သည်။ သို့ဖြင့် အဖိုးဖြစ်သူ သီဟသူသုံးကြိမ်တိုင်တိုင် မအောင်မြင်ခဲ့သည့် အင်းဝမြို့တည်ခြင်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်။ ၁၊ ဖေဖော်ဝါရီ၊ ၁၃၆၅တွင် အင်းဝမြို့ကို မင်းနေပြည်တော်အဖြစ် စတင်တည်ထောင်နိုင်ခဲ့သည်။ နန်းတက်ပွဲတွင် နန်းတော်တည်ဆောက်ထားသည့် သစ်များ၊ကြမ်းများအစေ့အစပ်မရှိသည်ကို တွေ့လျှင် "တရိန်းမစပ်"ဟုဆိုလေသည်။ ထိုသို့ပြောသည်ကို ပညာရှိတို့ကြားလျှင် နန်းသက်သုံးနှစ်သာရှိသည်ဟု နိမိတ်ဖတ်ကြလေသည်။ ထိုတိုတောင်းလှသည့် နန်းသက်(၃နှစ်)အတွင်းတွင် နယ်ပယ်ချဲ့ထွင်ရေး နှင့် တိုင်းပြည်တည်ငြိမ်ရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

အရည်းကြီးရှင်ယောင်များအား သုတ်သင်ပုံ၊ သူခိုးကြီးငတက်ပြား အားဖမ်းဆီးပုံ နှင့် ဓါးပြတစ်ဦးအား သတ်ဖြတ်ပြီးနောက် အလောင်း၏ ရင်ဘတ်ပေါ်တွင် ထမင်းစားပြပုံများ ကို မြန်မာရာဇ၀င်များတွင် ဖွဲ့နွဲ့ရေးသား ဖော်ပြကြသည်။ ကျောက်ရောဂါဖြင့် သတိုးမင်းဖျားလွန်လျှင် မှုးမတ်တို့က ရမည်းသင်းစား သီလ၀ကို နန်းအပ်ကြသော်လည်း သီလ၀က `မိမိမှာ တစ်သက်မှ သုံးခါသာ ရီဖူးသည့်အတွက် အိနြေ္ဒကြီးလှသည်။ မင်းဖြစ်ရန်မသင့်။´ဟုဆိုကာ သတိုးမင်းဖျား၏ ယောက်ဖဖြစ်သူ အမြင့်စား စွာစော်ကဲကို နန်းတင်ရန် ဆိုသဖြင့် မင်းကြီးစွာစော်ကဲ အင်းဝထီးနန်းကို စိုးစံသည်။

မင်းကြီးစွာစော်ကဲ

From Myanmar Online Encyclopedia

အင်းဝမြို့တည်မင်းဖြစ်သည့် သတိုးမင်းဖျား နတ်ရွာစံလျှင် မှုးမတ်ဖြစ်သူတို့က ရမည်းသင်းစား သီလ၀ကို နန်းအပ်သော်လည်း ၄င်းက လက်မခံပဲ အမြင့်စား စွာစော်ကဲကို မင်းပြုစေသဖြင့် မင်းကြီးစွာစော်ကဲ(၁၃၆၈-၁၄၀၀)အင်းဝတွင် နန်းတက်သည်။ တရဖျားဘွဲ့ခံသည်ဟုလည်း မူကွဲရှိသော်လည်း မြန်မာ့သမိုင်းတွင် စွာစော်ကဲအဖြစ်သာ ဖော်ပြကြသည်။ နန်းတက်ပြီးနောက် မွန်တို့ဒေသ ရာမညတွင် ဟံသာဝတီမှ ရာဇာဓိရာဇ်(ဗညားနွဲ့) နှင့် ဦးရီးတော်များမညီမညွှတ်ဖြစ်နေကြောင်းသိရပြီး မြောင်းမြစား လောက်ဖျားက ဟံသာဝတီကို အတူတကွပူးပေါင်းတိုက်ခိုက်ရန် စာပေးပို့ စည်းရုံးသောကြောင့် ဟံသာဝတီသို့ စစ်ချီလေသည်။ သို့ရာတွင် ငယ်ရွယ်ပြီး အစွမ်းအစရှိသူ ရာဇာဓိရာဇ်အား အနိုင်ရအောင်မစွမ်းစောင်နိုင်ပဲ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုနောက် အင်းဝပိုင် ကူထွတ်(ယနေ့မြန်အောင်) နှင့် အလွဲတို့ကို ရာဇာဓိရာဇ်က လာရောက်တိုက်ခိုက်သိမ်းပိုက်သဖြင့် ပြန်လှည်တိုက်ခိုက်တွန်းလှန်သည်။ အမတ်များလျှောက်တင်မှုကြောင့် ရာဇာဓိရာဇ်အလျော့ပေးကာ ကူထွတ်နှင့် အလွဲတို့ကို ပြန်လည်ပေးအပ်သဖြင့် သစ္စာပြုပြီး စစ်ပြေငြိမ်းကြသည်။ သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင်တရဖျား နန်းတက်၏။

ဆင်ဖြူရှင်တရဖျား

From Myanmar Online Encyclopedia

မင်းကြီးစွာစော်ကဲ နတ်ရွာစံပြီးလျှင် အိမ်ရှေ့မင်းဖြစ်သည့် သီဟသူ(မွန်မူတွင် မင်းနားကျယ်)က ဆင်ဖြုရှင်တရဖျား(တရဖျား-၄) (၁၄၀၀)ဘွဲ့ဖြင့် နန်းတက်သည်။ သို့သော် ခုနှစ်လအကြာတွင် တကောင်းစားငနောက်စံ လုပ်ကြံ၍လွန်သော် အဖတူအမိကွဲ ညီဖြစ်သူ မင်းဆွေက မင်းခေါင် အမည်ယူကာ နန်းတက်လေသည်။ ငနောက်စံကို မင်းခေါင်၏ညီ မင်းသိဒ္ဓတ် ကွပ်မျက်ပြီး နောင်တော်ကို နန်းတင်ခြင်းဖြစ်သည်။ လွန်လျှင် မြန်မာတို့ ရိုးရာအရ ကိုးကွယ်သည့် အပြင် ၃၇ မင်း မှ မင်းတရားနတ် ဖြစ်သည်ဟု ဆိုကြပါသည်။

ပထမမင်းခေါင်

From Myanmar Online Encyclopedia

ဆင်ဖြူရှင် လုပ်ကြံခံရပြီးနောက်တွင် အဖတူအမိကွဲညီတော်မင်းဆွေက မင်းခေါင်ဘွဲ့ဖြင့် နန်းတက်သည်။ မင်းကြီးစွာစော်ကဲ နှင့် ကန်စွန်းနိမ့်သူတို့ အိမ်နှိမ့်တွင် ဖွားမြင်သူဖြစ်သည်။ ၄င်းလက်ထက်တွင် ရာဇာဓိရာဇ်နှင့် အဓိကယှဉ်ပြိုင်ကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်သည်။ ရှေးဦးစွာ ရာဇာဓိရာဇ်၏ ဟံသာဝတီတပ်များ အင်းဝကိုသာမက တကောင်းထိချီတက်တိုက်ခိုက်ကျူးကျော်လာသည်ကို ခံရသည်။ ပင်းယသူကြိုသူမြတ် အမည်ရှိ ရဟန်းတစ်ပါးက နှုတ်ရေးဖြင့် ဟံသာဝတီတပ်များ အင်းဝကို ၀န်းရံထားသည်မှ ဆုတ်ခွာရန် စွမ်းဆောင်ပေးသဖြင့် သက်သာရာရခဲ့သည်။ ဟံသာဝတီ နှင့် အပြန်အလှန် စစ်ပြုရင်း မွန်သူရဲကောင်း လဂွန်းအိန်၏ လုပ်ကြံမှုကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရသည်။ နန်းသက်နောက်ပိုင်းတွင် သားတော်မင်းရဲကျော်စွာ(မွန်မူတွင် မင်းဖြူ)၏ အစွမ်းဖြင့် ရှမ်းပြည်တစ်လွှားကိုလည်းကောင်း၊ ရခိုင်ကိုလည်းကောင်း သိမ်းသွင်းနိုင်ခဲ့သည်။ သို့သော် နတ်ရွာမစံမှီ မင်းရဲကျော်စွာတစ်ယောက် ရာဇာဓိရာဇ်နှင့် ဆင်စီးချင်းထိုးရာ ကျဆုံးသွားသဖြင့် ဘုရင်မင်းခေါင်မှာ ခြေလွတ်လက်လွတ်ဘ၀ရောက်ခဲ့ရသည်။ ဘုရင်မင်းခေါင်နတ်ရွာစံလျှင် သားတော် ဆင်ဖြူရှင် သီဟသူက အင်းဝထီးနန်းကို ဆက်ခံသည်။

မင်းခေါင်နှင့် တံတားဦး

မင်းဆွေအဖြစ်နှင့် မင်းသားငယ်ဘ၀က ပညာသင်စဉ် တစ်ညတွင် ထူးဆန်းသောအိပ်မက်ကို မက်မြင်သည်။ အင်းဝကို ဗိုက်မှထွက်သော အူတို့ဖြင့် ရစ်ပတ်သည် ဟုမက်မြင်ခြင်းဖြစ်သည်။ အိပ်မက်မှနိုးသော် ပညာသင်ကြားပေးသည့် ဆရာတော်အားလျှောက်တင်လေသည်။ ထိုအခါဆရာတော်က ခြေဖြင့် မင်းဆွေအား အလျင်ကန်ပြီး နောင်တွင်မင်းဖြစ်ပါက ငါ့ကိုမမေ့ရန် ကန်ခြင်းဖြစ်သည် ဟုဆိုသည်။ မင်းဖြစ်ပါက အင်းဝမှ ရေလွှမ်းရာ ခြိုင့်ဝှမ်းကြီးကိုဖြတ်ကာ ယခု စံကျောင်းရှိရာနေရာသို့ တံတာထိုးရန် မိန့်သည်။ မင်းဆွေလည်း ဂတိခံခဲ့ပြီး မင်းဖြစ်လျှင် ဂတိအတိုင်း တံတားထိုးပေးခဲ့သည်။ ထိုသို့ တံတားထိုးရာ တံတားဦးချရာအရပ်(အင်းဝမှတစ်ဖက်ကမ်း)ကို ယနေ့တိုင် တံတားဦးမြို့ ဟုခေါ်သည်။

Artikel lesen   Kommentar hinzufügen

မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၃

Geschrieben am 16.03.2011 von tharhtootbr

ငါးစီးရှင်ကျော်စွာ

From Myanmar Online Encyclopedia

ငါးစီးရှင်ကျော်စွာသည် ပင်းယခေတ် တစ်စီးရှင် သီဟသူ ၏ သားတော်အငယ် ဖြစ်သည်။ (ခရစ်-၁၃၅၁)(ကောဇာ-၇၁၃)တွင် နန်းတက်သည်။ နန်းသက် ၉-နှစ်ဖြစ်သည်။ သားတော်သုံးပါးရှိသည်။ သားတော်အကြီးမှာ ဥဇနာပြောင်မင်း ဖြစ်သည်။ သားတော်အလတ်မှာ ကျော်စွာငယ်ဖြစ်ပြီး သားတော်အငယ်မှာ နရသူ(မောပါမင်း) ဖြစ်သည်။ ငါးစီးရှင်ကျော်စွာ ပြီးနောက် သားတော်အလတ် ကျော်စွာငယ် နန်းတက်သည်။ ကွယ်လွန်ပြီးနောက်တွင် မြန်မာတို့ရိုးရာအရ ကိုးကွယ်သည့် အပြင် ၃၇ မင်း အနက် ငါးစီးရှင်နတ် အဖြစ်သို့ရောက်သည်ဟု ယံကြည်ကြသည်။

ငါးစီးရှင်ကျော်စွာလက်ထက်တွင် ကာချင်း သီချင်းများ ခေတ်စားသည်။ ကိုယ်တော်တိုင် ကာချင်းသီဆို၍ ကသည်။

 

နရသူ(မောပါမင်း)

From Myanmar Online Encyclopedia

နရသူ(မောပါမင်း)သည် ငါးစီးရှင်ကျော်စွာ၏ သားတော်ငယ် ဖြစ်သည်။ နရသူသည် (ခရစ်နှစ်-၁၃၆၄)(ကောဇာ-၇၂၆)တွင် နန်းတက်သည်။ ၎င်းလက်ထက်တွင် စစ်ကိုင်းတွင်စိုးစံနေသော မင်းပြောက်အား မင်းမျိုးမင်းရိုးမမှန်သူဟု စွပ်စွဲကာ မသင့်မမြတ်ဖြစ်ကြသည်။ ထို့ကြောင့် နရသူက မောရှမ်း သိုချည်ဘွားအား စစ်ကိုင်းကို လာရောက်တိုက်ခိုက်ရန် ဖိတ်ခေါ်သည်။ သိုချည်ဘွားလည်း နရသူဖိတ်ခေါ်သည့် အတိုင်း စစ်ကိုင်းကို စစ်ချီ၍ တိုက်လျှင် မင်းပြောက်နှင့် တကွတစ်မြို့လုံး ကြခတ်ဝရာ ဘက်သို့ ထွက်ပြေးကြသည်။ တစ်ဖန် သိုချည်ဘွားသည် စစ်တိုက်ရာ မကူကောင်း လောဟု အမျက်ထွက်၍ ပင်းယကိုကူး၍ တိုက်ကာ နရသူကိုပါ ဖမ်းယူသွားလေသည်။ ထို့ကြောင့် မောပါနရသူဟု တွင်သည်။ [1]

 

အသိင်္ခယာစောယွန်း

From Myanmar Online Encyclopedia

ပင်းယမြို့တည် တစ်စီးရှင် သီဟသူမင်း၏ သားတော် မင်းစောယွန်းသည် သာသနာနှစ် ၁၈၅၉၊ ကောဇာသက္ကရာဇ်-၆၇၇တွင် စစ်ကိုင်းမြို့ကိုတည်၍ သီရိအသင်္ခယာဟူသော ဘွဲ့မည်ခံကာ မြန်မာပြည် မြောက်ဘက်တစ်လွှားကို မင်းပြုတော်မူသည်။ နံတော်=တနင်္လာသား၊ အိမ်နိမ့်=၁၄-နှစ်၊ နန်းသက်=၈-နှစ်၊ သက်တော်=၂၂-နှစ် တွင် နတ်ရွာစံသည်။ ကောဇာသက္ကရာဇ်-၆၈၀တွင် ထောင်သင်းအစုနှင့် မြင်းကိုးသင်း ဘွဲ့တော်မူ၏။ ထို့ကြောင့် (ယခုတိုင် စစ်ကိုင်းထောင်သင်း)ဟု၍ တွင်သည်။ အသိင်္ခယာစောယွန်းသည် ဘုန်းလက်ရုံးအာဏာနှင့် ပြည့်စုံတော်မူ၏။ ပြည်သူလူထု ရဟန်းတို့အားလည်း သနားကြင်နာတော်မူသည်။ သက္ကရာဇ် ၆၈၂-ခုနှစ်တွင် စင်္ကြန်ကျောင်းဆောက်လုပ်တော်မူပြီး ၆၈၄-ခုတွင် ပြီးစီးသည်။ ထိုနှစ်မှာပင် နတ်ရွာစံတော်မူပြီး နောင်တော် တရဖျားကြီး နန်းဆက်ခံသည်။ [1]

  • ရာဇ၀င်ကျော်တွင် သာသနာနှစ် ၁၈၅၂၊ ကောဇာသက္ကရာဇ်-၆၇၀ ဟုပြဆိုသည်။ [2]

အသိင်္ခယာစောယွန်းတွင် သမီးတော် စိုးမင်းကိုယ်တော်ကြီး၊ သားတော် ကျော်စွာမင်း၊ သားတော် နော်ရထာမင်းရဲ(မင်းရဲမင်းကြီး)၊ သားတော် ရတဖျားငယ်မင်း လေးပါးရှိသည်။

 

မင်းပြောက်

From Myanmar Online Encyclopedia

မင်းပြောက်သည် ရတဖျားငယ်မင်း၏ ယောက်ဖဖြစ်သည်။ မင်းမျိုးမဟုတ်။ မင်းပြောက်သည် (ခရစ်နှစ်-၁၃၆၄)(ကောဇာ သက္ကရာဇ်-၇၂၆)တွင် နန်းတက်သည်။ ပင်းယရှိ နရသူ(မောပါမင်း)နှင့် မသင့်တင့်ပေ။ နရသူ၏ ဖိတ်ကြားမှုကြောင့် မောရှမ်း သိုချည်ဘွားတို့ လာရောက်တိုက်ခိုက် သည်။[1]ထိုတွင် ထိုသတင်းကို မင်းပြောက်ကြားလျှင် တူတော်သူ ရာဟုလာ(နောင်တွင် သတိုးမင်းဖျား ဖြစ်မည့်သူ) အားတကောင်းမှ ဆီးကြိုတိုက်စေသော်လည်း အင်အားချင်းမမျှသဖြင့် ဆုတ်ရသည်။ မင်းပြောက်လည်း အမျက်ထွက်ကာ ရာဟုလာအား သံခြေချင်းဖြင့် ကြခတ်ဝရာသို့ ပို့လေသည်။ နောက်ဆုံးတွင် မောဝ်ရှမ်းတို့၏ ရန်စစ်ကိုမခုခံနိုင်သဖြင့် ထွက်ပြေးရသည်။ ကြခတ်ဝရာသို့ ရောက်လျှင် တူတော်ရာဟုလာက အငြိုးဖြင့် သတ်သဖြင့် လွန်လေသည်။ [2]

 

ပင်းယမြို့

From Myanmar Online Encyclopedia

(Redirected from ပင်းယ)

ပင်းယမြို့သည် မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်သည်။ ပင်းယမြို့သည် ယနေ့အင်းဝမှ တောင်ဖက် ကျောက်ဆည်နယ် အနီးတွင် တည်ရှိသည်။ ပင်းယမြို့ကို စတင်တည်ထောင်သူမှာ တစ်စီးရှင်သီဟသူ ဖြစ်သည်။ ပင်းယကို မတည်မီက အင်းဝနေရာတွင် မြို့တည်ရန် ၃ကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်သဖြင့် ပင်းယနေရာသို့ ပြောင်းရွေ့ကာ မြို့တည်ခြင်းဖြစ်သည်။ [1]

[ပြင်ဆင်ရန် ] မြို့အမည်ခေါ်တွင်ပုံ

ပုဂံခေတ်ကုန်ဆုံးချိန်တွင် နောင်တော်နှစ်ပါးနတ်ရွာစံသဖြင့် တစ်စီးရှင် သီဟသူသည် ၀ိဇယပူရ ဘွဲ့ချီသော ပင်းယမြို့ကို တည်ထောင်တော်မူသည်။ မြို့တည်စဉ်အခါက ရွှေစည်းခုံ ဘုရားရှင်မြေကို တူးရာ ရွှေအဆင်းကဲ့သို့ ရှိသော အရိုး၊ အခက်၊ အရွက်၊ အသီးနှင့်တကွ ရွှေပန်းပင်တစ်ပင် မြေတွင်ရ၍ ပန်းရ နောင်တွင် ပင်းယ ဟုတွင်သည်။ သို့သော် မြို့တည်စဉ်က သတ်မှတ်ခဲ့သော အမည်မှာ ဝိဇယပူရ ဖြစ်သည်။

မြို့နန်းတည်ပြီးလျှင် နန်းဖွင့်အပ်သော အစီအရင်ကို မသိကုန်သောကြောင့် ပုဂံမှ မိဖုရား ဖွားစောကို ရွှေဖောင်တော်နှင့် ပင့်ရသည်။ ဖွားစောအစီအရင်ဖြင့် သီဟသူသည် နန်းဖွင့်မင်္ဂလာ၊ ထီးဆောင်းမင်္ဂလာ၊ ဘိသိက်မင်္ဂလာ၊ အခါတို့နှင့် တပြိုင်နက် သီရိတြိဘ၀နာဓိတျာပ၀ရ သီဟသူရ ဓမ္မရာဇာ အမည်ကို ခံတော်မူ၍ ဘိသိက်မြှောက်၏။ ထို့နောက် ဖွားစောက သီဟသူကို `ဘုန်းတန်ခိုးကြီးပေစွ´ ဟု ချီးမွန်းပြီးသော် အနော်ရထာလက်ထက်ကပင် ရှိသော ရွှေသောက်ရေတင်နှင့် ရွှေဓားကြိုးကို ပေးခဲ့သည်။ သီဟသူမင်းကြီးကလည်း ဖွားစောကို အခမ်းအနားအစုံ ပေးတော်မူသည်။ [2]

စတင်တည်ထောင်သူ တစ်စီးရှင်သီဟသူမှ နောက်ဆုံး ၆-ဆက်မြောက် မင်းဖြစ်သည့် ဥဇနာပြောင် ထိ မြို့၏သက်တမ်းမှာ ၅၂ နှစ် သာကြာသဖြင့် တိုတောင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။ ပင်းယနှင့် စစ်ကိုင်း နှစ်မြို့လုံးကို မြောက်ဖက်တစ်လွှားမှ မောဝ်ရှမ်းအကြီးအကဲ သိုချည်ဘွားက လာရောက်တိုက်ခိုက်သဖြင့် ပျက်စီးရခြင်းဖြစ်သည်။ ရှမ်းတို့ နရသူ အားဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဥဇနာပြောင် နန်းတက်သော်လည်း တစ်လကျော်အကြာတွင် စစ်ကိုင်းတွင် မင်းပြုနေသည့် သတိုးမင်းဖျားက လာရောက်တိုက်ခိုက်သည်။ ထို့နောက် အင်းဝမြို့ကို တည်ကာ မြို့တော်အဖြစ် သတ်မှတ်၍ ပြောင်းရွှေ့နန်းစံလေသည်။

 

စစ်ကိုင်းမြို့သမိုင်း

ခရစ်သက္ကရာဇ် ၁၃၁၅ ခုနှစ်လောက်တွင် (ပုဂံပျက်သုဉ်းသွားပြီးနောက်)ကာလအတန်ငယ်ကြာအောင် လွတ်လပ်သည့် ရှမ်းဘုရင့် နိုင်ငံဖြစ်ခဲ့သည်။ ၁၃၆၄ ခုနှစ်တွင် မြို့တော်ကို အင်းဝသို့ ယင်းမြို့တည် နန်းတည်သူ၏ မြေး သတိုးမင်းဖျားက ရွှေ့သွားတော်မှုသည်တွင် ဝန်းပတ်ခြာ အိမ်ဂေဟာတို့ကိုလည်း အင်းဝခေတ်၌ တည်ဆောက်ခဲ့သည်။

စစ်ကိုင်းမြို့ကို စဦးတည်တောင်သူမှာပုဂံခေတ် အကုန်တွင် သြဇာထူထောင်ကြသည့် ရှမ်းညီနောင်သုံးဦးအနက် အငယ်ဆုံးဖြစ်သည့် သီဟသူ မှဆင်းသက်သူ အသိင်္ခယာစောယွန်း ဖြစ်သည်။မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး “သာယာဝိုင်း စစ်ကိုင်းတည်”ဟု မှတ်သားခဲ့ကြသည်။ မူလအမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းဟု ပြောင်းလဲ ခေါ်တွင်ခဲ့သည်။

ကုန်းဘောင်ခေတ်ဦးတွင် နောင်တော်ကြီးမင်းသည် ရွှေဘို နှင့် စစ်ကိုင်း နှစ်ဌာနလုံးတွင် နန်းစံခဲ့သည်။ထို့ပြင် စဥ့်ကူးမင်းနန်းတက်လျှင် ဘထွေးတော်များကို နန်းလုမည်စိုးသဖြင့် အင်းဝမှ စစ်ကိုင်းအနီးအပါးရှိ ကျေးရွာများသို့ နှင်ခဲ့သည်။

ဒုတိယကမ္ဘာစစ် ဖြစ်သောအခါ၌ မန္တလေးမြို့မှ လူများသည် စစ်ကိုင်းတောင်သို့ ရှောင်ပြေးပုန်းကြရသည်ဟု သိရသည်။

Artikel lesen   Kommentar hinzufügen

မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၂

Geschrieben am 12.03.2011 von tharhtootbr

ဥပါလိသိမ်

From Myanmar Online Encyclopedia

ဥပါလိသိမ်

မြန်မာနိုင်ငံတွင် ဗုဒ္ဒသာသနာတော်သည် ပုဂံခေတ်မှစ၍ တဟုန်းထိုး တိုးတက်ပွင့်လင်း လာခဲ့သည်။ ထိုသို့ တိုးတက်လာသည့်နှင့်အမျှ သာသနာ့အာဇာနည်း ရဟန်း၊ သံဃာများ စွာလည်း ပေါ်ထွက်ခဲ့သည်။ ပေါ်ထွက်လာ သည့် ရဟန်း၊ သံဃာများ ကံဆောင်ရသည့် သိမ်များရှိမည်မှာ သေချာပါသည်။ ယနေ့ အချိန်တွင် ပုဂံခေတ်ကသိမ် များထဲမှ ဥပါလိသိမ် သာ ကျန်ရစ်ပြီး ကျန်သိမ်များအားလုံး ပျောက်ကွယ် သွားကြပြီဖြစ်သည်။

ဥပါလိသိမ်သည် ရဟန်းများ သိမ်ဝင်ရာ သိမ် အဆောက်အဦ ဖြစ်ပြီး ပုဂံခေတ်က ရှိခဲ့သော အုတ်ခုံ အဟောင်းပေါ်တွင် အေဒီ(၁၇၉၃)က သိမ် အဆောက်အဦအသစ် ထပ်မံဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဥပလိသိမ် ၏ အနောက်ဘက်မုခ် မြောက်နံရံရှိ မင်စာတွင် အနော်ရထာ မင်းကြီး နှင့် ဥပါလိမထေရ် တို့က သိမ်သမုတ်ကြောင်း ရှိသဖြင့် ဥပါလိသိမ်ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။

 

တည်နေရာ

ဥပါလိသိမ်သည် ပုဂံ - ညောင်ဦးကားလမ်းမ ဘေးတွင်ရှိသည်။ ပုဂံမှ ညောင်ဦးသို့ လာလျှင် ထီးလိုမင်းလို ဘုရားမရောက်ခင် ၀ဲဘက်တွင်တည်ရှိပြီ၊ ညောင်ဦးမှ ပုဂံသို့လာ လျှင် ထီးလိုမင်းလို ဘုရားအလွန် ညာဘက် တွင်ရှိသည်။

 

ပုံသဏ္ဍန်

ပုံသဏ္ဍန်မှာ လေးထောင့် ရှည်လျားလျားပုံစံဖြစ်သည်။ ခန်းမအတွင်း အနောက်ဘက်ပိုင်း အစွန်၌ အုတ်ပုလ္လင်တံကဲနှင့် ဆင်းဆုတော်တစ်ဆူ စံပယ်တော်မူသည်။

 

အတွင်းနံရံ

အတွင်းခန်းမနံရံ၌ ပန်းချီဆေးရေးပုံများရှိသည်။ ပန်းချီဆေးရေးပုံများမှာ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ၊ တောထွက်ခန်းနှင့် အခြားဗုဒ္ဒ၀င်ဇာတ်လမ်းများ၊ လှပသော ကနုတ်ပန်း၊ ခြူးပန်း၊ ခြူးနွယ်များကို ရေးဆွဲထားသည်။ ဥပါလိသိမ် အတွင်းတွင် ကုန်းဘောင်ခေတ် နံရံဆေးရေး ပန်းချီများ ဖြစ်သည့် နှစ်ကျိတ် ရှစ်ဆူ ဘုရားများ၊ ဗုဒ္ဓ တောထွက်ခန်း၊ ဆံတော်ပယ်ခန်း စသည့် ဗုဒ္ဓ၀င် ဇာတ်ကွက်များ၊ ကနုတ်ပန်း နှင့် ခြူးပန်း ခြူးနွယ်များ၊ နံရံအောက် ဘက်တန်း များတွင် မြတ်စွာဘုရား ၀ါဆိုစဉ်များ ရှိသည်။

ဥပါလိသိမ် အပြင်ဘက်ရှိ ကုန်းဘောင်ခေတ် အင်္ဂတေ ပန်းတော့ လက်ရာများကို လေ့လာနိုင် သည်။

(၈) ဇူလိုင် (၁၉၇၅) ငလျင်ဒဏ် ကြောင့် ဥပါလိသိမ် အမိုးအက်ကွဲကာ အတွင်းဘက်သို့ အိကျ ခဲ့သည့် အတွက် အတွင်း နံရံမှ ခရစ်(၁၈) ရာစု နံရံဆေးရေး ပန်းချီများနှင့် မင်စာများ ပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။ 

မြင်းကပါ

မြင်းကပါရွာသည် ပုဂံမြို့ဟောင်း တောင်ဘက်ရှိ သမိုင်းဝင်နယ်မြေ တစ်ခုဖြစ်သလို ယွန်းအနုပညာကြောင့် လူသိများသည်။ ပုဂံခေတ်ဦးပိုင်းက ရွာကြီး(၁၉)ရွာကို စုပေါင်း၍ ပုဂံနေပြည်တော်ကြီးကို စတင်ထူထောင်ခဲ့ရာ မြင်းကပါရွာသည် အဓိက ပါဝင်ခဲ့သည်။ ရှေးက အနုရာဓဟု ခေါ်ခဲ့၏။ သက္ကရာဇ် (၆၀၀)ခုနှစ် ပါ “မြင်းကပါဗီဇယ်တို့” ကျောက်စာတွင် “မြင်ဂဗာ” ဟု ရေးထုံးကို အစောဆုံး တွေ့ရသည်။ မနူဟာမင်းကြီး ကျောက်စာတွင် “မြင်းကပါရွာ သူဋ္ဌေးထံ လက်စွပ်ကို ရောင်းချကြောင်း” တွေ့ရသည်။

မြင်းကပ၊ မြင်းပုဂံ၊ မြင်းကမ္ဘာ၊ မြင်းကပါ ဟု ရေးထုံး အခေါ်အဝေါ် ကွဲလွဲမှုများ ရှိသည်။

အနော်ရထာ မင်း လှံချက်ထိသွားသော နောင်တော်စုက္ကတေး မြင်းပေါ်က ကျသည်။ စုက္ကတေး၏ မြင်းသည် ကကြိုးတန်ဆာ အစုံအလင်ဖြင့် ယခုမြင်းကပါအရပ်သို့ ပြေးလာသည်။ ထိုအရပ်ရှိ လူများက ကကြိုးတန်ဆာသာပါသော မြင်းကိုပဲ တွေ့ကြရသဖြင့် မြင်းကသာပါလာတော့သည် ဟု ပြောကြရာမှ မြင်းကပါရွာ ဖြစ်လာသည်ဟု ဆိုသည်။


စေတီပုထိုးများ

မြင်းကပါရွာတွင် မြင်းကပါပုထိုး၊ မြစေတီဘုရား၊ မနုဟာဘုရား၊ နန်းဘုရား၊ ဥတ္တမဘုရား၊ ကျဆင်း ဂူဘုရားတို့ အဓိကရှိသည်။ အပါယ်ရတနာ၊ နဂါးရုံ၊ တာမုနီ အုတ်ကျောင်း၊ မင်္ဂလာစေတီ၊ ကူပြောက်ကြီးနှင့် အရှေ့ ဖက်လိပ်စေတီ၊ အနောက် ဖက်လိပ်စေတီ၊ စသည်တို့သည်လည်း မြင်းကပါနယ်အတွင်း လေ့လာစရာများ ဖြစ်သည်။


မြင်းကပါရွာတွင် မူလက ရပ်ကွက်ကြီး သုံးခု ရှိသည်။ အရှေ့ကုန်း၊ အလယ်ကုန်း နှင့် တောင်ကုန်းတို့ ဖြစ်သည်။ အရှေ့ကုန်းမှာ အကြီးဆုံးဖြစ်၍ ရပ်ကွက်(၅)ခု ရှိသည်။ မြို့မရပ်၊ သမင်ခြံရပ်၊ သရက်ခြံရပ်၊ မြို့ရှေ့ခေါ် ကုလားကျောင်း နှင့် မြို့ညွန့်ရပ်တို့ ဖြစ်သည်။

ကမ္ဘာသိ ယွန်းရွာ

မင်္ဂလာစေတီ ရှိရာ မြင်းကပါရွာ မြောက်ဘက်အရပ်ကို ရှေးကပန်းပွတ်ရပ်ဟု ခေါ်ခဲ့ကြသည်။ ဘုရားဒါယကာ နရသီဟပတေ့မင်းသည် ပန်းပွတ်သည် မျိုးရိုးဟု ရာဇဝင်တို့ကဆိုသည်။ ထို့ကြောင့် မြင်းကပါရွာသည် ပန်းပွတ်ပညာ(ပန်းယွန်းပညာ)ရှင်တို့ အခြေချခဲ့သော နေရာဖြစ်သည် ဟုဆိုနိုင်သည်။ ထိုမျှသာမက ရွှေလိမ်းခြင်း၊ ရွှေပြားကပ်ခြင်း၊ စဥ့်ကိုင်ပညာရပ် တို့ကိုပါ တတ်ကျွမ်းခဲ့ကြောင်း တွေ့ရသည်။ ရှေးက မြင်းကပါရွာ ယွန်းပညာရှင်တို့သည် လုပ်ခကို ဆန်နှင့်သာ ချေယူကြရသည်။ ဘုရားပွဲများတွင် လုပ်ခကြိုတင်ယူလိုပါက အလုပ်ရှင်ထံ ရေခပ်၊ ထင်းခွဲ၊ အမှိုက်လှဲပေးရသည်။ မိမိဝယ်လိုသော စားကုန်ကိုလည်း ဆန်ဖြင့်သာ လဲလှဲခဲ့ရသည်။ မြင်းကပါသည် ယွန်းအလုပ်ကို တစ်ရွာလုံးလုပ်သောကြောင့် ယွန်းရွာဟု ခေါ်ဆိုနိုင်ပါသည်။ ယွန်းပညာရှင်များစွာကိုလည်း မွေးထုတ်ပေးခဲ့သည်။ လက်ရာမွန်များကို ဖန်တီးရင်း မြန်မာကို ကမ္ဘာကသိအောင် သမိုင်းဘက်မှာကော၊ အနုပညာဘက်မှာပါ ပံ့ပိုးပေးသော ရွာတစ်ရွာဖြစ်ပေသည်။

မြစေတီကျောက်စာ

From Myanmar Online Encyclopedia

မြစေတီ ကျောက်စာတိုင်

မြစေတီကျောက်စာသည် ပုဂံခေတ် မြန်မစာပေများအနက် ထင်ရှားသော အစောဆုံးမြန်မာကျောက်စာ ဖြစ်သည်။ ကျောက်စာများသည် တိကျမှန်ကန်မှုရှိသဖြင့် ကျောက်စာကပြောသော သမိုင်းသည် ပို၍ ယုံကြည်မှုရှိသည်ဟု ဆိုနိုင်ပါသည်။ ပုဂံခေတ်ဦး မင်းများအနက် နန်းတက် သက္ကရာဇ်များနှင့် စပ်လျဉ်း၍ မြစေတီကျောက်စာက အမှားပြင်ပေးသဖြင့် သမိုင်းတန်ဖိုး လွန်စွာကြီးပါသည်။ မြန်မာရာဇ၀င်များတွင် အနော်ရထာစောလူးကျန်စစ်သားနှင့် အလောင်းစည်သူမင်းတို့၏ နန်းစံနှစ်များနှင့် ပတ်သက်၍ ဖော်ပြရာ၌ ကွဲလွဲချက် ရှိနေသည်။ မြစေတီကျောက်စာတွင် ပါရှိသော အထောက်အထားများကို အခြေခံ၍ သမိုင်းသုတေသီတို့သည် အမှားကို ပြင်ပေးနိုင်ခဲ့သည်။


မြစေတီကျောက်စာကို ကျန်စစ်သားမင်းကြီး နတ်ရွာစံပြီးနောက် တနှစ်ခန့်အကြာ၊ မြန်မာသက္ကရာဇ် ၄၇၅-ခုနှစ်၊ ခရစ်နှစ် ၁၁၁၃-ခုနှစ်တွင် ရာဇကုမာရ်မင်းသားက ရေးထုခဲ့သည်။

အေဒီ ၁၁၁၃-ခုနှစ်က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော မြစေတီ ကျောက်စာ သည် ပုဂံမြို့၊ မြင်းကပါရပ်၊ မြစေတီဘုရားခြေရင်းနားတွင် တွေ့ရ၍ မြစေတီကျောက်စာ-ဟု လူသိများပါသည်။[1] ရာဇကုမာရ် ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ် ကျောက်စာ ဟုလည်းခေါ်သည်။ အလားတူ ကျောက်စာ တစ်ခုကိုလည်း မြစေတီ အနီးရှိ အဆောက်အဦးတွင် လည်း တွေ့ရသည်။ ၄င်းကျောက်စာ နှစ်ခုစလုံးတွင် မျက်နှာ လေးဖတ်ပါပြီး ပါဠိ၊ မွန် မြန်မာ နှင့် ပျူ ဘာသာများတို့ဖြင့် ရေးသားထားသည်။ မြစေတီ ကျောက်စာတိုင် သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖတ်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။


မြစေတီ ကျောက်စာ အရ ရာဇကုမာရ် မင်းသားသည် ကျန်စစ်သားမင်း နှင့် ကြင်ရာတော် သမ္ဘူလ၏ သားဖြစ်သည် ဟုသိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလ နှင့် သား (ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။ သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနုဟာ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓည၀တီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ထိုသို့သော် ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ကျောက်စာတွင် ဆုတောင်းလွှာ နှင့် ကြိမ်စာများ ပါရှိသည်။

လွှတ်တော် အစ ပုဂံက

နာရပတိ စည်သူ မင်းသည် ဘိုးတော် အလောင်း စည်သူ ဘကြီး တော် မင်းရှင်စော ခမည်းတော် နရသူနှင့် နောင် တော် နရသိင်္ခ တို့၏ ထီးနန်း စိုးစံ စဉ် ကြောက်မက်ဖွယ်ရာ ဖြစ်ပွားလာခဲ့သည့် အာဏာနှင့် စိတ်ဝမ်း ကွဲပြားမှု တို့ လုပ်ကြံသတ်ဖြတ်မှု များ ကို ကောင်းစွာ သုံးသပ်မိဟန်ရှိလေသည်။ နာရပတိစည်သူမင်း မကွယ် လွန်မီကပင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော် သဖွယ် အုပ်ချုပ်ရေးကို စတင်လုပ်ဆောင်ခဲ့သည်။

နရပတိစည်သူတွင် သားတော်၅ဦး ရှိသည့်အနက် မိဖုရားငယ် တစ်ပါးမှ ဖွားမြင်သည့် သားတော် ဇေယျသိင်္ခ ကို ရွေးချယ်၍ ပုဂံထီးနန်းကို အမွေ ဆက်ခံခွင့်ပေးပြီး ဇေယျသိင်္ခ ကလည်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာ ဏာ များ ကို တစ်ဦးတည်း သိမ်းပိုက် ချင်းမပြု ဘဲ နောင်တော်ကြီး၎ဦး နှင့် ခွဲဝေ ၍ အညီအညွတ် အုပ်ချုပ် ကြောင်း မြန်မာရာဇ၀င်များတွင် ဖွဲ့နွဲ့ရေးသားဖော်ပြကြသည် ။

ပုဂံမင်းဆက် တစ်လျှောက်လုံး နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာဏာ ကို ဘုရင်တစ်ဦးတည်း ကသာလျှင် အုပ်ချုပ် သည် ကို ဖျက်သိမ်း ၍ု ဘုရင်နှင့် လွှတ်တော်တို့ကို အာဏာခွဲဝေပေးလိုက်ခြင်းပင် ဖြစ်ကြောင်းတွေ့ရှိရသည်။ ဇေယျသိင်္ခ သည် ပုဂံထီးနန်းကိုသာ လျှင် ဆက်ခံရသော်လည်း နိုင်ငံရေး အုပ်ချုပ်ရေး ကာကွယ်ရေး အာ ဏာ များ ကိုမူ နောင်တော်ကြီးလေးဦး စုရုံးခြင်းပြုကြသော လွှတ်တော်တွင် သာရှိသည်။ နာရပတိစည်သူမင်း၏ အ စီ စဉ်မှာ အလွန်အမျှော်အမြင်နဲ့ ပြည့်စုံသော အစီစဉ်ဖြစ်သည်။

ထိုအချိန်မှစ၍ ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူသည် အထိ မြန်မာရာဇ၀င် တစ်လျှောက်လုံး ဆက် လက် ထိမ်းသိမ်း ကြသည် ကို တွေ့ရှိရသည်။ လွှတ်တော်တွင် ၀န်ကြီးလေးပါး ခန့်၍ု အုပ်ချုပ်သော ပုဂံခေတ် နာရပတိစည်သူမင်း လက်ထက်မှ အစပြု၍ု အုပ်မြစ်ချခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်တော် အုပ်ချုပ်ရေး ရာဇ၀င်ကို ပြန်လည် လေ့လာ ကြည့်သောအခါ လွတ်တော်အားကောင်း သော အခါများ တွင် ဘုရင် ၏ တန်ခိုးအာဏာ ကိုပင် ထိမ်းသိမ်းဟန့်တားခြင်း ပြုနိုင်ရုံမျှ မက ဘုရင် ကို ရွေး ချယ်နိုင်သည်အထိလွှတ်တော်အာဏာရှိ သည်ကိုတွေ့ရသည်။တခါတရံလွှတ်တော်အ င်အားနည်းပါး သော အချိန်တွင် လွှတ်တော် သည် ဘုရင်၏ လက်ပါးစေကလေး သဖွယ် ဖြစ်လာခဲ့သည်။ [1] [2]

ကျွန်တော်ယခု ပုဂံခေတ်က နေ ပင်းယခေတ်ကို ဆက်လျက် မျှဝေသွားပါမည်...။

ပင်းယခေတ်

From Myanmar Online Encyclopedia

ဝိဇယပူရ ပင်းယခေတ် သည် ခရစ်နှစ် ၁၃၂၁-ခု၊ မြန်မာ သက္ကရာဇ် ၆၇၄-ခု တွင် ပင်းယ တွင်နန်းတွင် ထီးနန်းစိုးစံ ခဲ့သော တစ်စီးရှင် သီဟသူ လက်ထက် မှ စ၍ ခရစ်နှစ် ၁၃၆၄-ခု တွင် နန်းကျခဲ့သော ဥဇနာပြောင်မင်း လက်ထက် အထိ ဖြစ်ပါသည် ။ နှစ်ပေါင်း ၄၃-နှစ်ကြာမြင့်ပြီး မင်းဆက် (၆) ဆက် ရှိခဲ့ပါသည်။ ပင်းယခေတ် ကို မြင်စိုင်းခေတ် ဟုလည်း ခေါ်ပါသေးသည်။

 

ပင်းယမင်းဆက် (၆)ဆက်

  1. မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂)
  2. မင်းဆက်(၁)တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂) (ပင်းယ သီဟသူ) ရှမ်း
  3. မင်းဆက်(၂)ဥဇနာ(ပင်းယ) (ကောဇာ ၇၀၄၊ ခရစ် ၁၃၄၂) ရှမ်း
  4. မင်းဆက်(၃)ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် ၁၃၅၁) ရှမ်း
  5. မင်းဆက်(၄)ကျော်စွာငယ် (ကောဇာ ၇၂၃၊ ခရစ် ၁၃၆၁) ရှမ်း
  6. မင်းဆက်(၅)နရသူ(မောပါမင်း) (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) ရှမ်း
  7. မင်းဆက်(၆)ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (ဥစ္စနာပျောင်မင်း) ရှမ်း

ပင်းယ နှင့် ခေတ်ပြိုင်ဖြစ်သော ဇေယျပူရ စစ်ကိုင်းခေတ် သည် ခရစ်နှစ် ၁၃၁၅-ခု ၊ မြန်မာသက္ကရာဇ် ၆၈၄-ခု (AD 1315 ) တွင် နန်းတက်သော ပင်းယတည် သီဟသူ၏ သားအငယ် ဖြစ်သော အသိင်္ခယစောယွမ်း လက်ထက် မှအစပြုပြီး သက္ကရာဇ် ၇၂၆ ( AD 1364 ) တွင် နန်းကျခဲ့သော မင်းဗြောက်မင်း လက်ထက် အထိ နှစ်ပေါင်း ၄၉ နှစ်ကြာမြင့် ခဲ့ပြီး မင်းဆက် (၇)ဆက် စိုးစံခဲ့ပါသည်။

စစ်ကိုင်းမင်းဆက် (၇)ဆက်

  1. မင်းဆက်(၁)အသိင်္ခယာစောယွန်း (ကောဇာ ၆၇၇၊ ခရစ် ၁၃၁၅)
  2. မင်းဆက်(၂) တရဖျားကြီး (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂)
  3. မင်းဆက်(၃) ရွှေတောင်တက် (ကောဇာ ၇၀၁၊ ခရစ် ၁၃၃၉)
  4. မင်းဆက်(၄) ကျော်စွာမင်း (ကောဇာ ၇၀၆၊ ခရစ် ၁၃၄၄) (ကျစွာမင်း)
  5. မင်းဆက်(၅) မင်းရဲ (ကောဇာ ၇၁၄၊ ခရစ် ၁၃၅၂) (နော်ရထာမင်းရဲမင်း)
  6. မင်းဆက်(၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် ၁၃၅၅)
  7. မင်းဆက်(၇)မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) [1]

စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်သဖြင့် သီးခြားခွဲထုတ်ထားခြင်းမရှိပါ။

တစ်စီးရှင် သီဟသူ

From Myanmar Online Encyclopedia

ပုဂံကို မွန်ဂိုတို့တိုက်ခိုက်ဖျက်စီးကာ အပြန်တွင် ကျော်စွာအား ပုဂံမင်းအဖြစ် နန်းတင်ခဲ့ကြသည်။ သို့သော် အမှန်တကယ် အင်အားကြီးနေခဲ့ကြသူများမှာ ကျောက်ဆည် နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် ပြော့သိင်္ခဗိုလ် သားများဖြစ်သော အသင်္ခယာ၊ ရာဇသင်္ကြန် နှင့်သီဟသူ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ပုဂံမင်း ကျော်စွာအား နန်းချကာ မိမိတို့ သြဇာခံဖြစ်သည့် စောနစ်ကို နန်းတင်သည်။ ထိုနောက် မက္ခရာ ၊ မြင်စိုင်းနှင့် ပင်လယ်တို့တွင် အသီးသီး မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ အဆုံးတွင် အငယ်ဆုံးဖြစ်သည့် ပင်လယ်မင်း သီဟသူက နောင်တော်များကို လုပ်ကြံကာ ၁၃၁၂ ခုနှစ်တွင် ပင်းယမြို့တည် နန်းတည်၍ မင်းပြု အုပ်ချုပ်သည်။

ဆင်ဖြူအသေတစ်စီးမျော လာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့သဖြင့် သမိုင်းတွင် တစ်စီးရှင် သီဟသူ အဖြစ်၎င်း၊ ပင်းယမြို့တည် သီဟသူ အဖြစ်၎င်း ကျော်ကြားပေသည်။ ရံဖန်ရံခါ သီဟသူရ ဟူသောဘွဲ့ ဖြင့်လည်း တွေ့ရတတ်သည်။

ပင်းယတွင် မြို့မတည်မီ အင်းဝနေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ပင်းယတည်ပြီးနောက် သုံးနှစ်အကြာတွင် သားတော်တစ်ပါးဖြစ်သည့် အသိင်္ခယာစောယွန်းကို စစ်ကိုင်းမြို့တည်ပေးပြီး မင်းအဖြစ် အုပ်ချုပ်စေသည်။ သီဟသူ လွန်လျှင် သားဖြစ်သူ ဥဇနာ(ပုသိမ်စား)က ပင်းယနန်းကို ဆက်ခံသည်။

 

Artikel lesen   Kommentar hinzufügen

မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၁

Geschrieben am 11.03.2011 von tharhtootbr

ရွှေဖျင်းညီနောင်

From Myanmar Online Encyclopedia

ရွှေဖျင်းညီနောင်တို့သည် လည်း အနော်ရထာမင်းထံပါးတွင် သူရဲကောင်းစစ်သည်တော် အဖြစ်အမှုတော် ထမ်းခဲ့ကြသည်။ ရန်သူ့နယ်မြေအတွင်းစည်းသို့ လျှို့ဝှက်ထိုးဖောက်ဝင်ရောက်ရသော အထူးစစ်သည် အဖြစ်ပင် အမှုတော် ထမ်းခဲ့ကြသည်။ ၎င်းတို့သည် တရုတ်ဘုရင် ဥတည်ဘွား ၏ ကိုယ်ရံတော်အစောင့်အရှောက်တပ်များ ကို လျှို့ဝှက် ထိုးဖောက်၍ ဥတည်ဘွား ၏ ခန္ဓာကိုယ်ပေါ်တွင် ထုံးဖြူဖြင့် မျဉ်းသုံးကြောင်းဆွဲခဲ့ပြီး နံရံပေါ်တွင်လည်း အနော်ရထာမင်းကြီး၏ရာဇသံ ကို ရေးထားခဲ့သည့် အဖြစ်အကြောင်း နောက်ပိုင်းတွင် ပိုမို ထင်ရှားကျော်ကြားလာခဲ့သည်။ ထိုအကြောင်းခြင်းရာကြောင့် အင်အား စွမ်းပကား ကြီးမားလှသော တရုတ် စစ်တပ်ကြီးနှင့် တရုတ်ဘုရင်ကြီး တို့သည် ကြောက်ရွံ့ ထိတ်လန့်၍ မြန်မာတို့နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြသည်။

ပုဂံပြည် ဦးတည်ဘွားတို့ အကြား အရေးတော်ပုံတွင် အောင်မြင်စွာအမှုတော်ထမ်းခဲ့ သော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့သည် ကွပ်မျက်ခြင်းခံခဲ့ကြရသည် ။ မန္တလေးမြို့ ၏ မြောက်ဖက် တောင်ပြုန်းအရပ်တွင် တည်ထားမည့် စေတီ တစ်ဆူ ဌာပနာ ဆောက်လုပ် ရာတွင်၎င်းတို့ ပါဝင် ရန် ငြင်းပယ်ခဲ့ သဖြင့် ရာဇမာန်ရှခြင်း ခံခဲ့ကြရသည်ဟု ယေဘုယျအားဖြင့် ယူဆကြသည်။ ညီနောင်နှစ်ဦး အား အညှိုးအတေးထားရှိသော သူတို့သည် စေတီ တွင် အုတ်နှစ်ချပ်စာနေရာကို အနော်ရထာမင်းကြီး မြင်သာစေရန် အလွတ်ထားခဲ့သည်။ အနော်ရထာမင်းကြီးသည် အမှုသွားအမှုလာကို စုံစမ်းကြားနာ စစ်ဆေးတော်မူပြီးနောက် ၎င်းညီနောင်နှစ်ဦးအားအမိန့်တော် မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ရာဇသတ် ချမှတ်ခဲ့သည်။ သို့ရာတွင် ၎င်းညီနောင်တို့သည် ပြစ်ဒဏ် အစား သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။

၎င်းတို့ကို သတ်ဖြတ် ပြီးနောက် အနော်ရထာမင်းကြီး၏ ဖောင်တော်သည် ရွေ့လျား ၍ မရပဲ ဖြစ်နေခဲ့သည်။ ဤသို့ ဖြစ်ရခြင်း မှာ ရွှေဖျင်းညီနောင်တို့အား သတ်ဖြတ်ခြင်းကို မလိုလားသော မိတ်ဆွေ မင်းမှုထမ်း တို့၏ အသံတိတ် ဆန္ဒပြ ကန့်ကွက်ခြင်းကြောင့် လည်း ဖြစ်ဖွယ်ရာသည်။ ထိုစဉ်က တော်ဝင် သင်္ဘောသားတို့ အများစုမှာ မွတ်စလင် များ ဖြစ်ကြသည်။ အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်း များက ရွှေဖျင်းညီနောင်တို့သည် အနော်ရထာမင်းကြီးအား သစ္စ္စာစောင့်သိစွာ အမှုတော်ထမ်းခဲ့သော်လည်း မတရားသဖြင့် အပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွား၍ မကျေနပ်ချက်ကို ဖော်ပြ သည့်အနေ ဖြင့် တော်ဝင်ဖောင်တော် ၏ တက်မ ကို ဆွဲကိုင် ထားသောကြောင့် ဖောင်တော် ရွေ့လျားမရ ဖြစ်နေသည် ဟူ၍ လျှောက်တင် ကြသည်။ ထိုသို့လျှောက်တင်ကြသောအခါ အနော်ရထာမင်းကြီးသည် ရွှေဖျဉ်းညီနောင် နှစ်ဦးအား ရည်စူး၍ နတ်ကွန်း ကြီးတစ်ခု ဆောက်လုပ်စေပြီး လူတို့အား ထိုညီနောင်ကို ကိုးကွယ် ပသ စေသည်။

စွမ်းပကားကြီးမား စိုးရိမ်ဖွယ်ရာ သော ပြိုင်ဘက် တို့အား သတ်ဖြတ် ရှင်းလင်း ပြီးနောက် အသတ်ဖြတ်ခံ တို့ အား ကြည်ညိုသော ဘက်တော်သား မိတ်ဆွေ များ ကျေနပ်နှစ်သိမ့်စေရန် အလို့ငှါ သေပြီးသော သူတို့ ၏ အစိမ်းနတ် ကို လူတို့ကိုးကွယ် ရာ အဖြစ် သမုတ်၍ နတ်ကွန်း ဆောက်လုပ်ခြင်း အလေ့သည် ရှေးမြန်မာဘုရင်တို့ ပြုလေ့ပြု ထ ရှိသော ရာဇ ပရိယာယ် တစ်မျိုးသာလျှင် ဖြစ်သည်။ ဤသို့ဖြင့် တောင်ပြုန်း ရွာသည် ငါးရက် ခန့်စည်ကားသော တောင်ပြုန်းပွဲတော်ကြီး ကို နှစ်စဉ် ကျင်းပရာ ဌာနေ တစ်ခု ဖြစ်လာသည်။ မန္တလေးမြို့ မြောက်ဖက် ၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်း ရွာတွင် နတ်ကွန်း ပေါင်း ၇၀၀၀ ခန့်ရှိပြီး နတ်ကွန်း ၂၀၀၀ နီးပါးသည် ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး တို့အား ရည်စူးကိုးကွယ် ထားခြင်း ဖြစ်သည်။

ယနေ့တိုင် အယုံအကြည်ရှိသူများ သည် နတ်ကွန်း နှင့် ညီနောင်နှစ်ဦးတို့အား ကိုးကွယ်ကြသည်။ ထို ကိုးကွယ်သူ များသည် မိရိုးဖလာဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဝက်သား ကို ရှောင်ကြသည်။ ယနေ့တိုင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲတောင်ပြုန်း ပွဲတော် သို့ သွားရောက်စဉ် ဘတ်စ်ကား (သို့) ကားပေါ်တွင် တစ်ဦးတစ်ယောက် မှ ဝက်သားကို သယ်ဆောင်သွားခြင်းမပြုရ ဟု ယုံကြည်ကြသည်။ ကြေကွဲဖွယ်ရာ ကွပ်မျက်မှု ကို အကြောင်းခံသည့် အုပ်ချပ်နှစ်ချပ်စာ နေရာလွတ်ကို ယနေ့တိုင် မြင်တွေ့ရမည်ဖြစ်သည်။

ဝေဠုဝတီမိဖုရား

From Myanmar Online Encyclopedia

ဝေဠုဝတီမိဖုရားသည် ပုဂံခေတ်၌ နရသိင်္ခမင်းလက်ထက်၌ ပေါ်ပေါက်လာသော မိဖုရားတစ်ပါး ဖြစ်သည်။

 

အမည်ခေါ်တွင်ရပုံ

မြင်စိုင်း ၀က်ဝံအရပ်ရှိ လူတို့သည် ၀ါးတောထဲမှ ကြီးစွာသောဝါး၏ အထဲ၌ သံသေဒဇ ပဋိသန္ဓေအဖြစ် မွေးဖွားလာသော မိန်းမငယ်တစ်ဦးကို တွေ့ရှိခဲ့လေသည်။ ထိုမိန်းမငယ်ကို သူကြီးအိမ်သို့ ပို့လိုက်ကြ၍ သူကြီးမိသားစုက ထိုမိန်းမငယ်ကို ပြုစုစောင့်ရှောက် ကျွေးမွေးထားလေသည်။ ၀ါးတောထဲမှ ရသောကြောင့် ဝေဠုဝတီဟု အမည်ပေးခဲ့လေသည်။ မိန်းမငယ်သည် အရွယ်ရောက်လာသောအခါ လှပတင့်တယ်သည် ဆို၏။

 

ဘုရင်အကြိုက်

လှပသောသမီးပျိုကို တောနှင့်မတန်၊ ရှင်ဘုရင်နှင့်သာ ထိုက်မည်ဟု သူကြီးက စဉ်းစားကား နရသိင်္ခမင်းထံ ဆက်သလိုက်သည်။ နရသိင်္ခမင်းက သေချာစွာကြည့်၍ အကဲခတ်လေသည်။ သို့သော်ရှင်ဘုရင်က နှစ်သက်ဟန်မတူဘဲ မယ်တော်မိဖုရားကြီးအား ဘုန်းမဆုံသည် ဖြစ်၍ `နားကျယ်နှင့် ၀မ်းပျက်လိလိ´ဟု တိုးညင်းစွာ မိန့်တော်မူ၏။ (နားကျယ်နှင့် ၀မ်းပျက်လိလိ ဆိုသည်မှာ နားရွက်တစ်ဖက်က အဆမတန်ကြီးမားနေသည်။ ထို့ကြောင့် အမြင်မလှ ဖြစ်နေသည်ဟု ဆိုခြင်းဖြစ်သည်။) ညီတော် အိမ်ရှေ့မင်းနှင့် စုံဖက်ပါစေဟု ဆိုသည်။

မယ်တော်မိဖုရားကြီးကလည်း သားတော်ငယ် အိမ်ရှေ့မင်း နရပတိစည်သူနှင့် စုံဖက်ရန်သဘောတူလိုက်လေသည်။ မယ်တော်မိဖုရားကြီးသည် ဝေဠုဝတီအားခေါ်တော်မူပြီး နားကိုတန်ရုံဖြတ်ပြီး ဆက်လေသည်။ (စာကြွင်း=ထိုခေတ်အခါကတည်းက မြန်မာနိုင်ငံတွင် မျက်နှာအလှ ပြုပြင်မှုရှိနေပြီး ဖြစ်၍ ဂုဏ်ယူစရာပင် ဖြစ်ပေသည်။) နားတန်လေသော် အလွန်အဆင်းလှသည်ဖြစ်၍ ယောင်္ကျားတစ်ကာတို့ မြင်လျှင် တိမ်းညွှတ်ကုန်၏၊ မယ်တော်မိဖုရားကြီးလည်း မင်းသမီးတကာတို့၏ တတ်အပ်သော အတတ်တို့ကို ပဲ့ပြင်သွန်သင်တော်မူလေသည်။ ဝေဠုဝတီမင်းသမီးသည် သံသေဒဇ ပဋိသန္ဓေယူသူဖြစ်၍ အရောင်အဆင်းကား မိန်းမဟူသမျှနှင့် မတူကုန်။

နရသိင်္ခမင်းက ဝေဠုဝတီမင်းသမီးကို မြင်သောအခါ အလွန်သဘောကျလျှက် ရယူလိုကာ စဉ်းစားတော်မူသည်။ ညီတော်အိမ်ရှေ့မင်းကို ခေါ်တော်မူပြီး ငဆောင်ချမ်းအရပ်၌ မငြိမ်မသက်ဖြစ်နေ၍ စစ်ချီရန် လွှတ်လေသည်။ နရပတိစည်သူ မင်းသားလည်း စစ်သည်အင်အားအပြည့်နှင့် ငဆောင်ချမ်းသို့ စစ်ချီတော်မူသည်။ ညီတော်မရှိခိုက်တွင် ခယ်မတော် ဝေဠုဝတီမင်းသမီးကို မိဖုရားအဖြစ် နန်းတင်တော်မူလေသည်။

 

ကံဆိုးသူ မြင်းခံငပြည့်

အိမ်ရှေ့မင်း နရပတိစည်သူ မင်းသားသည် စစ်မထွက်ခင်ကတည်းက နောင်တော်၏ အကြံကို ရိပ်မိတော်မူ၍ မြင်းခံငပြည့်ကို မြင်းနှင့် တကွ `ငါ့အိမ်တော်တွင် အခင်းထွက်လျှင် လျင်လှစေ´ဟု မှာတော်မူခဲ့လေသည်။ နရသိင်္ခမင်း ဝေဠုဝတီမင်းသမီးကို နန်းတင်တော်မူသောအခါ မြင်းခံငပြည့်သည် အလျှင်အမြန် အိမ်ရှေ့မင်းစစ်ချီရာသို့ လိုက်လေသည်။ ငါးပယ်ချောင်းအရပ်သို့ ရောက်သော် နေ၀င်လေပြီ။ ငပြည့်သည် ချောင်းကိုမကူးတော့ဘဲ ချောင်းကမ်းစပ်တွင် အိပ်လေသည်။ နောက်တစ်နေ့ အရုဏ်တက်၌ မြင်းကိုစီး၍ ခရီးဆက်သည်။ မကြာမှီ အိမ်ရှေ့မင်း၏ တပ်နှင့် ပက်ပင်းတိုး၍ လျှောက်တင်သောအခါ နရပတိစည်သူက အချိန်မီ ရောက်မလာခဲ့၍ မြင်းခံငပြည့်ကို သတ်စေအမိန့် ပေးလိုက်လေသည်။

 

ရာဇကုမာရ်

From Myanmar Online Encyclopedia

ပျူဘာသာ ဖြင့် ရေးထိုးထားသော ရာဇကုမာရ်ကျောက်စာ

ရာဇကုမာရ် သည်မြန်မာ့သမိုင်းတွင်ထင်ရှားသည့်မင်းသားဖြစ်သည်။ ကျန်စစ်သားမင်း အနာသည်းပြီး သေလွန်ချိန်နီးချိန်တွင် ရာဇကုမာရ်သည်သူ၏ ပိုင်ဆိုင်မှုများကိုလှုဒါန်းပြီး ဆင်းတုတော်များအဖြစ်သွန်းလုပ်ကာ ကျန်စစ်သားမင်းအတွက် ပူဇော်ပေးခဲ့သည်။ အစဉ်အလာတွင် ရှင်ဘုရင်၏သားသည် အိမ်ရှေ့စံထီးညွန့်နန်းလျာဖြစ်လေ့ရှိသော်လည်း ကျန်စစ်မင်း၏ မွန်မြန်မာ ပိုမိုစည်းလုံးညီညွတ်ခိုင်မြဲစေလိုသည့် ဆောင်ရွက်ချက်အဖြစ်လူသိများသော မြေးတော်အား အိမ်ရှေ့အရာ အပ်နှင်းမှုအပေါ် စိတ်မကွက်သော ရာဇကုမာရ်၏ သဘောထားကြီးမြင့်မှုကို အသိအမှတ်ပြုလေးစားကြသည်။ သို့သော် ထိုအချက်ထက် သမိုင်းတန်ဘိုးဝင်နေသည့်အချက်မှာ ယင်းက ကျန်စစ်သားမင်းအတွက်ပြုလုပ်သောအလှု အကြောင်းရေးထိုးပေးခဲ့သည့် မြစေတီကျောက်စာ (ခေါ်) ရာဇကုမာရ်ကျောက်စာကြောင့်ဖြစ်သည်။ (ယင်းကျောက်စာသည် မြန်မာစာပေအက္ခရာများသမိုင်းတွင် အစောဆုံးရေးထိုးမှတ်တမ်းတင်မှုဟု ယနေ့ထက်တိုင်လက္ခံထားကြရသောတွေ့ရှိမှုဖြစ်သည်) တွေ့ရှိရသမျှ သမိုင်းအထောက်အထားများအရ ဗမာလူမျိုးတို့အတွက် ပထမဆုံးသမိုင်းဝင် စာပေကို ကျောက်ထက်အက္ခရာအဖြစ် စတင်ရေးထိုးခဲ့သည်ကြောင့်ဖြစ်သည်။

ငြင်းခုန်မှုများ

ရာဇကုမာရ်၏ ဘ၀ဆိုင်ရာအချက်များနှင့်ပတ်သတ်၍ ကျန်စစ်သား၏ သားအရင်းဟုတ်၊ မဟုတ် ဟူ၍အမြင်နှစ်မျိုး ကွဲလျှက်ရှိသည်။ အချို့က ကျန်စစ်သားသည်အနော်ရထာ မင်းကြီး၏ အမျက်ကြောင့် နန်းတွင်းမှ တိမ်းရှောင်ရချိန်အတွင်း မထီးအမည်ရ ရဟန်း၏ တူမဖြစ်သူ သမ္ဘူလနှင့် ငြိစွန်းကာ ကိုယ်ဝန်ရရှိသည်။ အနော်ရထာမင်း လွန်၍ စောလူးမင်း နန်းတက်ရာ ကျန်စစ်သားအား နန်းတွင်း၌အမှုထမ်းရန် ပြန်လည်ခေါ်ယူသဖြင့် ကိုယ်ဝန်နှင့် သမ္ဘူလ ကို လက်စွပ်တစ်ကွင်းပေးအပ်ပြီး သားမွေးလျှင် နန်းတော်သို့ ဤလက်စွပ်ဖြင့်လိုက်လာရန်၊သမီးမွေးလျှင် လက်စွပ်ကိုရောင်း၍ ဘ၀၀မ်းကြောင်းရန် မှာကြားသည်။ နောင်တွင် ကျန်စစ်သား မင်းဖြစ်သော် သမ္ဘူလက သားတစ်ယောက်ကို လက်ဆွဲခေါ်လာပြီး လက်စွပ်ပြကာ ကျန်စစ်သား၏ သားဖြစ်ကြောင်းဆိုသည်။ ကျန်စစ်သားကလည်း ၄င်းအား ဓည၀တီ နှင့် တောင်စဉ် ၇ ခရိုင်ကိုစားစေသည်။ ထို့ကြောင့် ရာဇကုမာရ်သည် ကျန်စစ်သား၏ သားဖြစ်သည်မှာ ခိုင်မာမှုရှိသည်ဟုဆိုကြသည်။

အချို့ကမူ ရာဇကုမာရ် သည် ကျန်စစ်သား၏ သားမဟုတ်၊ဆွေမျိုးမကင်းသည့် လက်အောက်ငယ်သားဖြစ်သည်ဟုဆိုကြသည်။ အကြောင်းပြချက်မှာ ကျန်စစ်သားရေးထိုးသည့် မည်သည့်ကျောက်စာတွင်မှ ထိုအကြောင်းအရာတို့ကို မတွေ့ရဖူးသောကြောင့်ဟုဆိုသည်။

 

ရှင်ဒိသာပါမောက်

From Myanmar Online Encyclopedia

ရှင်ဒိသာပါမောက် ရဟန်းသည်မြန်မာတို့အတွက် တရုတ်နိုင်ငံနှင့် ဆက်ဆံမှုသမိုင်းတွင် ပထမဆုံး သံတမန်ဖြစ်သည်ဟုဆိုနိုင်ပါသည်။နရသီဟပတေ့(တရုတ်ပြေးမင်း)လက်ထက်တွင် တရုတ်ပြည်ကို သိမ်းပိုက်ထားသည့် မွန်ဂို(တာတာ)တို့ ပုဂံပြည်ကြီးကိုဖျက်ဆီးလိုက်ကြသဖြင့် နရသီဟပတေ့ လည်းတိမ်းရှောင်ထွက်ပြေးရသည်။သို့ဖြင့် မိမိတို့ပိုက်နက်ဒေသကို ပြန်လည်ပေးအပ်ရန်၊စစ်ပြေငြိမ်းရန် အတွက် သံတမန်တစ်ဦးကိုစေလွှတ်ရန် ရှာဖွေရာ ရှင်ဒိသာပါမောက် အားရွေးချယ်ခဲ့ကြသည်။ရှင်ဒိသာပါမောက်သည် ပုဂံမှဝေးလံလှသည့် တရုတ်ပြည် မြောက်ပိုင်းရှိ မြို့တော် ဘေကျင်း(ပီကင်း)ထိတိုင် တစ်နှစ်ကျော်ကြာ ခရီးရှည်ကြီးကို သွားရောက်ခဲ့ပြီး ထိုစဉ်က မွန်ဂို ဧကရာဇ် ကူဗလိုင်ခန်နှင့်တွေ့ဆုံကာ သံတမန်ရေးနည်းလမ်းဖြင့် တိုင်းပြည် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခဲ့သည်။

 

ရှင်အရဟံ

From Myanmar Online Encyclopedia

ပုဂံအာနန္ဒဘုရား အတွင်းရှိ ရှင်အရဟံ၏ပုံ ဆင်းတု

ရှင်အရဟံ ဟုဆိုလျှင် မြန်မာနိုင်ငံ သာသနာရေးတွင် အရေးပါသည့် ပုဂ္ဂိုလ် အဖြစ်သိကြပေမည်။ ပုဂံတွင်အရည်းကြီးတို့ကြီးစိုးနေသည့်အတွက် အတုအယောင် ဘာသာရေးကို စစ်မှန်သည့် ထေရ၀ါဒ ဗုဒ္ဓသာသနာ ဖြင့်ပုဂံပြည်သူတို့ကို လမ်းမှန်ရောက်စေခဲ့သူလည်းဖြစ်သည်။ အရည်းကြီးတို့၏ မှားယွင်းယုတ်ညံ့သည့် လုပ်နည်းကိုင်နည်းများကို အဆုံးသတ်စေလိုသော အနော်ရထာနှင့် အောက်မြန်မာနိုင်ငံ မွန်ဒေသတွင် ကာလကြာရှည်ကတည်းက ပွင့်လင်းနေခဲ့ ဗုဒ္ဓဘာသာကို အထက် ပုဂံသို့ ပြန့်ပွားစေရန် သာသနာပြုလာသည့် ရှင်အရဟံ တို့ဆုံစည်းပြီးနောက် မြန်မာ့ ကိုးကွယ်ယုံကြည်မှု သမိုင်းတွင် ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကိုဖြစ်စေခဲ့သည်။မည်သည့် ကာလနေ့ရက်က မွေးဖွားခဲ့သည်ဟုမသိရသော် လည်း မွန်လူမျိုး ရှင်အရဟံသည် သာသနာပြုရန် ရည်မှန်းချက်ဖြင့် မိမိမွေးရပ်ဒေသမှ ဝေးကွာလှသည့် ပုဂံသို့ကြွရောက်လာပြီးနောက်ဆုံး ပုဂံပြည်၌ပင်နေထိုင် ပျံလွန်တော်မူသွားခဲ့သည်။

 

ဗုဒ္ဓ၏ ဗျာဒိတ်တော်လာ ပုဂံမင်းသုံးဆက်

From Myanmar Online Encyclopedia

မြတ်စွာဘုရားသခင်သည် တန့်ကြည်တော်ပေါ်မှ ရပ်တော်မူ၍ ပုဂံပြည်၌ ငါ၏ သာသနာထွန်းကားလေအံ့ဟု ဗျာဒိတ်ထားတော်မူစဉ် တောင်စောင့်ဘီလူးသည် ဘုရားရှင်အား အင်ဖက်သုံးရွက်စပ်၍ ထီးပြုကာ နေရောင်မှ ကာကွယ်ပေးသောကြောင့် ဘီလူးအား သင်သည် ပုဂံပြည်တွင် မင်းသုံးဆက် ဖြစ်လိမ့်မည်ဟု ဆိုတော်မူခဲ့သည်။ [1]

ထိုပုဂံမင်း သုံးဆက်မှာ-

ထိုမင်းတို့သည် ဘီလူးဘ၀မှ လာသောကြောင့် အမျက်ဒေါသကြီးသည်။ ရက်စက်ကြမ်းကြုပ်သည်။ အစားကြူးသည်။ ပုဂံခေတ် တစ်လျှောက်လုံးတွင် ထိုမင်းသုံးပါးသည် မင်းဆိုးမင်းညစ်များ ဖြစ်လေသည်။

သရပါတံခါး

From Myanmar Online Encyclopedia

သရပါတံခါး

သရပါတံခါးကို ခရစ် (၉)ရာစုတွင် ပျဉ်ပြားမင်း အေဒီ (၈၄၆-၈၇၈)တွင် တည်ဆောက်ခဲ့သည်။ ပျဉ်ပြားမင်းသည် ခရစ်(၈၄၉)တွင် ပုဂံမြို့ကို တည်ရာ၌ ပုဂံကျုံးမြို့ရိုး လေးမျက်နှာ ပတ်လည် တွင် တံခါး(၁၂)ရပ် ပါရှိခဲ့သည်။ ထိုတံခါး (၁၂)ရပ် အနက် အရှေ့မျက်နှာ အလယ်ဗဟိုတံခါး ဖြစ်သည့် သရပါတံခါး တစ်ခုသာ ထင်ထင်ရှားရှား ကျန်ရစ်တော့သည်။ သရပါ ဟူသော အမည်သည် မြားကို ဆီးကာသော တံခါး ဟု အဓိပ္ပာယ်ရသည်။

သရပါ တံခါး၏ ဘေးတစ်ဖက်တစ်ချက်တွင် မဟာဂီရိ နတ်မောင်နှမ (လက်ဝဲမောင်တော် နတ်ရုပ်၊ လက်ယာ နှမတော်နတ်ရုပ်) တို့၏ နတ်ကွန်း များရှိသည်။

Artikel lesen   Kommentar hinzufügen

မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၀

Geschrieben am 11.03.2011 von tharhtootbr

မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၀

ရက်စက်သည့်မင်း

နရသီဟပတေ့သည် အမျက်ဒေါသ လွန်ကဲပြီး သတ်ဖြတ်ကွပ်မျက်စီရင်မှုများ များစွာပြုခဲ့သူလည်းဖြစ်သည်။ အစားကြူးသူအဖြစ်လည်းထင်ရှားသည်။ ဟင်းခွက်ပေါင်း (၃၀၀)ပြည့်မှ ပွဲတော်တည်လေ့ရှိကြောင်း ဆိုကြသည်။ မွန်ဂိုတို့ ပုဂံမှ တပ်ဆုတ်ကြောင်းကြားလျှင် ပုဂံသို့ ပြန်သည်။ လမ်းခရီးဖြစ်သည့် ပြည်မြို့တွင်ငယ်စဉ်အခါက `၀က်လက်ခိုးမသား´ဟု ကျီစားအခေါ်ပြုခံရဖူးသည်ကို မကျေနပ်သော သားတော်ပြည်စားသီဟသူ က နန်းလုသဖြင့် အဆိပ်ပါသောပွဲတော်ကိုမလွန်ဆန်နိုင်ပဲတည်ခင်းရပြီး နတ်ရွာစံကံတော်ကုန်ရသည်။

ကျေးဇူးမသိတတ်ပုံ

ရာဇသင်္ကြန်အမတ်ကြီးသည် ဤဘုရင်၏ကျေးဇူးမဲ့ပုံကို ထုတ်ဖေါ်ပြောကြားလို၍ ညီလာခံတွင် ကလပ်ပဲ့ (ကွမ်းကလပ် အပဲ့)ကို ဆောင်ယူသုံးစွဲခဲ့ရာ အဘိုး အဘယ်ကြောင့် ကလပ်ပဲ့ကိုသုံးနေရသနည်းဟုဘုရင်ကမေးမြန်းသည်ဆို၏။ ထိုအခါ ပန်းပွတ်သယ်များ ကောင်းစားနေ၍ ပန်းပွတ်မည့်သူမရှိသောကြောင့်ဟု ဖြေလေရာ အမျက်တော်ရှပြီး လက်လွန်ပြန်လေသည်။ [1]

 

ကျော်စွာ

From Myanmar Online Encyclopedia

ကျော်စွာသည် ပုဂံခေတ် နရသီဟပတေ့မင်း၏ သားလတ်ဖြစ်သည်။ (ခရစ်-၁၂၈၄)(ကောဇာ-၆၄၆)တွင် နန်းတက်သည်။ နန်းသက် ၁၄-နှစ်ဖြစ်သည်။ ထီးနန်းဆက်ခံသည့်အခါ ရခိုင်နှင့် မွန်တို့မှ ပုန်ကန်ခြားနားကြသည်။ ခမည်းတော် လက်ထက်ကတည်းက ကျောက်ဆည်နယ်နှင့် လယ်တွင်းနယ်များကို အပိုင်စား ပေးခဲ့သော ပြော့သိင်္ခဗိုလ် သားများဖြစ်သော အသင်္ခယာ၊ ရာဇသင်္ကြန် နှင့်သီဟသူ ရှမ်းညီနောင် သုံးဦးတို့သည်လည်း အရှေ့ဘက်တစ်လွှားရှိ ရှမ်းတို့၏ အကူအညီဖြင့် ကျော်စွာကို ထီးနန်းမှချ ကွက်မျက်၍ ကံတော်ကုန်သည်။ ပုဂံထီးနန်းကို ကျော်စွာ၏သားတော် စောနစ်က ဆက်လက်အုပ်စိုးသည်။ [1]

ပုဂံမင်းဆက်များ-----

သမုဒ္ဒရာဇ်မင်းရသေ့ကြောင်ပျူမင်းထီးထီးမင်းယည်ယဉ်မင်းပိုက်ပိုက်သေဉ်လည်သေဉ်လည်ကြောင်ကြောင်တူရစ်သည်းထန်မင်းမုက္ခမန် အမတ် (၂)သူရဲ အမတ် (၃)သာရမွန်သိုက်တိုင်မင်းသေဉ်လည်ကြောင်ငယ်သေဉ်လည်ပိုက်ခန်းလောင်းခန်းတက်ထွန်တိုက်ထွန်ပစ်ထွန်ချစ်ပုပ္ပါးစောရဟန်းမင်းရွှေအုန်းသီးပိတ်သုံပိတ်တောင်းစောခွေးမြင်းကျွေးသိန်ခဲသိန်ခွန်ရွှေလောင်းထွန်တွင်းမင်းရွှေမှောက်ထွန်လတ်စောခင်နှစ်ခဲလူးမင်းပျဉ်ပြားမင်းတန်နက်မင်းစလေငခွေးသိန်းခိုမင်းတောင်သူကြီးမင်းကွမ်းဆော်ကြောင်ဖြူကျဉ်စိုးစုက္ကတေးအနော်ရထာစောလူးမင်းကျန်စစ်သားအလောင်းစည်သူမင်းရှင်စောနရသူနရသိင်္ခနရပတိစည်သူဇေယျသိင်္ခကျစွာဥဇနာနရသီဟပတေ့သီဟသူကျော်စွာစောနစ်စောမွန်နစ်

ပုဂံမင်းဆက်များကို ရှာဖွေရသလောက်မျှဝေ၍ပြီးပါပြီ...။ ယခုကျွန်တော်ဆက် မျှဝေပေးမှာက ပုံဂံခတ် ပုဂ္ဂိုလ်ကြီးများဖြစ်ပါသည်..။

ပုဂ္ဂိုလ်ကြီးများ---

ငထွေရူးငလုံးလက်ဖယ်ညောင်ဦးဖီးမနုဟာရှင်အရဟံငရမန်ကန်းရာဇကုမာရ်ရမန်ငထွေးရာဇသင်္ကြန်အနန္တသူရိယရွှေဖျင်းညီနောင်ရှမ်းညီနောင်သုံးဦးရှင်ဒိသာပါမောက်ဝေဠုဝတီမိဖုရား

ရှမ်းညီနောင်သုံးဦး

From Myanmar Online Encyclopedia

" ရှမ်းညီနောင်သုံးဦးမှာ ရာဇသင်္ကြ၊အသင်္ခယာ၊သီဟသူ " တို့ဖြစ်ကြသည်။ ရှမ်းညီနောင်သုံးဦးလောင်းတို့ဟာ မြတ်စွာဘုရား ဒေသစာရီ ကြွတော်မူသောအခါ သင့်ပွင့်တောင် သို့ရောက် တော်မူလေ၏။ ထိုအရပ်တွင်ရှိသော စိုင်ညီနောင်သုံးစီးတို့သည် မြေကြီးကို ချိုဖြင့် ကော်၍ ပူဇော်နေသည်ကို မြင်သော် ပြုံးတော်မူလေသည်။ ညီတော်အာနန္ဒာလည်း ပြုံးခြင်းအကြောင်းတော်ကို လျှောက်ထားမေးမြန်းလေသော်. မြတ်စွာဘုရားက ချစ်သား အာနန္ဒာ ငါပရိနိဗ္ဗာန်ပြုပြီး သာသနာတော် တစ်ထောင့်ရှစ်ရာ ကျော်သောအခါ ဤစိုင်ညီနောင် တို့သည် ဤအရပ်၌ မင်းညီနောင်သုံးပါး ဖြစ်လျက် ထင်ရှားစွာ မင်းပြုလိမ့်မည် ဟု ဗျာဒိတ်ထားတော်မူခဲ့သည်။ ဘိန္နကမြို့ကို အစိုးရသော စော်ဘွားကြီးတွင် သားတော် ၂ပါးရှိ၏။ စော်ဘွားကြီးလွန်သော် သားတော်ကြီးက မင်းပြုလေသော် ညီတော်အငယ် သိင်္ဂဗိုလ်နှင့် မကြည်ရှိရာ သတ်မည်ပြုသဖြင့် ညီတော်လည်း ကျွန်အများဖြင့် မြို့ကထွက်၍ ပြေးလေသည်။ အစဉ်အတိုင်း ပြေးခဲ့ပြီး မြန်မာနိုင်ငံဖြစ်သော ပြော့တို့နေရာ မြင်စိုင်း သို့ရောက်လာ လေသည်။ မြင်စိုင်းအရပ်တွင် အသည်သူကြွယ်သမီးနှင့် အိမ်ထောင်ဖြစ်လေရာ သားတော် သုံးပါး ထွန်းကားလေသည်။ ရာဇသင်္ကြ၊အသင်္ခယာ၊သီဟသူ ဟူသော နောင်ပိုင်းတွင် ရှမ်းညီနောင်သုံးဦး ဟု နာမည်တွင်လေသည်။

အမူထမ်းခြင်း

ညီနောင်သုံးပါး အရွယ်သို့ရောက်သော် ဖခင်မှ နရသီဟပတေ့မင်းကြီးတွင် အမူထမ်းစေလေသည်။ ထိုညီနောင်သုံးပါးတို့သည် အမူတော်တို့ကို ထူးချွန်စွာ ဆောင်ရွက်နိုင်သဖြင့် မင်းကြီးမှ အားရတော်မူပြီး ကျေးရွာပေးလေသည်။ နရသီဟပတေ့မင်း၏သားတော် ဖြစ်သော ကျော်စွာလက်ထက်တွင်လည်း ဆက်လက် အမူထမ်းရာ အားရတော်မူသဖြင့် နောင်တော်ကို ရာဇသင်္ကြဟူသော အမည်ဖြင့် မြင်စိုင်းမြို့ကို ပေးတော်မူလေသည်။ ညီတော်အလတ်ကို အသင်္ခယာ ဟူသော အမည်ဖြင့် မက္ခရာမြို့ကို ပေးတော်မူလေသည်။ ညီတော်အငယ်ကိုလည်း သီဟသူဟူသော အမည်ဖြင့် ပင်လယ်မြို့ကို ပေးတော်မူလေသည်။

ကျော်စွာမင်းကိုနန်းချခြင်း

ကျော်စွာမင်းကြီးသည် မင်းဖြစ်ပြီး မင်းမဖြစ်ခင်က အတိုင်အပင်ရှိခဲ့သော မိဖုရားဘွားစောကို မေ့ထားတော်မူသဖြင့် မိဖုရားမှ နှလုံးတော်နာသဖြင့် မင်းညီနောင်သုံးပါးကို ခေါ်၍ သင့်တို့ကို သူကောင်းဖြစ်အောင် ငါကြံမည်၊ သူကောင်းဖြစ်လျှင် ငါ၏ စည်းစိမ်ကို မဖျက်နှင့်ဟု ကတိသစ္စာခံစေလေ၏ မင်းညီနောင်သုံးပါး တို့လည်း တစ်စိတ် တစ်ဝမ်း တည်း ဖြစ်ကြလေသည်။ မိဖုရားလည်း မင်းညီနောင်သုံးပါးကို မြင်စိုင်းအရပ်၌ ဂူပုထိုးတို့ကို တည်ထားစီရင်စေလ၏။ ပြီးသော် မင်းကြီးကျော်စွာကို လှည့်လည် ကြွချီ ချင်စိတ်ရှိအောင် လျှောက်တင်လေသည်။ မင်းကြီးလည်း ယုံကြည်တော်မူပြီး လှည့်လည်လေသည်။ မိဖုရားဘွားစောလည်း မှူးမတ်တို့နှင့် တစ်စိတ်တစ်ဝမ်း တည်း ဖြစ်သောကြောင့် မင်းကြီး မြင်စိုင်းသို့ရောက်သော် မင်းညီနောင် သုံးပါးက မင်းကြီးကို ဖမ်း၍ သင်္ကန်းလဲစေပြီး ထိုကျောင်းတွင် အစောင့်အရှောက်နှင့် ထားလေသည်။

 

နန်းမြို့တည်ကြခြင်း

ရှမ်းညီနောင် သုံးပါးလည်း ကျော်စွာမင်းကို နန်းချပြီးသော် မိမိတို့ အပိုင်စားရာမြို့များတွင် မင်းလုပ်ကြလေသည်။ ကျော်စွာကို နန်းချသော် သားတော်စောနစ်က တရုတ်မင်းထံသို့ စစ်ကူတောင်းလေသည်။ တရုတ်မင်းလည်း မင်းရိုးကို ထီးနန်းတင်လေ ဟုဆိုကာ တရုတ်စစ်သူကြီးများကို မှာ၍ စစ်သည် ခြောက်သိန်းဖြင့် ချီစေလေသည်။ တရုတ်တို့ ချီလာသည်မှာ စစ်သည်ဗိုလ်ပါ များပြားလှသဖြင့် မြင်းချေးတစ်ယောက်တစ်လုံး၊မြေတစ်ယောက်တစ်ဆုပ်နှင့် ပစ်သော် မြင်စိုင်းမြို့သည် ပျက်ဖွယ် ရှိသည် ဟု ဆိုစမှတ်ပြုကြသည်။ ရှမ်းညီနောင်တို့လည်း တရုတ်စစ်သူကြီးများကို ပဏ္ဏာကာရသာ ပေးပြီး စစ်မဖြစ်အောင် ကြိုးစားကြလေသည်။ တရုတ်စစ်သူကြီးများလည်း ပဏ္ဏာကာရသာ များကို ယူပြီး တရုတ်ပြည်သို့ ပြန်လေသည်။

 

အနိစ္စရောက်ခြင်း

မင်းညီနောင်သုံးပါးတွင် နောင်တော် ရာဇသင်္ကြသည် မြင်စိုင်းတွင် ရွှေနန်းတည်လေသည်။ ညီတော်အလတ် အသင်္ခယာသည် မက္ခရာမြို့တွင် ရွှေနန်းတည်လေသည်။ ညီငယ် သီဟသူကား ပင်လယ်မြို့တွင် နေတော်မူလေသည်။ မင်းညီနောင် သုံးပါး အပြိုင် မင်းပြုတော်မူကြပြီး ၅ နှစ် ရှိသောအခါ မက္ခရာမင်းအသင်္ခယာ အနိစ္စရောက်လေသည်။ နောင်တော် မြင်စိုင်းရွှေနန်းရှင်ကား မင်းဖြစ်၍ ၂၁ နှစ်တွင် အနိစ္စရောက်လေသည်။ ညီတော်ဖြစ်သော သီဟသူကား နောင်တော် ရွှေနန်းရှင် မလွန်မီ သုံးနှစ်တွင် ပင်းယမြို့ကို တည်တော်မူ၏။ ပင်းယမြို့ကို တည်ပြီး နှစ်နှစ်ရှိသော် ဆင်ဖြူမတစ်စီး မြစ်ရေဖြင့် မျောလာသည်ကို ဆယ်၍ ညုပ်လုပ်၍ စက်ဖြင့် ထူပြီး ရတနာတင် ၍ စီးတော်မူသည်။ ယင်းတွင်မှ တစ်စီးရှင် သီဟသူဟု အမည်တွင်လေသည်။ တစ်စီးရှင် သီဟသူသည် ရတနာသုံးပါးကို ရိုသေသော မင်းဖြစ်လေသည်။ ကျမ်းဂန်တတ်သော ရဟန်းတော်တို့အား ပစ္စသည်းလေးပါးမပြတ် ထောက်ပံ့လေ၏။ တစ်စီးရှင် သီဟသူတွင် သားတော် သုံးပါးရှိလေသည်။ ဥဇနာ၊ကျော်စွာနှင့်စောယွမ်း တို့ဖြစ်ကြသည်။ သီဟသူမင်း သည် ထီးနန်းကို ၂၂ နှစ့် စိုးစံပြီး သက်တော် ၅၅ နှစ်တွင် အနိစ္စ ရောက်လေသည်။ [1]

 

ငရမန်ကန်း

From Myanmar Online Encyclopedia

ပုဂံတွင် ငရမန်ကန်းသည် အနော်ရထာမင်း လွန်၍ သားတော်စောလူးမင်း နန်းတက်လျှင် စောလူးမင်း၏ နုနယ်မှုကို သိသဖြင့် အောက်အရပ်မှ မွန်များကို စုစည်း ပုန်ကန်ခဲ့သည်။ စောလူးမင်းသည် မျက်စိတစ်ဖက် မရှိပေ။ ငရမန်ကန်းသည် မွန်လူမျိုး ဖြစ်ပြီး စောလူးမင်းနှင့် ငယ်သူငယ်ချင်း ဖြစ်သည်။ စောလူးမင်းနှင့် ငယ်သူငယ်ချင်းများဖြစ်သဖြင့် ပဲခူးကို စားစေသည် ဟုလည်းဆိုသည်။ မွန်ဘာသာအားဖြင့် ရမန် မှာ မွန်လူမျိုးဖြစ်ပြီး ကန်း မှာ မြန်မာဘာသာအားဖြင့် ကင်း ဖြစ်သဖြင့် မွန်လူမျိုးတို့၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

မကြာခဏ ကြွေအံပစ်ကစားခြင်းကို နှစ်ဦးဆုံတိုင်း ကစားလေ့ရှိသည်။ တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင် မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်း ထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက

“ငရမန်ကန်း..သင်ယောကျာင်္းကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ”

ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။

နှစ်ဦးသားစစ်ပြိုင်ရာ ပြည်တော်သာကျွန်းတိုက်ပွဲတွင်
လည်း ပရိယာယ်ဖြင့်ပင် ပုဂံတပ်ကို အနိုင်ယူပြီး စောလူးမင်းကို အမိဖမ်းနိုင်ခဲ့သည်။ ငရမန်က သစ်တပ်တည်၍ တပ်စွဲထားသည်ဆို၏။ စောလူးမင်းမရှိ၍ တိုင်းရေးပြည်ရာမငြိမ်မသက်ရှိရာတွင် မူးမတ်များက ကျန်စစ်သားကို မင်းပြုရန်တိုင်တွန်းသော်လည်း ကျန်စစ်သားကလက်မခံပဲ ငါ၏အရှင်ကို ရှာဖွေကယ်တင်ဦးမည်ဆိုကာ ငရမန်၏ တပ်စခန်းအတွင်းခိုးဝင်၍ အချုပ်နှောင်တွင်းမှစောလူးမင်းအား ကယ်တင်ရန်ကြံသည်။ သို့ရာတွင် စောလူးမင်းက တွေးမိသည်မှာ ကျန်စစ်သားကို ငါလည်း မျက်ဖူးသည်၊ ငါ့ဖခင်လည်း အမျက်ထားဖူးသည်၊ ယခုငါ့အား သတ်ရန် လာရောက်ခိုးယူခြင်းဖြစ်ရာသည်။ ငရမန်ကား ငါနှင့် နို့စို့ဖက်ဖြစ်၍ ငါ့အားမသတ်ရာဟူ၏။ ထို့ကြောင့် ကျန်စစ်သား ငါ့ကိုခိုးယူလေပြီဟု အော်ဟစ်အသိပေးလေရာ ကျန်စစ်သားက
ကျေးဇူးမသိသော မင်းဆိုးမင်းညစ် ကျွန်သဘောက်၏လက်တွင် ခွေးသေ၀က်သေ သေရစ်ပေရော့
ဟုဆိုကာပစ်ချထားလျက် ကိုယ်လွတ်တိမ်းရှောင်သွားခဲ့သည်။ နောက်တွင် ငရမန်ကန်းသည် စောလူးမင်းကို ကွပ်မျက်လိုက်သည့်အတွက် ကျန်စစ်သား မင်းဖြစ်လာပြီး ပုန်ကန်မှုများကို ဆက်လက်နှိမ်နှင်းရာ ငရမန်ကန်းလည်း ရေကြောင်းမှ စုန်ဆင်းပြေးရလေသည်။ သို့ရာတွင် ကျန်စစ်သား၏ လေးသည်တော် မုဆိုးငစဥ့်က လမ်းခရီးမှ ပုန်းကွယ်စောင့်လတ်၍ ထူးဆန်းသော ငှက်မည်သံပြုရာ တင်းတိမ်ကိုမပြီး စူးစမ်းသော ငရမန်လည်း မြှားထိမှန်ကာ သေရလေသည်။

Artikel lesen   Kommentar hinzufügen

မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၀

Geschrieben am 11.03.2011 von tharhtootbr

ဗုဒ္ဓ၏ ဗျာဒိတ်တော်လာ ပုဂံမင်းသုံးဆက်

From Myanmar Online Encyclopedia

မြတ်စွာဘုရားသခင်သည် တန့်ကြည်တော်ပေါ်မှ ရပ်တော်မူ၍ ပုဂံပြည်၌ ငါ၏ သာသနာထွန်းကားလေအံ့ဟု ဗျာဒိတ်ထားတော်မူစဉ် တောင်စောင့်ဘီလူးသည် ဘုရားရှင်အား အင်ဖက်သုံးရွက်စပ်၍ ထီးပြုကာ နေရောင်မှ ကာကွယ်ပေးသောကြောင့် ဘီလူးအား သင်သည် ပုဂံပြည်တွင် မင်းသုံးဆက် ဖြစ်လိမ့်မည်ဟု ဆိုတော်မူခဲ့သည်။ [1]

ထိုပုဂံမင်း သုံးဆက်မှာ-

ထိုမင်းတို့သည် ဘီလူးဘ၀မှ လာသောကြောင့် အမျက်ဒေါသကြီးသည်။ ရက်စက်ကြမ်းကြုပ်သည်။ အစားကြူးသည်။ ပုဂံခေတ် တစ်လျှောက်လုံးတွင် ထိုမင်းသုံးပါးသည် မင်းဆိုးမင်းညစ်များ ဖြစ်လေသည်။

Artikel lesen   Kommentar hinzufügen

မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၉

Geschrieben am 11.03.2011 von tharhtootbr

ကျစွာ

From Myanmar Online Encyclopedia

ဇေယျသိင်္ခ (၅၅၉-၅၈၁) ကွယ်လွန်သောအခါ ၄င်း၏ သားတော် ကျစွာမင်း ထီးမွေ ဆက်ခံသည်။ မြန်မာ ရာဇ၀င်များ၌် ရေးသား ထားသည်မှာ ကျစွာမင်း သည် စာပေ ကျမ်းဂန် တွင်သာ မွေ့လျှော်ပြီး နိုင်ငံတော် အုပ်ချုပ်ရေးကို ၄င်း၏ သားတော် ဥဇနာ အား လွဲအပ် ထားသည်။ ကျစွာမင်း ကွယ်လွန်၍ ဥဇနာမင်း နန်း တက်သောအခါ နိုင်ငံတော်၏ တာဝန်ကို လုံးဝ လှည့်မကြည့် တော့ ဘဲ အရက် သေစာနှင့် အပျော် အပါး လိုက်စားခြင်း အမဲလိုက်ခြင်း ဖြင့်သာ အချိန်ကုန်သည်ဟု ရာဇ၀င်များ၌ဖော်ပြကြသည်။

ရာဇ၀င်များဋ္ဌ် ထင်ရှားကျော်ဇောခဲ့သည့် မိဘုရားကြီး ဖွားစောကို ကျစွာမင်းလက်ထက်မ စပြီး မိဖုရားမြောက် သည်ဟု ရာဇ၀င်များ ၌်ရေးသားထားကြသည်။ ဥဇနာမင်း ကွယ် လွန်သောအခါ ၄င်း၏ သားတော်ကြီးဖြစ်သူ သိင်္ဂသူသည် ထီးနန်း အမွေကို ဆက်ခံရန်ဖြစ် သော်လည်း လွှတ်တော်က မိဘုရားငယ် တစ်ဦးနှင့် ရသည့် သား တော် နရသီဟပတေ့ ကိုသာ ရွေးချယ်ကြောင်း ယင်းသို့ရွေး ချယ်ခြင်းမှာ လည်း သားတော်ကြီး သိင်္ဂသူ သည် မင်းသားဘ၀ ကပင် လွှတ်တော်ဝန်ကြီးများ အား အနိုင်ကျင့် ဆက်ဆံသော ကြောင့်ဖြစ်သည်ဟုရာဇ၀င်များ၌်ဖော်ပြခဲ့ကြသည်။

နရသီဟပတေ့ မင်း၏ နန်းသက်ကို ၁၂၅၄ ခုနှစ် မှ ၁၂၈၇အထိ ၃၃နှစ်ဟူ၍ ဖော်ပြကြသည်။ နရသီဟပတေ့ မင်း လက်ထက် တွင် မြန်မာနိုင်ငံတော်တွင် ကြောက်မက်ဖွယ်ရာနှင့် စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ အဖြစ်ပျက်ကြီးများ ဖြစ် ပျက်ခဲ့သည်။

နရသီဟပတေ့ မင်းသည် ၄င်းအား ပုဂံထီးနန်းအမွေကို ဆက်ခံ ခွင့်ရရန်အတွက် ဆောင်ရွက်ပေးခဲ့သည့် ပညာရှိအမတ်ကြီး ရာဇ သင်္ကြန်နှင့် လိမ္မာရေး ခြား ရှိသော မိဖုရားဖွားစော တို့ကိုပင် အတိုက် ခံပြု၍ မိမိထင်ရာ ပြုလုပ်လေ့ရှိသော တစ်နေ့ဟင်းခွက်၃၀၀ စား သည့် မင်းဆိုးမင်းညစ်ဖြစ်ကြောင်းကို မြန်မာရာဇ၀င်များ၌် ဖော်ပြ ကြသည်။

နရသီဟပတေ့ မင်းလက်ထက်တွင် ရှမ်း ညီနောင်သုံးဦးဖြစ်သည့် အသင်္ခယရာဇသင်္ကြန်နှင့် သီဟသူအစရှိသည့် ကျောက် ဆည် လယ်တွင်းနယ်များဖြစ်ကြသော မြင်စိုင်း၊ မက္ခရာ နှင့်ပင်လယ်မြို့ များကို ပေးသနားတော်မူကြောင်း မြန်မာရာဇ၀င်များတွင်ဖော်ပြ ကြသည်ကိုတွေ့ရသည်။

နရသီဟပတေ့ မင်းသည် တရုတ်နိုင်ငံကြီးနှင့်စစ်ဖြစ်ပွားရ အောင်အမှားမှားအယွင်းယွင်းပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရ သည်။ ဥရောပတိုက် အရှေ့ပိုင်း အာရှတိုက်အလယ်ပိုင်း နှင့် တရုတ်နိုင်ငံကြီး တခုလုံးကို တိုက်ခိုက် အောင်မြင်လိုက်သော တာတာတို့၏ ဧကရာဇ်ဘုရင်ကုဗလိုင်ခန်သည် မြန်မာနိုင်ငံ အုပ်ချုပ်သူများထံမှ လက်ဆောင်များ တောင်းခံရန် အတွက် သံအဖွဲ့တဖွဲ့ကို ပုဂံသို့စေလွှတ်လိုက်ရာတွင် ကုဗလိုင်ခန်၏ သံများကို သံတမန်ကဲ့သို့ ဆက်ဆံခြင်းမပြုဘဲ နရသီဟပတေ့ မင်းသည် မိုက်မိုက်မဲမဲ သတ်ဖြတ်လိုက်ရာ မှ တာတာတရုတ်တပ် များ မြန်မာနိုင်ငံအတွင်းသို့ အလုံးအရင်းနဲ့ ၀င်ရောက်တိုက် ခိုက်ဖျက်ဆီးကြောင်း ဖြင့် မြန်မာရာဇ၀င်များ၌်ဖော်ပြကြသည်။

တာတာ တပ်များ တိုက်ခိုက်သောအခါ နရသီဟပတေ့ မင်းသည် ပုဂံထီးနန်း နှင့်ပြည်သူပြည်သားများ ကို စွန့် ခွာ၍ ထွက်ပြေး သွား သည်။ တာဝန်မဲ့ ထွက်ပြေးခြင်း ပြုသည့်အတွက် ၄င်းမင်းအား တ ရုတ်ပြေးမင်း ဟူ၍ ခေါ် ဝေါ်ကြ သည်။ တိုင်းပြည်အကြီး ကဲ ထွက် ပြေးသော်လည်း ပုဂံပြည်သူပြည်သား များသည် စိတ်အား ငယ်ခြင်း မရှိ ဘဲ တာတာ တရုတ်တပ် များကို ပြန်လည် ခု ခံ ခိုက်တိုက်ခိုက်ကြ၍ တရုတ်တပ်သား ၇၀၀၀ ကျဆုံးကြောင်း ရာဇ၀င်များ၌် တွေ့ရသည်။ တရုတ်တပ်များ ထွက်ခွာ သွားပြီး နရသီဟပတေ့ ကိုလည်း ငှင်း၏ သား တော် တဦးက လုပ်ကြံ သတ်ဖြတ်လိုက်ပြီး နောက် ၄င်း၏သား တော်များအချင်းချင်းလည်း တဦးနှင့် တဦး တိုက် ခိုက်လျှက် ရှိလေ သည်။

ကျောက်ဆယ် လယ်တွင်းနယ် များကို အုပ်စီးထားကြသည့် ရှမ်းညီ နောင်အကြီးကဲ သုံးဦးတို့ကလည်း နောက် ဆုံး ကျန်ရစ်သည့် နရသီ ဟပတေ့ ၏ သားတော် ပုဂံမင်းကျော်စွာကို နန်းမှချကာ ကွပ်မျက်ကြ ပြီး အထက်မြန်မာ နိုင်ငံ တလွှားကို သိမ်းပိုက်ခါ တထီး တနန်း ထူထောင် သည်။

တောင်ငူနှင့်ပြည်အောက် ဖက်ရှိ မြန်မာနိုင်ငံတောင်ပိုင်း မွန်ဒေသ များကို သောက္ကတဲ ယိုးဒယား ရှမ်း အကြီး ကဲ များ၏ အကူညီဖြင့် ၀ါရီရူးက သိမ်းပိုက်ပြီး နောက် မုတ္တမကို အခြေပြုကာ တထီးတနန်းထူ ထောင်သည်။

ပုဂံမင်းဆက်များ ကို သစ္စာစောင့်ထိန်းလာခဲ့သည့် ရခိုင်ပြည်မင်း ဆက်များ သည်လည်း ပုဂံမင်းဆက်မရှိ တော့ ၍ သီးခြားမင်းပြုကြ သည်။ ထိုကဲ့ သို့မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ် မှုပြိုကွဲ ပျက်စီးကာ တနယ် တမင်း ဖြစ် လာခဲ့ရသည် ကို သမိုင်းသုတေသီ ဂျီအီးဟာဗီ က ၄င်းစာ အုပ်ဋ္ဌ် ရေးသား ဖော်ပြထား သည်မှာ မြန်မာ နိုင်ငံ တော်ကို အမဲဖျက်သ လို ဖျက်၍ မိမိတို့အချင်းချင်းခွဲဝေ ယူငင်ကြပြီး နောက် အချင်းချင်း လည်း တိုက် ခိုက်လျှက် ရှိကြသည် ဟု ရေးသားထားသည်။

ပထမ မြန်မာနိုင်ငံတော်သည် နှစ်ပေါင်း ၂၅၀နီးပါးခန့်မျှ ကြာမြင့် လျှက် မြန်မာမင်းဆက်၁၁ဆက်မျှ အုပ်ချုပ် ခဲ့ ကြသည်။ အနော်ရထာနှင့် ကျန် စစ်သားတို့ အမြှော်အမြင်ကြီးမားစွာဖြင့် ပထမမြန်မာနိုင်ငံတော်အား သိမ်းသွင်း ၍ အလောင်းစည်သူနှင့် နာရပတိစည်သူတို့ ပထမမြန်မာနိုင်ငံ တော် ထိမ်းသိမ်းခဲ့ကြ သည့်မြန်မာ နိုင်ငံတော်၏ စည်းလုံးညီညွတ်ရေးသည် ပြိုကွဲပျက်စီးသွားသည်ကို ကြေကွဲဖွယ်ရာ တွေ့ရသည်။ မြန်မာရာဇ၀င် တွင် ကြီးကျယ်ထင်ရှားခဲ့သည့် ပုဂံမင်းဆက်သည်လည်း မှေးမှိန်ပျောက် ကွယ်သွား ပါ တော့သည်။ [1]

 

ဥဇနာ (ပုဂံ)

From Myanmar Online Encyclopedia

သက္ကရာဇ် ( ၅၉၇ ) အေဒီ ၁၂၃၄ တွင် ပုဂံမင်းဆက် (၅၀) ဆက်မြောက် ကျစွာမင်းကြီး သားတော်ဖြစ်သော ဥဇနာမင်း နန်းတက်လေသည်။

တစ်ခါသော် မင်းကြီးသည် ထွက်တော်မူရာ မြစ်သာရွာသူ ပန်းပွတ်သည်မ၏ သမီးတစ်ယောက်ကို မြင်တော်မူပြီး နှစ်သက်သဖြင့် အနားတော် ယူထားတော်မူလေသည်။ အပါးတော်တွင်လည်း မပြတ်စေစားတော်မူလေသည်။ တစ်ခါသော် ပန်းပွတ်သည်မလေးသည် မင်းကြီးကို ယပ်ခံနေရင်း ရုတ်တရက် မေ့လဲလေသည်။ မင်းကြီးလည်း လန့်တော်မူပြီး ၀က်ရူး ထသည်လော ဟုမေးရာ ဘေးတွင် ရှိသော မိဖုရားက ၀က်ရူးမဟုတ်နိုင် အကြောင်းရှိမည် ဟု လျှောက်ပြီး ဆေးဆရာများဖြင့် ကုသစေလေသည်။ သူငယ်မလည်း ကြာသော် ပဋိသန္ဓေ နေလ စေ့ပြီး သားယောင်္ကျား မွေးဖွားလေသည်။ မင်းကြီးလည်း သူငယ်အရွယ် ရောက်သော် ဦးရီးတော် ပဉ္ဇင်းကို အပ်ပြီး စာသင်စေလေသည်။

မင်းကြီးဆရာတော် သခင်မြတ်သည် သားတော် ဖြစ်သော နရသီဟပတေ့မင်း (ခေါ်) မင်းခွေးချေး (ရာဇ၀င်တွင် မင်းခွေ ဟုသာ ဖော်ပြကြသည်၊ မင်းသား ငယ်စဉ်က ချေဆတ်တတ်သော ရောဂါရှိပြီး အိပ်ရာတွင်း၌ အမြဲ ခွေနေတတ်သော ကြောင့် မင်းခွေ ဟု ခေါ်ကြောင်း ဆိုကြသည်။) ၏ ဇာတာကို ယူ၍ကြည့်သော် ကောင်းမည် အချိန်သို့ရောက်နေပြီ ဟုမြင်သဖြင့် ဦးရီးပဉ္ဇင်းကို ခေါ်ပြီး မင်းသားကို မင်းကြီးအား အပ်ပေဟု မိန့်လေသည်။ ဦးရီးပဉ္ဇင်းလည်း မင်းကြီး ရှိရာ တလ( ယခု ဒလ) သို့ ခေါ်သွားလေသည်။ တစ်ခါသော် မင်းကြီးသည် အောက်ပြည် ဟံသာဝတီသို့ ဆင်ဖမ်းထွက်သွားရာ စီးတော်မူသောဆင်က ဆင်ရိုင်းကို မနိုင်သောကြောင့် ပြေးရာ မင်းကြီး ဆင်ပေါ်မှ ဆင်ကြော့သည့် ကြိုးနှင့် ငြိတွယ်၍ ဒဏ်ရာကြီးစွာရပြီး နတ်ရွာစံလေသည်။ [1]

 


နရသီဟပတေ့

From Myanmar Online Encyclopedia

နရသီဟပတေ့သည် မြန်မာ့သမိုင်းတွင် မင်းခွေးချေး (ခေါ်) တရုတ်ပြေးမင်းဟုလည်း သိမှတ်ထားကြသည့် ဘုရင်တစ်ပါးဖြစ်သည်။ ဥဇနာမင်းသည် ပန်းပွတ်သည်၏ သမီးကို မိဖုရားအရာမြှောက်၍ မွေးဖွားသော သားတော်ဖြစ်သည်။ မိဖုရားကြီးမှ သီဟသူ မင်းသားကို ဖွားမြင်သည်။

 

အမတ်ကြီး၏ အညှိုးကြီးမှု

ဥဇနာမင်း လက်ထက် တစ်နေ့၌ လွှတ်တော်ထဲတွင် ၀န်ကြီးများ စကားပြောနေစဉ် သီဟသူမင်းသား ၀င်လာသည်ကို မသိသဖြင့် ရာဇသင်္ကြံအမတ်ကြီးသည် အင်္ကျီဖျင်လက်ကို မသိမ်းမိပေ၊ မင်းသားက ငါလာသည်ကို ဖျင်လက်မသိမ်းရကောင်းလားဟု ဖျင်လက်ပေါ်၌ ကွမ်းတံတွေး ထွေးချလိုက်သည်။ ရာဇသင်္ကြံအမတ်ကြီးလည်း ထိုအင်္ကျီကို တံတင်းခေါ် သေတ္တာထဲတွင် သိမ်းထားလိုက်သည်။ ဥဇနာမင်းကြီးသည် အောက်ပြည် ဟံသာဝတီသို့ ဆင်ဖမ်းထွက်သွားရာ စီးတော်မူသောဆင်က ဆင်ရိုင်းကို မနိုင်သောကြောင့် ပြေးရာ မင်းကြီး ဆင်ပေါ်မှ ဆင်ကြော့သည့် ကြိုးနှင့် ငြိတွယ်၍ ဒဏ်ရာကြီးစွာရပြီး နတ်ရွာစံလေသည်။ ထိုသတင်းကို အထောက်တော်တို့က ပုဂံနေပြည်တော်သို့ သတင်းပို့သောအခါ ရာဇသင်္ကြံအမတ်ကြီးက မှူးမတ်ဗိုလ်ပါတို့ကိုခေါ်၍ `အချင်းတို့ ဤတွင်ကြည့်လော့၊ သီဟသူသည် ငါကဲ့သို့သော ပုဂ္ဂိုလ်ကြီးကိုပင် ဤကဲ့သို့ ရိုင်းပြစွာပြုခဲ့သည်။ သူသာ ရှင်ဘုရင်ဖြစ်လာလျှင် ငါတို့ဒုက္ခမရောက်လော´ ဟုပြော၍ အင်္ကျီကိုပြ၏။ မင်းချင်းများကလည်း အမတ်ကြီးနှင့် သဘောတူညီသဖြင့် အဝေးရောက်နေသော သီဟသူမင်းသား ရောက်လာသောအခါ ဖမ်း၍ ချုပ်ထားလိုက်၏၊ ထိုစဉ် မင်းခွေးချေးက အဘိုး `ငါ့ကို ချီးမြှောက်ပါ´ဟု ကန်တော့ပွဲနှင့် လာ၍ကန်တော့သည်။ သို့နှင့် အသက်နှစ်ဆယ်သာရှိသေးသော မင်းခွေးချေးကို နရသီဟပတေ့ဘွဲ့နှင့် မင်းအဖြစ် တင်မြှောက်ကြသည်။

Artikel lesen   Kommentar hinzufügen

Aim

Geschrieben am 28.02.2011 von tharhtootbr

Aim

The time will come for us.

So! Do you need wait for that?

What? We want to become.

We need to try for that.

What? We want to get.

We need to say for that.

Why do you want to wait for that?

Let! do together..!!!!!!!!

Let hold our hands each others.

TBR(lin)

Artikel lesen   Kommentar hinzufügen

Fotos

Benutzer hat noch kein Foto.

Tags

Neue Kommentare

မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၃
မိတ်ဆွေ ကျွန်တော်ဘလော့သည် ကြော်ညာထည့်သောဆိုက်မဟုတ်ပါ စာပေနဲပတ်သက်သောဆွေးနွေးမူများသာ လက်ခံပါသည်.. နောက်တစ်ကြိမ့်ယခုလို မလုပ်ပါ…
မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၃
Name of Allah, the Merciful          Hello Didn't you asked your self one day : Wh…
မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၆
ကောင်းပါတယ်ဗျာ ဆက်စောင့်ဖတ်ပါဦးမယ်
ိုနာဖျားနေသော နုလုံးသား
အဲ့ဒီ နာဖျားနေတဲ့  နှလုံးသားကို အချိန်ဆိုတဲ့  သမာတော်ကြီးက ကုစားပေလိမ့်မယ်မောင်လေး ၁နေ့ ဆိုတဲ့  အချိန်လေးကိုတော့ပေးရလိမ့်မယ်…
ချစ်တဲ့စိတ်
အင်းးးးးးးးးး နာ့မောင်လေး၁ယောက်တော့နော...................။ ကြက်ခြေမခတ်နဲ့မောင်လေးရေးးးးးးးးးးးးးးးးးးးးးးးးးး ပေးဆပ်ခြင်းအခ…
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.