စိတ်ရထားတစ်စင်း၏ ဘူတာအိုများ

Geschrieben am 10.07.2010 von tharhtootbr

စိတ်ရထားတစ်စင်း၏ ဘူတာအိုများ
"မွေးဌာနီ အညာရပ်ဆီသို့ ရော်ရည်မျော်မှန်း စိတ်ဝယ်တမ်းတ မှန်းဆကာရည် တမ်းတပါသည် လှည်းလမ်းကြောင်တစ်လျှောက် ဖုန်လုံးကြီးတွေ တလိမ်လိမ်တတ်တာ မြင်ယောင်သေးတော့သည် အညာဌာနီ တစ်ခါလာမည် ကျွန်တော်အတွက်တော့မေ့မ၇ပါလေပြီ

။" ဆိုတဲ့သီချင်းလေးလို  ဘယ်အရပ် ဘယ်အခြေအနေရောက်နေပါစေ.. မွေးဌာနီကို လွမ်းကြတာကိုယ်ဆီဖြစ်ကြလိမ့်မည်...။ အညာမြေ မှာ ဖုန်လုံးတွေလဲရှိမယ်..။ နေပူမယ် ပြီးတော ရေငန်မယ်..။  မြို့ကြီးပြကြီးလို  လူနေမှု အဆင့်အတန်းမြင့်မည်မဟုတ်..။ ဒါပေမဲ့  စိတ်ရထားလေး ခုတ်မောင်းတိုင်း အလိုလို ခရီနှင့်မိတာက..။ ဖုန်းတွေထူတဲ အညာမြေ..။ နေပူတဲ့ အညာမြေ..။ ရေငန်တဲ့ အညာမြေ..။တိုက်တွေ ကားတွေနဲ အခန်းအနားမဟုတ်ဘဲ တဲဂုတ်အိမ်ထောင်ကလေးတွေနဲ အညာရပ်က မွေးဌာနီသာပါ..။
            မိုးရွာရင်မိုးရေ ချိုးမယ် ဆိုသလို ကလေးသဘာဝမို မိုးရွာရင်မိုးရေချိုးကြ ။ ချောင်းရေကျရင် ချောင်းစီးကြ။ ချောင်းရေကုန်မှအိမ်ပြန်ကြ။ နောက်နေ့မနက်ဆို မိုးပြီတာနဲ အ၇ွက်နုလေးတွေ ဖူးထွက်စမို့ တောထဲသွားပြီး သစ်ရွတ်ခူးကြ  မှိုရှာကြ ကျောက်ပွင့်ကောက်ကြ ရွာနဘေးက ကန်ကျိုးရင် ငါးတွေလိုက်ကောက်ကြ  ကန်ဘောင်နဘေးမှာ ဂဏန်းတွေ လိုက်ဖမ်းကြ ဒီလိုနဲ အိမ်ကပျောက်သွားလို့  အမေကငေါက်လိုက် ၇ိုက်လိုက်နဲပေါ့ဘယ်လောက်ပင်ရို
က်ပါစေ.., မိုးရွာရင်ခိုးထွက်တတ်တာ   ရွာထဲက အပေါင်းအဖော်တို့နဲ့ ကျွန်တော်ရဲ့ အကျင့်ဆိုးလေ..။
          မိုးမရွာတဲ ဆောင်းနဲ နွေနေ့တွေဆို ရွာမြောက်ဘက်ကတောထဲကိုသွားပြီး ငှက်ပစ်ကြ ရတဲ့ငှက်ကိုတောထဲမှပဲ မီးကင်စားကြ။ တောတောင်တွေ ချောက်ကမ်းပါးတွေကို ကြိုးတစ်ချောင်းနဲ တစ်ယောက်တလှည်ဆီကုတ်တတ်ကြ။ ကန်ရေချိုးကြ ငါးမျှားကြ..နဲ့။
           ငယ်ဘဝ နွေကျောင်းပိတ်ရက်တွေဆို ကလေးသဘာဝမို ကစားမက်လို အိမ်အနောက်နားက ကုက္ကို ပင်အောက်မှာ မင်းလာခဲ့ငါလာခဲ့လို မချိန်းဆိုပဲ ရွယ်တူ အပေါင်းအဖော်တို့ အတူတူကစားဖူးပါရဲ့။ နေ့လည်နေ့ခင်း အညာနွေပူလို လူကြီးတွေ အိမ်ထဲမှာအောင်းနေတဲ့ အချိန်  အိမ်နောက်ဘက်က ဘကြီး နတ်စင် မန်းကြီးပင်အောက်မှာ ဒိုးပစ်တန်း ကစားကြ နဲ့ ဆူးဆူးညံအောင် ညင်းခုန်ကြ..။ အညင်းသန်လို အဆုံးအဖြတ်ခတ်နေရင် ဖိနပ်ကို စတွေး တွေး ပြီး မိုးလား လေလား ၊ အစိုလားအချောက်လား  မေးပြီး ပစ်မြောက်ခဲ့တာတွေ တစ်ချိန်က ပြီးလွန်ခဲ့ပေမဲ့ ယခုချိန်မှာတော့ ဘူတာအိုလေးတွေ သဖွယ်..။
          တမာသီးပေါ်ချိန်ဆို တမာသီးတွေ ခူးပြီး တမာသီစစ်တိုက်တန်း ကစားကြနဲ့  ကိုက်လက်ထဲ ရှိသမျှတမာသီး အစုလိုက် အဆုတ်လိုက် မကြိုက်တဲ့ကောင်ဆို ပစ်ပေါက်ကြနဲ့ ကိုယ်က တမာသီးကုန်ရင် ထွက်ပြေးရ အပင်ပေါ်တတ်ပြီး ပြန်ခူးရ ခူးနေတုန်း ရန်သူနဲ့ တွေ့ရင် ဟိုဘက်က ကောင်က အပင်ပေါ် လိုက်ပေါက်တာနဲ့ အပင်ပေါ်မှာပြေးရင်းခူးရင် ပြန်ပေါက်ရင်း ကစားခဲ့တာတွေ ပြန်တွေးလိုက်ရင် တစ်ကယ် စစ်ပွဲ အတိုင်းပဲ ပျော်စရာကြီးဗျ..။
         အရွယ်ရောက်လို့ ကစားမမက်ကျတော့ ပေမဲ့  အချိန်တန် ညနေကလေးစောင်း မှောင်ရီစပျိုးတာနဲ ရွာ ကင်းတဲမှာ မချိန်းဘဲ စုံကြပြန်ရော့ ရပ်ကွပ်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျားး နွေရာသီရောက်ပြီဖြစ်ပါသဖြင့် မီးများကိုရိုသေစွာ ..... ။ စသဖြင့် ပေါ လူငယ်တွေ မီကင်းလှည့်ရတာတွေ တစ်ခါတစ်ခါ စိတ်ရှိရင် ကော်လန်ကြီးနဲ တောသဘာဝ တောသီချင်းကလေးကညီးလိုကောင်းခဲ့
ပါရဲ့။  ခုတော ဒါတွေဒါတွေ  ကိုလွှမ်းမိုးလို ပြီးခဲ့ပါပြီ ပြီးခဲ့ပါပြီ ဆိုပေမဲ့ ကျွန်တော်စိတ်ရထားလေးက ဘူတာအိုဆီ ခုတ်မောင်းနေဆဲ..။
        သင်္ကြန်ရက်တွေမှာဆို  ရေလောင်းမန်းတပ် ဖြစ်ဖို့ အုံန်းလက်တွေလိုက်ခုတ်ကြ ဝါးလုံးတွေနဲ့ အရိပ်လုပ်ကြ  ရေပေပါတွေငှါးကြ ရေရဖို့  ရေအလျူရှင်ရှာရ  အလျူရှင်မရှိလဲ ကိုယ်တိုင်းရေဆွဲပြီး ရေပေပါကို ရေးဖြည့်ကြနဲ့ နောက်ဆုံးအတတ်နဲ့ နစ်ဆန်းရက်တွေမှာ ဆန်ပြုတ်တိုက်နိုင်ဖို့ တစ်အိမ်ဝင်တစ်အိမ်ထွက် စာအုပ်ကြီးနဲ အလျူခံရနဲ့  အကြက်နေ့ ညနဲ အတတ်နေ့ညတွေဆို မအိပ်ပဲ ဆန်ပြုတ်ချက်ကြ စတုတိတာပြီးလို သင်္ကြန်ပြီးရင် ငှါးထားတာတွေ ပြန်အပ်ရနဲ့ အ၇မ်းပင်ပန်းခဲ့ပေမဲ့ ပြန်တွေးလိုက်ရင် အမှတ်ရလို့ အကောင်းဆုံးတွေဗျ...။
      အလူုလေး မင်္ဂလာဆောင်လေးမရှိလိုက်နဲ ရှိလိုကတော့ အစိုးရ အဖွဲ့ အစီး ကတောင်ရှူံးသွားမယ်..။ စည်းပင်၊ နေရာချထားရေး၊ယဉ်မောင်း၊ ကျွေးမွေးဧည်ခံနဲ့ လိုက်ဖြည့် အဖွဲ့ စသဖြင့်တာဝန်ကိုဆီနဲဗျ..။
စည်ပင်လိုခေါ်လိုက်ရင် ပုဂံခွတ်ရောက်နဲ့ စားပွဲခုံ သန့်ရှင်းရေးလုပ်တဲ့ကောင်လေးတွေ
က လာလုပ်ကြတာ..။ ယဉ်မောင်းဆိုတာနဲ  ယင်ကောင်ခြောက်တဲ့ကောင်လေးတွေကလာတာ..။ နေရာချထားရေးဆိုရင်တော့ ခွတ်သစ်နဲ ဟင်းသစ် ဝိုင်းသစ်လုပ်တဲ့သူတွေက လာလုပ်ပြီးသား..။ ကျွေးမွေးဧည်ခံ တာကတော့ အစ်ကိုစားလိုကောင်းလား ဘာလိုသေးလဲ  (ဟာကွာ မင့်ဝတ်သားချက်က အသားပျောက်နေပြီကွ ) လို ပြောလာရင် ကျွေးမွေးဧည်ခံက ဝတ်သားနောက်တစ်ပွဲ လိုအော်လိုက်ရတာ..။ နောက်တစ်ပွဲကို လိုက်ဖြည့်က တာဝန်ယူရတာ..။ ဝတ်သားလိုရင် ဝတ်သား။  ကြက်သွန်ကြော်လိုရင် ကြက်သွန်ကြော်  ။ ပဲပင်ချဉ် ၊ ဟင်းချို စသဖြင့်ပေါ့ဗျာ..။တစ်ခါ ပန်ကန်ဆေး အဖွဲ့ နောက်ဘက်မှာထားသေးတယ်..။  အညာအလျူကို ခေါ်ပြလိုက်ချင်သေးတယ်ဗျ...။
        တက္ကသိုလ်တက်ရင်မွေးဌာနီကို ပြန်လာတဲ့ရက်တွေဆို မတွေ့ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ပေတစ်ရာလမ်းမပေါ် လမ်းရှောက်ရင်း လူငယ်စကား သူရည်းစား ငါ့ရည်းစား အကြောင်း ပြောခဲ့တာတွေ ညနက်သည်ထိ အိမ်မပြန်ဘဲ ဘောလုံကွင်း ၊ ချောင်းရိုးထဲ ဒါမှာမဟုတ် ကောင်မလေး လှလှတစ်ယောက်အိမ်ရှေ့ ဂီတာ ကလေးခေါက်ကြနဲ့ မနက်  နေမြင့်မှာထကြနဲ့  လူငယ်ဘဝ လွှတ်လပ်တဲ့ အညာရပ်က အချိန်ကလေးတွေ  အခုတော့ ဘူတာအိုလေးလို..။
       တစ်နစ်တစ်ခါ  ဝါဆိုပွဲ၊ အကျွတ်ပွ၊ဲ နှင့် အထိန်ပွဲတွေက အထင်ကရ ကမ္မ မြေရဲ့ ပျော်ရွှင်စရာ အချိန်တွေပေါ့..။ ဒီအရပ်နဲ ဒီဇာတ်ဆိုချင်ဆို အကျွှတ်ပွဲနဲ ကထိန်ပွဲက တော သီချင်းဆိုလို အကောင်းဆုံးအချိန်တွေပါပဲ ဝါဆိုပွဲဆိုလဲ အညာသဘာဝ ဇာတ်ကြိုက်တာမို့ ဇာတ်ပွဲကို မိုးလင်းအောင်ကြည်ကြတာနဲ ..။ တစ်ခါ ပြာသိုလ ရိုးတော်ပုံပွဲမှာလဲ ဗလာဇာတ်မို့ ကြည့်ကြရသေး...။
 
သီတင်းကျွတ် နဲ ကထိန်ပွဲတွေမှာဆိုလဲ သံဂျက်တွေတိုက်ကြ ဒိုးပတ်တွေတီကျ ဟိုရွှာ ဒီရွှာ အပြိုင်အနိုင် ခုခေတ် ရပ်ပါ တွေလို ပါပဲ..။  မင်းသားအက၊  ရွှေအိုးစည်းအက၊ ဦးရွှေရိုးနဲ ဒေါ်မိုးအက၊ ကျားနဲ့ မုဆိုး အက စုံနေအောင် တစ်နစ်တစ်မျိုး မ၇ိုးအောင်း ကြံဖန်လုပ်ရနဲ။ လက်သီးဆုတ်လောက်ရှိတဲ့မိုက်ကို လူ၎ယောက်က ဝိုင်းပြီးအော်ကြ နဲ မိုက်ခင်ဗျ ငိုမဲ့ငိုမဲ့  လိပ်ဥပျောက်တဲ့ လိပ်မလေး အလားကြနေတာပဲ..။  ကထိန်ပွဲနဲ သတင်ကျွတ်ပွဲတွေမှာဆို အိမ်တွင်းပုံန်း ကညာခင်လေးတွေက လဲ ပါးအိုးနီလေး နှတ်ခမ်းနီလေးနဲ အလှည့်ထဲ ဝင်ပါကြနဲ အလှယဉ်ပြိုင်ပွဲလေးအတိုင်းပဲ...

        ဟိုရှေ့က ကညာ ခင်ရယ် ယဉ်စစ နဂိုလှတယ်..။
         ပါးအိုးကလေးနီ လိုရယ် ရှက်သွေးလေး ဖြာသူရယ်..။..
         မောင်ရင်းစိတ်နဲ ဆိုချင်းတယ်... တုနိုင်းသူမရှိဘူးကွယ်
          ခင်အလှက ညိုမြရယ်..  နတ်သမီးတောင်ငိုရှာမယ်...။   တောသူအလှကို ဒိုးပတ်မှာဖွဲ့ရေးရတာလဲ ဝါသနာမို့ ပျော်စရာကောင်းလှပေတယ်...။
      ပျော်စရာကောင်းတဲ့ အညာဒေသ ကိုယ့်ဓလေ့နဲ့ ကိုယ်ပွဲတွေကို ဘယ်လောက်ပင်ချစ်နေပါစေ..။ အချိန်တန်တော့ တောင်ပံ ကလေးဖြန့်ပြီး ပျံသန်းလာတာ ၂နစ်တောင်ပြည့်တောမည်...။ လွှမ်းလှပါတယ် အညာမြေဆီ တွေးမိပါတယ် အတိတ်နေ့တွေဆီ  စိတ်ကလေးတစ်ချက်လွှင့်တိုင်း ပြေးဆိုက်မိတဲ့ ရထားတစ်စင်း၏ ဘူတာအိုလေးတွေကို အလွှမ်းတွေနဲ အတူ ခုတ်မောင်းမိပါသည်...။

                                                                                                           TBR ( လင်း)
   စားလေးမှားရင်ပြင်ဖတ်လိုက်ပေါ့ေ
နာ့် စာစီစစ်သူမရှိဘူးဗျ..။ကိုယ်တိုင်ရေးကိုယ်တိုင်စစ်မို့ ကိုယ့် မျက်ချေး ကိုယ်မမြင်ရဘူးလေ...။

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
←ူliving together နှင့် ကာမေသူ …   Zurück zu Blog   ထွန်းညီ့ကြစို့ →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.