မှားပုံ
Geschrieben am 08.05.2011 von
shweyoat
အဆောင်ရှေ့မှစတိတ်စင်ကြောင့် ရွှေရုပ်အံ့သြသွားမိပါတယ်။ မီးစလိုက်များနှင့် စပွန်ဆာကုမ္ပဏီတံဆိပ်ကထည်ဝါစွာ
“သီချင်းတစ်ပုဒ်ကို ငါးရာနဲ့ဆိုလို့ရတယ်”
ရွှေရုပ်ရဲ့ အဆောင်မှ ကောင်မလေးတစ်ယောက်ရဲ့ပြောလိုက်တဲ့အသံက ရွှေရုပ်ရဲ့ အနုပညာပိုးကို ထိုးလိုက်သလို အဲလေ လှုပ်နှိုးလိုက်သလိုဖြစ်သွားပါတယ်။.
“အယ်ဂယ်ကြီးလား...ဒါပေမယ့် ငါးရာကများတယ်...သုံးပုဒ်ငါးရာဆိုတော်သေးနော်..ဒါနဲ့ ဘာအထိမ်းအမှတ်ပွဲလဲဟင်”
“ဘုရားရန်ပုံငွေပွဲလေ”
အဆောင်မှကောင်မလေးများက ရွှေရုပ်ကို ပွဲတောင်းနေတယ်(အဟီး.... ကိုယ်ကဆိုချင်တာလဲပါတာပေါ့လေ)
“ဆိုပါလား ရွှေရုပ်ရယ် နင်ဆိုတတ်တာငါသိပါတယ်”
“ဟုတ်တယ် ..အမရွှေရုပ်ဆို....ဆိုနော်...”
“ဆို......ဆို..”
အားလုံးက ရွှေရုပ်ရဲ့လက်မောင်းကို ကိုင်ကာ အတင်း လှုပ်တောင်းဆိုတယ်။ အကုန်လုံးက မျက်နှာငယ်လေးများနှင့် ပြုံးပြုံးဖြဲဖြဲ ။ ပြူးပြူးပြဲပြဲ ၊ ကလူးကလဲ ..အဲလေ ဘယ်တွေရောက်... အဲ့ဒါနဲ့ပေါ့ ရွှေရုပ်လဲ မှုးကာ ဟင် မှားပြန်ပြီ မှုကာ
“ဒီတိုင်းတော့မဆိုချင်ဘူးဟာ ဒီလိုစတိတ်စင်နဲ့ဆိုလူတွေတော်တော်လာကြည့်မှာ ..”
“ဟာငါတို့ဆုချမှာပေါ့ ..”
အယ်.... ရွှေရုပ်တော်တော်ပျော်သွားပါတယ်။ သိတယ်မဟုတ်လား၊ ပြတ်တုန်းလပ်တုန်း နှစ်ဆယ့်သုံး ၊လကုန်ခါနီး နှစ်ဆယ့်သုံးရက်လောက်ကတည်းကပြတ်တာ ငတ်တလှည့် ပြတ်တလှည့်ပေါ့ ငါတို့ဆုချမှာဆိုတဲ့ စကားက စားရကံကြုံတော့မုတ်ဆိတ်ကိုပျားတုတ်တာဘဲ ...
“အင်း အနည်းဆုံးငါးထောင်ဘဲ”
“အေးနင်လဲ အနည်းဆုံးငါးပုဒ်”
“ဟာငါက နှစ်ထောင့်ငါးရာ ဘဲမြတ်မှာပေါ့”
“အဲ့လိုတော့မပြောနဲ့ဟာ ငါတို့လဲ အများကြီးဆုချချင်တာပေါ့ လကုန်ရက်နင်လဲသိသားနဲ့ ”
အဲ့လောက်ဆိုရပြီလေ။ နှစ်ထောင့်ငါးရာလဲရမယ် ။သီချင်းငါးပုဒ်လဲအလကားဆိုရမယ့် အခွင့်အရေး ။ ဟိုကဗျာထဲကလို ခွင့်သာဆဲမှာ ဟဲလိုက်ပါ့မယ်(ကဗျာထဲကတော့ခဲတာ ရွှေရုပ်ကတော့မိုက်ကိုကိုင်ပြီး) ။တကယ်ရှင် အဲလိုနဲ့ပေါ့။
“ကြုံဆုံလာတဲ့ ကျမနဲ့လမ်းမပေါ် ဟန်တွေပန်တွေကိုဘဲကြည့်နေတုန်း.......ကျမစိတ်မလုံပါဘူး အို ထမီများကျွတ်လို့လား အဲလေ.... ”
သီချင်းကတော့အပီအပြင်ဟဲတာပါဘဲ။ တစ်ပုဒ်ပြီးတစ်ပုဒ် ။ နောက်ဆုံးတောင် ဖြူဖြူကျော်သိန်းနဲ့ပြီးလိုက်သေးတယ်.ဒီလိုလေး
“ငါတော့မေ့လို့မရတော့ဘူး အကြွေးတွေ ...ငါတော့မေ့လို့မရတော့ဘူး..အကြွေးတွေ..”
အရမ်းမိုက်တယ်သိလား ။ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် အစဉ်ကိုပြေလို့ ။ ရွှေရုပ်လဲ ဒီရပ်ကွက်ကအဆောင်ကိုပြောင်းလာတာ တစ်ပတ်ကျော်ကျော်တောင်ရှိသွားပြီလေ. ခုတစ်ရပ်ကွက်လုံးသိသွာြး့ပီလေ။ အဲ့တော့ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် အင်း လက်ခုပ်သံတွေကြာမှာရွှေရုပ်က ပြုံးလို့ပျော်လို့ ဆုချတဲ့စာအိတ်ကိုဖွင့်ပြီး ငါးထောင်တန်တစ်ရွက်ကို မွေ့ရမ်းပြလိုက်ပါတယ် ။ပြီးတော့
“အရမ်းကိုကျေးဇူးတင်ပါတယ်ရှင် ။ရွှေရုပ်ကို ဆုချတဲ့ ရွှေရုပ်အဆောင်မှ ညီမများနဲ့ ရပ်ကွက်သူရပ်ကွက်သားများကိုပါကျေးဇူးတင်ပါတယ် ။ရွှေရုပ်သီချင်းတက်ဆိုရတဲ့အဓိကအကြောင်းကတော့ ဆုရလို့ပါ ..အဟီး..”
အားလုံးပွဲကျသွားပါတယ်။ ပြီးတော့အဆောင်ရောက်တော့မှ ။။
“ရွှေရုပ် အဲ့ပိုက်ဆံလေး ငါပြန်ယူလိုက်ပြီနော် ”
“ဟင် .”
.ခုနဘဲသူတို့ဆုချသေးတယ်။ ခုအဲ့ပိုက်ဆံက သူတို့လက်ထဲကိုပြန်ရောက်သွားတော့ အံသြနေတုန်းမှာဘဲ
“ဒီပိုက်ဆံကလေ ဘုရားမဲတွေသိလား ။ဒီရပ်ကွက်က လူကြီးတွေရောင်းခိုင်းထားတာ ။ငါတို့လဲနင်ဆိုတာကိုကြည့်ချင်တာနဲ့ အဟဲ.... ”
“ဟုတ်တယ် မမရွှေရုပ် အရမ်းအဆိုတော်တာသိလား ...”
“ဟင့် ... ငါးထောင်တန်လေး..”
“ဟုတ်တယ်လေ ..ညလေးတို့ဆီမှာ ဒီအချိန်ဘယ်လိုလုပ် ငါးထောင်တန်ကိုင်နိုင်မှာလဲ ။ အဲ့ဒါလေ ဒီမှာ ဘုရားမဲတွေ .ရောင်းထားတာ”
“ဟင့်...”
ရွှေရုပ် ရင်ထဲမှာမိုးတွေသည်းနေပါပြီ နှစ်ထောင့်ငါးရာကိုမြင်မိလို့ နှစ်ထောင့်ငါးရာကိုစွန့်လိုက်တာခုတော့ကုန်ပါပြီကောနှစ်ထောင့်ငါးရာ....ဟင့်......အင်းနော် မှားပုံများ ပြောလိုက်ချင်ပါဘူး အရပ်ကတို့ရယ်။
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်