တောင်ပို့ကို ရွှေတုံးမထင်မိစေဖို့

Geschrieben am 19.09.2011 von pothi

တောင်ပို့ကို ရွှေတုံးမထင်မိစေဖို့

တောင်ပို့ကြီးတစ်ခု .... ။

အပြင်ရုပ်ဆင်းကို ကြည့်လိုက်ပါ ..... ။

အဖုတွေ အပိမ့်တွေ အပေါက်တွေ အမှိုက်သရိုက်တွေနဲ့ တန်ဆာဆင်ထားလေရဲ့ ..... ။

အထဲမှာ ပိုးတွေ ... ခြတွေ .... ပုရွက်ဆိတ်တွေ .... ကြွက်တွေ ..... ဖွတ်တွေ .... အင်းဆက်သတ္တ၀ါတွေ နေနေကြလေရဲ့ ..... ။

အဆင်းသွင်ပြင်အနေနဲ့ကလည်း ဘာမှ တင့်တယ်ဖွယ်မရှိ ..... ။ အတွင်းမှာ ခိုအောင်းနေတဲ့ သတ္တ၀ါတွေအနေနဲ့လည်း သာယာဖွယ် တစ်ကောင်မျှမပါ .... ။ အဲဒီလို မတင့်တယ်ဖွယ်အဆင်းရှိတဲ့ တောင်ပို့ကြီးရဲ့ အပေါက်တွေထဲကနေ အဲဒီသတ္တ၀ါတွေ ၀င်ထွက်နေကြတာကို ဘေးကနေကြည့်ရင် တောင်ပို့ကြီးဟာ အဲဒီသတ္တ၀ါတွေကို အန်ထုတ်နေတာနဲ့ တူတယ် .... ။ အန်တယ် ဆိုကတည်းက ရွံစရာက ကောင်းနေပြီလေ ..... ။

          အဲဒီလို ပျို့တာ အန်တာကို ပါဠိလို ၀မ္မိက လို့ ခေါ်တယ် ..... ။ ပိုး ခြ ပုရွက် စတဲ့သတ္တ၀ါတွေကို အန်တတ်လို့ တောင်ပို့ လို့ ခေါ်တာ ဖြစ်တယ်။ သတ္တ၀ါအနေနဲ့လဲ ရွံစရာကောင်း ....။ အမူအရာအနေနဲ့လည်း ရွံစရာကောင်းပါတယ် .....။

လူသားတွေရဲ့ ရုပ်ခန္ဓာကြီးကို ကြည့်လိုက်ပါ ..... ။

အဖုတွေ အပိမ့်တွေ အပေါက်တွေ အမှိုက်သရိုက်(အမွေးအမျှင်) တွေနဲ့ တန်ဆာဆင်ထားလေရဲ့ ..... ။

အထဲမှာလဲ ရှစ်သောင်းသော ပိုးတွေ ခိုအောင်းနေကြလေရဲ့ ..... ။

ကိုးပေါက်သော ဒွါရတွေမှတဆင့် အန်ထွက်လာတဲ့ ကိုယ်တွင်းပစ္စည်းတွေကို ကြည့်လိုက်ပါ ....။ မျက်လုံးကထွက်တော့ မျက်ရည်နဲ့ မျက်ချေး ..... ။ နားကထွက်တော့ နှာရည် နှပ်ချေး .... ။ ဘယ်အပေါက်ကများ တင့်တယ်ဖွယ်ရာတွေ ထွက်လာပါလိမ့် ..... ။

အဲဒီလို မတင့်တယ်စရာတွေကို အန်ထုတ်တတ်လို့ လူ့ခန္ဓာကိုယ်ကြီးကိုလဲ တောင်ပို့နှင့် တူတယ်လို့ ဘုရားရှင် ဟောကြားခဲ့တယ်။

တောင်ပို့ထဲမှာ ပိုးကောင်းမျိုးစုံတို့ မွေးဖွားကြ သေဆုံးကြ ပြုသလို ခန္ဓာထဲမှာလဲ သတ္တ၀ါမျိုးစုံတို့ မွေးဖွားကြလို့ မီးနေအိမ်လို့ ပြော လို့လဲ ရတယ်။ သတ္တ၀ါမျိုးစုံတို့ကို မြှုပ်နှံရာဖြစ်လို့ သုသာန်လို့လဲ ပြောလို့ရတယ်။

တောင်ပို့ထဲမှာ မြွေကြီးတွေ ခိုအောင်းနေသလို ခန္ဓာထဲမှာလဲ ကိုယ့်ကို အချိန်မရေး ကိုက်ခဲ နှိပ်စက်မယ့် ပထ၀ီ အာပေါ တေဇော ၀ါယော ဆိုတဲ့ မြွေကြီးတွေ ရှိနေကြလေရဲ့ ...။

          ရွံဖွယ်ကောင်းတဲ့ ဒီခန္ဓာ၊ ရွှေမထွက်တဲ့ ဒီခန္ဓာ ဘာလို့များ ငါ ငါ ရယ်လို့ ဖြစ်နေကြပါသလဲ ..... ။ ပထ၀ီ အာပေါ တေဇော ၀ါယော ဆိုတဲ့ ရန်သူသဖွယ် မြွေကြီးများရဲ့ ကိုက်ခဲမှုကြောင့် အချိန်မရေး သေဆုံးသွားနိုင်တာကို သတိထားမိကြပါရဲ့လား .... ။

          လောဘဖြင့်လဲ တပ်မက်မှု ကင်းကြပါစေ

          ဒေါသဖြင့်လဲ နှိပ်စက်မှု ကင်းကြပါစေ

          မောဟဖြင့်လဲ မိုက်မဲမှု ကင်းကြပါစေ

          သတ္တ၀ါအများ မေတ္တာပွား တရားကိန်းနိုင်ကြပါစေ

အရည်အသွေး .......မပြည့်သေးခင်
ကလေးကလှောင် ...ခွေးကဟောင်မည်
အမောင်ဒီအတွက် ...စိတ်မပျက်နဲ့
ရှေ့ဆက်ကြိုးကုတ် ...အလုပ်လုပ်ပါ...။ ။

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← မြန်မာစကား ရှုပ်ပုံကဒီလိုပါ   Zurück zu Blog   HPV Vaccination and Pregnancy … →
© 2013-2024 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.