ပျော်ရွှင်စရာ(၁၀)ခု

Geschrieben am 10.07.2011 von pothi

ပစ္စည်းဥစ္စာ

ငွေကြေးနဲ့ ပျော်ရွှင်ခြင်းကို အတိုင်းအတာတစ်ခုအထိ ဝယ်ယူလို့ရနိုင်သလို ရာထူး၊ နေရာတွေကိုလည်း ဝယ်ယူလို့ရနိုင်ပါတယ်။ဒါပေမဲ့စားဝတ်နေရေးဆိုတာကိုဖြေရှင်းနိုင်ပြီးနောက်သင့်မှာရှိတဲ့ပိုလျှံတဲငွေတစ်ပြား တစ်ချပ်တိုင်းရဲ့အရေးပါမှုဟာသေးသထက်သေးငယ်သွားပါတယ်။


လိုအင်ဆန္ဒ


လိုအင်ဆန္ဒကပျော်ရွှင်ခြင်းရဲ့ရန်သူဖြစ်တယ်။ရောင့်ရဲတင့်တိမ်နိုင်သူမှပျော်ရွှင်တယ်။ဆန်းစစ်ချက်အရ တခြားလူနဲ့အနိမ့်အမြင့်မနှိုင်းယှဉ်ဘဲရတဲ့ပျော်ရွှင်မှုဟာဝင်ငွေကောင်းလို့ရတဲ့ပျော်ရွှင်မှုထက် ငါးဆလို့ဆိုပါတယ်။


အသိဉာဏ်


အသိဉာဏ်ရဲ့ပံ့ပိုးမှုဟာလည်း ပျော်ရွှင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဆန်းစစ်ချက်အရ ပိုထက်မြက်တဲ့လူဟာ အလိုဆန္ဒပိုများကြောင်းတွေ့ရတယ်။ပိုမြင့်တဲ့အောင်မြင်မှုကိုမရလေဆန္ဒမပြည့်ဝလေမပျော်ရွှင်လေဖြစ်တယ်။

နောက်ပြီးအသိဉာဏ်မြင့်တိုင်းလူလူချင်းပေါင်းသင်းဆက်ဆံရေးကိုအဆင်ပြေချောမွတ်အောင်

လုပ်နိုင်စွမ်းရှိတယ်လို့မဆိုသာပါဘူး။

မျိုးရိုးဗီဇ


ပျော်ရွှင်ခြင်းရဲ့အတိုင်းအတာတစ်ခုဟာမွေးရာပါကလာတာဖြစ်တယ်။

ပျော်ရွှင်ခြင်းကို သိနားလည်၊ ခံစားနိုင်တဲ့ ၉ဝ%အတိုင်းအတာက မျိုးရိုးဗီဇကြောင့်ဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ မိဘတွေရဲ့ မှန်ကန်တဲ့ အတွေးအမြင်၊ ဆုံးဖြတ်ချက်နဲ့ကောင်းမွန်တဲ့ဆုံးမသွန်သင်မှုတွေနဲ့လည်းတိုက်ရိုက်သက်ဆိုင်ပါတယ်။

အလှအပ


လှပတဲ့လူတွေပိုပျော်ရွှင်တယ်ဆိုတဲ့စကားကလူအများအတွက်သတင်းဆိုးဖြစ်နိုင်တယ်။ဒါပေမဲ့သင်လှတယ်လို့ သင့်ကိုယ်သင်ယုံကြည်ဖို့ပဲလိုအပ်ပါတယ်။မိန်းကလေးတွေလည်းကိုယ့်ကိုယ်ကိုအရမ်းဝတယ်လို့ အမြဲမထင်ဖို့နဲ့ ယောက်ျားလေးတွေကလည်းကိုယ့်ကိုယ်ကိုမခန့်ဘူး၊မတောင့်တင်းဘူးလို့အမြဲမထင်ဖို့ပဲလိုပါတယ်။


သူငယ်ချင်း


သူငယ်ချင်းဆိုတာပျော်ရွှင်ခြင်းရဲ့ရေသောက်မြစ်ဖြစ်တယ်။ပညာရှင်တွေရဲ့ဆန်းစစ်ချက်မှာဝင်ငွေနဲ့ ရာထူးအနိမ့်အမြင့် မတူတဲ့လူတွေမှာ တူညီတဲ့ပျော်ရွှင်မှုတွေ ရနေတာဟာ သူငယ်ချင်းတွေကြောင့်လို့ ဆိုပါတယ်။


အိမ်ထောင်ရေး


အိမ်ထောင်ကျသူဟာအိမ်ထောင်မကျသူတွေထက်ပိုပျော်ရွှင်တာတွေ့ရတယ်။ကမ္ဘာ့သိပ္ပံပညာရှင်တွေရဲ့ သဘောတူဆွေးနွေးချက်မှာ အပျော်ရွှင်ဆုံး စိတ်ခံစားချက်ဟာ အိမ်ထောင်ကျပြီး နောက်တစ်နှစ်အထိ ရှိနိုင်ကြောင်းတွေ့ရတယ်။


ကိုးကွယ်ယုံကြည်မှု


ဒါဟာလည်း ပျော်ရွှင်ခြင်းနဲ့ တနည်းနည်း သက်ဆိုင်နေခဲ့ပါတယ်။ ယုံကြည်ကိုးကွယ်မှုက ကံမကောင်းခြင်း၊ ဘေးဆိုးကဒ်ဆိုးတွေကို မောင်းထုတ်နိုင်တဲ့ လူလူချင်း တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးနိုင်တဲ့ အကျိုးကိုဖြစ်စေပါတယ်။


ချစ်ခြင်းမေတ္တာ


ချစ်ခြင်းမေတ္တာဟာလည်းပျော်ရွှင်ခြင်းကိုဖြစ်စေကြောင်းလူအနည်းစုလောက်သာသိခဲ့ကြတယ်။

ကောင်းမှုလုပ်တဲ့သူ၊ချစ်ခြင်းမေတ္တာဖြန့်ဝေသူတွေဟာပိုပျော်ရွှင်တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပျော်ရွှင်ခြင်းက ကိုယ်ကျိုးမငဲ့တဲ့၊စေတနာရှိတဲ့ပေးဆပ်ခြင်းနဲ့ပဲသက်ဆိုင်ပါလိမ့်မယ်။

အသက်အရွယ်


အသက်အရွယ်ကြီးသူတွေဟာပိုပျော်ရွှင်ကြတယ်။အသက်အရွယ်ကြီးရင့်အိုမင်းလာသည့်နည်းတူ အသက်ကြီးသူတွေဟာပျော်ရွှင်နိုင်မယ့်အရာတွေကိုပဲဖမ်းဆုပ်တတ်ဖို့ပိုနားလည်လာခဲ့ကြတယ်။ ပြဿနာဖြစ်စေတဲ့၊ စိတ်ညစ်စေတဲ့အရာကို အလွယ်တကူ လက်လွတ်တတ်ဖို့ သူတို့နားလည်ခဲ့ကြတယ်။

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← သူစိမ်းတစ်ယောက်.....   Zurück zu Blog   Would like to Drink? →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.