ကျွန်မကိုပျော်ရွှင်စေသောအရာများ
Geschrieben am 12.11.2009 von nyeinmahaw08
ဒီပို့ စ်လေး ဟာ မမနန်းမ၀ ရဲ့  ဖိတ်ခေါ်ချက် လေးပဲ
ဖြစ်ပါတယ် ........ အဲဒီ အတွက် ချစ်ခင်ရတဲ့  
 မမနန်းမ၀ တွက်  ပျော်ရွင်ပါစေ လို့  ဒီပိုစ်လေးနဲ့ အတူ
နူတ်ဆက်လိုက်ပါတယ် ......  မမပျော်ပါစေ ......
   ကျွန်မရဲ့  ၀ါသနာ သည် သူတစ်ပါးကိုပျော်ရွင်စေ ချင်သော  ၀ါသနာ ပင်ဖြစ်ပါ
သည် ကျွန်မ ငယ်စဉ်က စလို့ ကြီး တဲ့  အထိသူများ ရဲ့ လိုအင်ကို ဖြည့်ရတာ ကိုဝါသနာ
ပါသည်။  ကျွန်မ သူငယ်ချင်းတစ်ယောက်က ကျွန်မ ၀တ်ထားသည်အကျီကိုလိုချင်
လိုက်တယ်ဟယ် တဲ့ ငါလဲ ပိုက်ဆံရှိရင်ဝယ်မယ် ဆိုပြီး ထပ်တလဲလဲပြောခဲ့ တာ
ကို့ကျွန်မ ငေးကြည့်ပြီး ချက်ချင်း ချွတ်ပေးခဲ့ ဖူးပါတယ် လက်ဆောင်ဆိုပြီး 
ထို သူငယ်ချင်း က ကျွန်မ ရဲ့ အပေါ်ဝတ်အကျီလေးကိုဝတ်ပြီးပျော်ရွင် စွာ ပြန်သွား
တာကို ကြည့်ပြီး ကျွန်မ ကြည်နူး ခဲ့ ရသည် ။ ကျွန်မ ၀ါသနာ သည်သူတပါးကို
ပျော်ရွင်အောင်လုပ်ပေးချင်သောဝါသနာ လိုအင်ဆန္ဒတွေ ကိုဖြည့်ဆည်းပေးချင်
သောဝါသနာပင် ဖြစ်ပါသည် ။ ဒီစိတ်ဓာတ် ကြောင့်ကျွန်မ အမြဲပျော်ရွင်ရပါသည်။
မိဘနှစ်ပါး(Parsents)
                        ထူးခြားတဲ့  အရည်သွေးတွေနဲ့ စိတ်ကူးစိတ်သန်းကောင်းများ
ကွန်မြူး တဲ့ သူများဖြစ်ကြတဲ့ ကျွန်မ မိဘနှစ်ပါး  တွေ ပဲဖြစ်ပါသည်။ နာမည်ကြီး
စာရေးဆရာ တစ်ယောက်ကို မိတ်ဆက်စာ ခိုးရေးတဲ့  သူဌေးသမီး လေး
တစ်ယောက်ရဲ့ စာတစ်စောင်ဟာ ငြိမ်းမဟော်ဆို တဲ့  လူသားတစ်ယောက် လူလော
ကကို အလည်လာဖို့ တွက် ဖိတ်ခေါ်စာ လေးတစ်စောင်ဆိုမှားမယ်မထင်ပါဘူး....။
လူလောက ကိုရောက်ချိန်မှာ သားရူး ရူးနေတဲ့  မေမေရဲ့ စိတ်ထိခိုက်မူဟာ ကျွန်မ
တွက်မိခင်နို့ ကိုသဘာဝကျကျ သောက်ခွင့်မရခဲ့ သလို ဖခင်ရဲ့ အကြင်နာရင်ခွင်မှာ
နို့ ဗူး နဲ့ ကြီးပြင်းခဲ့ ရတဲ့ အတွက်ကြောင့် အမေထက်အဖေကို ပိုချစ်ခဲ့ ရတဲ့ အတွက်
ပျော်ရွင်ခဲ့ ရပါတယ်...........................။  အများတကာလို ကလေး တစ်ယောက်
ရဲ့  ပြည်စုံခြင်း ဆိုတာ ကစားစရာအထူး အဆန်း အရုပ်များ ဆိုပါက  ... ကျွန်မ ရဲ့ 
ကစားစာရာ ပစ္စည်း များကတော့  အဖေရဲ့ ကလောင်တံနဲ့   အဖေနဲ့ အမေရဲ့ 
စည်းစိမ်အစစ်ဖြစ်တဲ့  စာအုပ်ပုံပေါ်မှာ  စည်းစိမ်ခံစားဆော့ကစား ခဲ့ ရခြင်းကြောင့်
စာပေးတန်ဖိုး ကိုငယ်စဉ် အခါမှ စလို့ သိခဲ့ ရလို့  အဖေနဲ့အမေ ကို ကျေးဇူးတင်
ဂုဏ်ယူပျော်ရွင်မိရပါတယ် ။
ဘာသာရေး(Religion)
               ကျွန်မ ဟာ အရွယ်ရောက်လာလို့ သိတတ်ခါစကအစ  လမ်းစုံလမ်းခွ
ရောက်နေတဲ့ သူတစ်ယောက်လို ဘာသာရေးလမ်းဆုံ လမ်းခွမှာရောက်ခဲ့ ဖူးပါတယ်
အဖေတူသမီး ပီပီ  ခရစ်တော်မှာလဲနှစ်ခြင်းခံဖူး ပါတယ်။ ဒါပေမယ့်ဖေဖေ ဆုံးပါပြီး
နောက် ဘိုးဘိုး (မေမေ ရဲ့ အဖေ) ရဲ့   အဆုံးအမအောက်မှာဆက်လက်ကြီးပြင်းခွင့်
ရတဲ့ အခါ ဗုဒ္ဓဘာသာကို လေ့လာသိရှိခဲ့ ရာကအစ  ဗုဒ္ဓနဲ့ ကာလာမသားတို့ 
ရဲ့ အမေးအဖြေကို ဖတ်ကြည်ဆင်ခြင်ပြီးတဲ့ နောက်မှာ ဗုဒ္ဓဘာသာ ရဲ့ 
အနှစ်သာရ ကို စတင်သိရှိခဲ့ ရတဲ့ အတွက်ပျော်ရွင်ကြည်နူးမိပါတယ်။ 
အမြင်မှန်ရ မှ ဘ၀ချမ်းသာ ရ တဲ့ အတွက် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ဆည်း
ကပ် ရတာ ပျော်ရွင်ကြည်းနူးမိပါတယ်။
အလုပ်(Job)
            အလုပ်ဆိုတာ လူတစ်ယောက်ရဲ့  အရည်အသွေး ပဲဖြစ်ပါတယ်........ 
 ကျွန်မ ရဲ့ အလုပ်  ကို   ၀ါသနာနဲ့  အသက်မွေးဝမ်းကျောင်း တထပ်တည်း ကျရန်
တွက်  ကျွန်မ လေ့လာသင်ယူကြိုးစား  နေဆဲ ဖြစ်တဲ့ အတွက် အတိုင်းမသိပျော်ရွင်
ကြည်နူးမိပါတယ်.........။  
အောင်မြင်မှု့ (Success) 
             လောက မှာ့ ကျွန်မ မေမေ  ၀မ်းဗိုက် အတွင်းမှ တွန်းထိုးထွက်ဖောက်လာနိုင်တဲ့  အခါ ကျွန်မရဲ့ အောင်မြင်မူဟစ်ကြွေးလိုက်တဲ့ အူဝဲ
ဆိုတဲ့ အသံက အစ ကျွန်မ နှစ်သက်စွာ ပြန်လည်တွေးတော ဂုဏ်ယူဝမ်းမြောက်
တတ်ပါတယ်။  အောင်မြင်မှု ဆိုတာ  ကို ကျွန်မ အမြဲ့ ကျွန်မရဲ့ မှတ်ဥာဏ် ထဲ မှာ
သောလည်းကောင်း photo ထဲမှာ သောလည်းကောင်း  မှတ်တမ်းတင်ထားပါတယ်။            ကျွန်မနဲ့ ကျရူးံခြင်းတို့ မတော်တဆ တခါတရံ
သူငယ်ချင်းဖြစ်ရတဲ့ အခါတိုင်း အရင်က ရခဲ့ ဖူးတဲ့  အောင်မြင်မှု  မှတ်တမ်းများကို
ကျွန်မ ပြန်လည် ကြည့်ရူ့  တွေးတောအားယူတတ်ပါတယ် ။  အောင်မြင်မှု က အမြဲတမ်း  ကျွန်မရဲ့နောက်မှာ သော်လည်းကောင်း ၊  ရှေ့မှာသော်လည်းကောင်း
ဘေးမှာသော်လည်းကောင်း  အဆင်သင့်ရှိပေးနေတတ်သူပါ။ အဲဒီအဆင်သင့်ရှိနေ
ပေးတတ်တဲ့ အောင်မြင်မှု့ အတွက် ကျွန်မ ပျော်ရွင်မိပါတယ်။
ဥာဏ်ပညာ(Intellenge)
          မဟော်သဓာ ကို ရှေး ခောတ်  ဂျီးနီယပ်(စ်)  ဆိုပါက  ကျွန်မ ဟာ  ငယ်စဉ် အခါမှာ မဟော်သဓာလိုမတော်ပေမယ့် ဖြတ်ထိုးဥာဏ် ကောင်းသော
ကြောင့်   ငြိမ်းမဟော်ဖြစ်ခဲ့ ရပါတယ်။   ကျွန်မ ရဲ့ လူတွေ ကို  ပျော်ရွင်စေတဲ့ 
ဟာသဥာဏ်ရည်  နဲ့ ပြသာနာတွေကို ပြေလည်အောင်ခပ်မြန်မြန်ဖြေရှင်း
ပေးနိုင်တဲ့ ဖြတ်ထိုးဥာဏ် တွေ ကြောင့်ကျွန်မ ဟာ ကျွန်မရဲ့  ပတ်ဝန်းကျင်မှာ
အားလုံးအတွက် အေးချမ်းခြင်းကိုပေးစေသူဖြစ်တဲ့ အတွက် ပျော်ရွင် မိခဲ့ ရပါတယ်။
ကျွန်မ ရရှိထားတဲ့  ပညာအရည်အချင်းများနဲ့ အသိမှတ်ပြု လက်မှတ်များ အားလုံး
ကကျွန်မရဲ့   ကိုယ်ပိုင်အတွေးအခေါ်ဥာဏ်ပညာ လောက် တန်းဖိုးမရှိ လို့ အမြဲ
ယူဆ  ခဲ့ ပါတယ် အဲဒီတွက်   ကျွန်မရဲ့ ဥာဏ်ပညာ ဟာ စာရွက်ပေါ်မှာ သူများ
ဂုဏ်ယူပျော်ရွင်မိပါတယ်။
ဆွဲဆောင်မှု့ ( Attraction)
ဟာ  ရုပ်ရည်၊ ပြင်ပပြင်ဆင်မူထက် ကျွန်မ ရဲ့  စိတ်ဓာတ်ကို အဓိကထားပါတယ်။ 
ကျွန်မဟာ မိန်းကလေး တစ်ယောက် ဖြစ်တဲ့ အတွက်အလှ ကြိုက်သော အလှမက်
သောမိန်းကလေး ပင်ဖြစ်သော်လည်း ကျွန်မဆွဲ ဆောင်မူ့ တွက် ကျွန်မ စိတ်ဓာတ်
ကို သာ  အလေးထား ပြင်ဆင်ပါတယ်  အဲဒီ ပြင်ဆင်ထားတဲ့ ဖြူစင်လှပတဲ့
ကျွန်မ စိတ်ဓာတ်အတွက် ကျွန်မ ပျော်ရွင်မိပါတယ်။
ကျွန်မရဲ့ ဖက်ရှင်နဲ့ ကျွန်မ စတိုင်လ်ထက်ကျွန်မ ရဲ့  ဖြူစင်တဲ့ စိတ်ဓာတ် ကို ပိုမိုချီးကျူးသောအခါ   ကျွန်မ ပျော်ရွင်ရပါတယ်။
 အင်တာနက်(Internet) 
            အင်တာနက်ဆိုတာ ကျွန်မရဲ့ ချစ်သူ တစ်ယောက် ဆိုလဲ မမှားပါဘူး
သူက တကယ် မိတ်ဆွေကောင်းချစ်သူကောင်းပေါ့ ..............   သူသိသလောက်ကျွန်မသိရတယ်  သူသိတာတတ်တာ အကုန်ပြောပြတယ် ကျွန်မ သိချင်  တဲ့ အရာမှန်သမျှ  သူဆီမှာ ရှိသလောက်သူပြန်ပေးတယ် အကုန်ဆရာစားမချန်  ကျွန်မ သိခွင့် ရတဲ့ အတွက် စိတ်မပုတ်တဲ့ ချစ်သူ ကို ချစ်ရတဲ့ အတွက် ကျွန်မပျော်ရွင်မိပါတယ်..............  မေမေနဲ့ ကျွန်မ ကိုကမ္ဘာမခြားအောင်လဲ ကူညီပေးနိုင်သလိုသူငယ်ချင်းများနဲ့ လဲ မဝေးအောင်သူကူညီပေးနိုင်လို့ ကျွန်မ သူကို ချစ်ရတာပျော်ရွင်မိပါတယ်.........
ကျွန်မရဲ့ အတွေးခေါ် နဲ့ ခပ်ညံညံစာသားတွေ ကိုလဲ သူ က မလှောင်ပြောင်ပဲ
လေးလေးစား စား နဲ့ လဲဖော်ပြပေးနိုင်တယ်အဲဒီအတွက်  ကျွန်မ ပျော်ရွင်မိပါတယ်။
ငွေ(Money) 
      ငွေ ဆို တာ  လူတွေဖန်ဆင်းထားတဲ့ အရာ   လူတွေသတ်မှတ်ထားတဲ့ တန်ဖိုး  အဲဒီသတ်မှတ်ချက်တွေ  မရှိရင်  ငွေဆိုတာ စက္ကူ သတ်သတ်ပါ။ 
ပထ္ထမြားဆိုတာ  သူ သဘာဝတိုင်း မြေကြီး ထဲမှာ ရှိနေရင် ဘာတန်ဖိုးမှမရှိပါ။ 
 ကျွန်မ တွက်တော့  အတိုင်းတာတခု ထိပျော်ရွင်မူပေးနိုင်တဲ့ ငွေ ပြည့်စုံ တဲ့ အခါ
တိုင်းပျော်ရွင်မိပေမယ့်      ငွေ  ကို ကျွန်မတွက် ကျေးကျွန် အဖြစ် သာထား
ပြီး  ကျွန်မ တွက် ငွေသည် ဘယ်တော့မှ အရှင်သခင် မဖြစ် အောင်ကြိုးစား ရတဲ့ 
အခါတိုင်း ပျော်ရွင်မိပါတယ်။
အချစ်(love) 
         ချစ်ရဲ တဲ့ အခါ အချစ်မူးမူးရသလို တပ်မက်မူသာဦးတည်ရာရှိသလို ရင်ခုန်
လှိုက်မောခြင်း ကနှလုံးသားကို နှိပ်စက်လို့  ပူလောင် နာကျင်ခြင်းနဲ့  မိန်းမော ကြည်နူးရတဲ့   နာကြင်မူ့   အစွန်းတရားနှစ်ခု ပါ။   သိမ်းဆည်းထားတဲ့ အရှက်ကို
အချစ်က  မမြင်ချင်ဆောင်သွားတတ်သလို မိန်းမတစ်ယောက်ရဲ့ မာနကိုလဲအချစ်က
ခ၀ါချသွားစေနိုင်ပါတယ်။ဓားသွားထက်က ပျားရည် ကပိုချို ခဲ့ သလို အချစ်ကို ပွေ့   `ဖက်နေခြင်းသည် နာကျင်စွာခံစား ရစေကာ ချိုမြိုန်သောအရသာရှိသည်လို့ 
ကျွန်မ ၀န်ခံချင်ပါတယ်။  ကျွန်မ သည် မချစ်ဖူးသေးတော့အချစ်ရူးလေးလဲဖြစ်ခဲ့ ဖူး
ပါပြီ ။  ဒါကြောင့်  အခုချိန်မှာ  မချစ်တတ်မမုန်းတတ် အောင်ကြိုးစား နေထိုင် သွား
တတ်လို့ လဲ ကျွန်မ  ပျော်ရွင်မိပါတယ်။ 
သူငယ်ချင်းများ(Friends)
          မိတ်ဆွေသူငယ်ချင်းများ ဆိုတာ ကျွန်မ ဘ၀တွက်တော့ ဘ၀အမောပြေ
အားဆေးများသာဖြစ်ပါတယ်။  ကျွန်မ ညီမနှစ်ယောက် သည့် ကျွန်မ ရဲ့ အဓိက
သူငယ်ချင်း များဖြစ်ခဲ့ ရတယ်။ ကျွန်မ ဘ၀တွက် သူငယ်ချင်း ဆိုတဲ့  အပေါင်းသင်းတွေ
နဲ့ ပျော်ပါး ချိန်ဆိုတာ  ထက်ညီမ နှစ်ယောက် ရဲ့  နေထိုင်စားသောက်ရေး က အစ
ဝတ်စားဆင် တဲ့ အဆုံး  အချစ်ရေး ကအစ  အစစအရာရာအချိန်ကုန် ခဲ့ ရသော
ကြောင့်  အခုချိန်မှာအရင်နှီး ဆုံး သူငယ်ချင်းကို လက်ညိုး ထိုး ပြ ပါဆို ပါက 
သူ့ တို့ နှစ်ယောက်ကို သာ ခပ်မြန်မြန်လက်ညိုး ထိုး ရမည် သာ။  
 ယခု အချိန်တွင်ကျွန်မ ရဲ့  ကိုယ်ပိုင်ပျော်ရွင်မူတွေကိုပေးတဲ့  ဒီဘလော့   ကမ္ဘာလေးမှာ..............................................
       ခင်ရ တဲ့ သူငယ်ချင်းညီမများ၊ အကို။မောင်များနဲ့ အတူ စာတွေ ရေးသားဖလှယ်အပြန်လှန် ဝေဖန်အကြံပေးပျော်ရွင်အားပေးနေရတဲ့ ဘ၀ က ဒုတိယ ဘ၀ ဖြစ်တဲ့ အတွက်  ပျော်ရွင်မိပါတယ် အတိုင်းမသိပျော်ရွင် ရတဲ့ အတွက်  ဒီဘလော့ခ် လေးနဲ့  အားလုံးကို ပျော်ရွင်စေချင်ပါတယ်  ထို့ အထူ ဒီပိုစ်လေး နဲ့ မမနန်းမ၀ အားပျော်ရွင်ပါ စေ လို ဆုတောင်းရင်း     
                                                          ငြိမ်းမဟော်..
Diskussion
Auf 01.01.0001 Sagt:
nan_ma_wa Auf 12.11.2009 Sagt:
ပီတိအပြုံးလေးတွေနဲ့....
အစ-အဆုံး ဖတ်သွားပါတယ်....
စာဖတ်သူများအတွက် အကျိုးရှိသော post လေးဖြစ်တဲ့အတွက်..
အထူးပင်ပျော်ရွှင်မိပါကြောင်း...
nyeinmahaw08 Auf 12.11.2009 Sagt:
ဒီပို့ စ်လေး ဟာ မမနန်းဝရဲ့ အိုင်ဒီယာလေး ပဲဖြစ်ပါတယ်  ညီမလေးရွေရုပ်  ၊ ညီမလေးလင်းရောင်ရှိန်၊
ငြိမ်းချမ်းအိမ်၊ ကိုကို အေးကျော်မြင့်၊  ကိုမင်းလွင်  တို့ အား ဆက်လက်ဖိတ်ခေါ်စောင့်မျှော်နေပါ့မယ်
                နောက်ထပ် တစ်ယောက်အနေ နဲ့ ညီမလေး ဇင်ယော်  ကိုလဲ ထပ်မံဖိတ်ခေါ်လိုက်ပါတယ် ...................
Kommentar hinzufügen
Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← စိတ်ရင်းကောင်း ဆိုတာ    Zurück zu Blog   ကမ္ဘာကြီးပျက်ခဲ့ ပါလျှုင် →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.