နားလည် ပေးပါ။

Geschrieben am 23.08.2009 von nyeinmahaw08

သူငယ်ချင်း ကမေးတယ် 

 မင်း ဘာလို့ သူ့ ကိုထားခဲ့ တာလဲ တဲ့   ...............

 ငါ့ ကို  သူ က ပြောတယ်  ” မင်းက  အရူးထောင်ပို့ ရလောက်အောင်လဲ မရူးဘူး တဲ့   ဘုန်းကြီးကျောင်းသွားပြီး  သီလရှင် ၀တ်လောက်အောင်လဲ မမြင့်မြတ်ဘူး တဲ့ ...... 

အဲဒါနဲ့ ငါ လဲ   ဒီလို ပဲ  နေမယ်ဆုံးဖြတ်ခဲ့ တယ်  .... 

ဘာလို့ လဲ ဆိုတော့ ငါ တွေးချင်သလို တွေးခွင့်ရှိတယ် ... ငါ  တွက်  အေးချမ်းတဲ့ တရား ဓမ္မ တွေ နဲ့   ပျော်မွေ့ ခွင့် ရှိလာတယ်...... 

မင်းက သူ ကို သေချာ မရှင်း ပြခဲ့ ဘူး လား တဲ့  သူငယ်ချင်းက မေးတယ်....ဟင့်အင်  မရှင်းပြခဲ့ ဘူး .... 

 ငါ သူ့ ကို  ပုံပြင်လေး တပုဒ်  ပြောပြပြီး ထားခ့ဲ့ လိုက်တယ်...။

တစ်ခါတုန်းက  ကြောင် နဲ့ ဘဲမလေးဟာ ချစ်သူ ဖြစ်ကျသတဲ့  ..ဘဲမလေးက သူ့ ချစ်သူကြောင်လေးဘယ်သွားသွား နောက်ကတစ်ကောက်ကောက်လိုက်နေ တာပဲတဲ့ ။

တစ်နေ့  ရေကန်တကန်အနားကိုရောက်သွားတဲ့  အခါ

ဘဲမလေးက  ရေကန်ထဲ ခုန်ဆင်းပြီး ကူးခတ်လိုက်တယ်။ ကြောင်က ကမ်းပေါ်က နေ အော် 

အချစ်ရယ်ချက်ချင်း ပြန်တက်ခဲ့ ပါ ။ ရေနစ်လိမ့်မယ်...

  တဲ့  အဲဒီအခါ ဘဲမလေးက ပြန်ပြောတယ်.. စိတ်မပူပါနဲ့   မောင်... တဲ့ ဒါဟာ  ကျွန်မ တွက်အကောင်းဆုံး နေရာဆိုတာကို ကျွန်မ ဘ၀ရဲ့ နေရာမှန်ဆို တာကို ကျွန်မ သိသွားပါပြီင်္  ကျွန်မ ဒီမှာပဲ တသက်လုံး နေသွားတော့မယ်။ ရေကန်ဆိုတာ ဘယ်သူအတွက်ဆိုတာ သူ့ ချစ်သူ ကြောင်လေးက တော့ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး...။

 

 

Diskussion

Auf 01.01.0001 Sagt:
nyeinmahaw08 Auf 04.10.2009 Sagt:

ကျွန်မ စိတ်ဓာတ်မကျ ပါဘူးရှင်   ကျေးဇူးတင်ပါတယ် အားပေးတဲ့ အတွက် 

ငြိမ်းမဟော် ကတော့ အမြဲတမ်း  ..............  ရှင်သန်လျှက်ပါ

phoaung008 Auf 27.09.2009 Sagt:

လောကမှာ ကိုယ်ချစိတဲ့လူနဲ့ အတူတူ နေချင်ရင် သဒါ သီလ စာဂ ပညာ တူရမယ်တဲ့ဗျာ။

ဘာပဲဖြစ်ဖြစ် မတူတိုင်းလဲ  မကောင်တာတော့ မဟုက်ပါဘူး။

ဘယ်သူတွေရဲ့ မှန်ချင်းမှားချင်းတွေထက်  ကိုယ်ကမှန်အောင်လုက်နိုင်ဘို့က ပိုပြီးအရေးကြီတာပါ။

မတူတာတွေ အခက်အခဲတွေဆိုတာ လူတိုင်း ကြုံတွေ့နေရတာပဲလေ။

စိတ်ဓါတ်မကျပါနဲ့။

mylove001 Auf 18.09.2009 Sagt:

ညှိုယူဖို့ဆိုတာကလည်းအသိချင်းတူမှရမှာလေ........။အင်းအမရေးထားသလိုပါပဲ

လူနှစ်ယောက်ဆက်ဆံရေးမှာအသိချင်းတူဖို့က ဘ၀ချင်းတူဖို့ထက်ပိုအရေးကြီးပါတယ်.........။

ဒါပေမယ့်ဘ၀ချင်းမတူရင်လည်းအသိချင်းတူဖို့မလွယ်လှပါဘူး............။

အော်! အသိ ၊ အသိ လူတွေမှာဒီအသိကတော်တော်အရေးကြီးတာပဲ.........။

                                                                        လမင်းသစ်

nyeinmahaw08 Auf 06.09.2009 Sagt:

ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့ ပါတယ် 

သူကြောင်ဆိုတာ ကို သိတာ  နည်းနည်းနောက်ကျသွားတာပဲရှိတယ်

ဒါကြောင့်    ကိုယ် ကံကောင်းခဲ့ ပါတယ်  Smile

myo135 Auf 30.08.2009 Sagt:

ဒီလို အခြေအနေ ကြုံခဲ့ရင် ဘယ်လိုဆုံးဖြတ်မလဲ။

သူက ကြောင်ဆိုတာကို သိရဲ.သားနှဲဘာကြောင့် လက် ခံမိသလဲ။

 

nyeinmahaw08 Auf 27.08.2009 Sagt:

သား သူက တီလေး ဘုရားတရား ကို လုပ်တာလဲသဘောမကျဘူး လူငယ်ပီပီပျော်ပျော်နေစေချင်တယ်

တွေး တော စဉ်းစားတတ်ကိုလဲ သူမကြိုက်ဘူး  တီက စာပေကို  ၀ါသနာပါတာ ကိုလဲသူဝေဖန်တယ်

အလကား  တဲ့  သူ က  တီလေး ဟာ အဲဒီ ဘ၀နှစ်ခုစိတ်ဓာတ်မတူတဲ့   လူတစ်ယောက် ဟာ

ဘယ်တော့ မှရေကန်ဆိုတာ ကိုနားမလည်တဲ့ ကြောင်  လိုမျိုး ပေါ့   လူဘ၀ ဆိုတာကိုလေးလေးနက်နက် သူမတွေး ဘူး သလို သူအကြောင်းသူတောင်မတွေး လို့  သူဘာဆိုတာမသိတဲ့ သူမျိုးကို တီထားခဲ့ လိုက်တော့တာပေါ့  နည်းနည်းတော့နားလည်လား သားသား

bikelay Auf 27.08.2009 Sagt:

ဒီ ဟာ ကျနော် နားမလည်ဘူးဗျ တီလေး ရ

Confused

nyeinmahaw08 Auf 24.08.2009 Sagt:

ဟုတ်ပါတယ်  ......  ရှင်  ...Neutral

phoaung008 Auf 24.08.2009 Sagt:

လူတစ်ယောက်နဲ့တစ်ယောက် နားလည်မှုတူဘို့ဆိုတာ မလွယ်ဘူးလေ။

ဘယ်သူတွေ ဘာပြောပြော စစ်မှန်တဲ့တရားကို သိဘို့က ပိုပြီး အရေးကြီးတယ်။

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← စွမ်းအားအပြင်းဆုံး လက်နက်   Zurück zu Blog   သူတော်ကောင်း သူ ယုတ်မာ →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.