ဖတ်ဖြစ်အောင်ဖတ်ကြည်ပါ...ပြီးရင်ဘယ်လိုခံစားရလဲ။

Geschrieben am 30.10.2009 von nay_la_aung

 

လူတစ်ယောက်
အလုပ်ကို မိုးချုပ်တဲ့ထိ အချိန်ပို လုပ်ပြီး မောမောနဲ့ အိမ်ကိုပြန်လာတယ်။
ပင်ပန်းလို့ စိတ်တွေလဲ တိုနေတယ်။ ငါးနှစ်အရွယ် သူ့သားလေးက အိမ်ပေါက်ဝမှာ
သူပြန်အလာကို စောင့်နေတာ တွေ့ရတယ်။
သား - “ဖေဖေ၊ ဖေဖေ့ကို သားတစ်ခု မေးလို့ ရမလား”
ဖခင် - “မေးလေသားရဲ့၊ ဘာမေးမလို့လဲ”
သား - “ဖေဖေ၊ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ”
ဖခင် - “ဒါ မင်းအလုပ် မဟုတ်ပါဘူး။ ဘာ ကိစ္စနဲ့ မင်းက သိချင်ရတာလဲ” ဖအေဖြစ်သူက
ဒေါသနဲ့ မေးလိုက်တယ်။
သား - “သားသိမှ ဖြစ်မှာမို့လို့ပါ ဖေဖေရာ။ ကျေးဇူးပြုပြီး ဖေဖေ တစ်နာရီ
အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ ဆိုတာသာ ဖြေပေးပါဗျာ”
ဖခင် - “အေး၊ မင်းသိမှ ဖြစ်မှာဆိုလဲ ဖြေရတာပေါ့ကွာ။ တစ်နာရီကို နှစ်ဆယ် ရတယ်”
“အိုး” ခလေးငယ်က ခေါင်းငုံ့ချလိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိတယ်။
နောက်တော့ ခေါင်းမော့ပြီး သူ့အဖေကို မရဲတရဲ ကြည့်ပြီး မေးလိုက်တယ်။
“ဖေဖေ၊ သား ပိုက်ဆံ တစ်ဆယ်လောက် ဖေဖေ့ဆီက ချေးလို့ ရမလား”
ဖခင်ဖြစ်သူက ဒေါသတွေ ပေါက်ကွဲသွားတယ်။ “မင်းဒီလိုမေးတာက ငွေချေးပြီး ဘာမဟုတ်တဲ့
အရုပ်တွေ၊ တခြား အဓိပ္ပါယ် ဘာမရှိတဲ့ ဟာတွေ ဝယ်ဖို့ သက်သက်ပဲ ဆိုရင်
အခုချက်ချင်း မင်းအခန်းထဲမှာ ငြိမ်ငြိမ် သွားနေ နေတော့။ မင်းကိုယ်မင်း အတ္တ
ကြီးလား မကြီးဘူးလား သေချာ ပြန်စဉ်းစား။ ငါ နေ့တိုင်း ဒီလောက် အလုပ်ကို
အပင်ပန်းခံ လုပ်နေတာ မင်းရဲ့ ခလေးဆန်တဲ့ ဒီ ပူဆာတာတွေ သက်သက် အတွက်ပဲလား”
ကောင်ကလေးလဲ သူ့အခန်းထဲ တိတ်တိတ် ဆိတ်ဆိတ်လေး ဝင်သွားပြီး အခန်းတံခါးကို
ပိတ်လိုက်တယ်။ အဖေကြီးကတော့ ဧည့်ခန်းထဲမှာ ထိုင်နေရင်း သူ့သားရဲ့မေးခွန်းကို
စဉ်းစားမိလေ၊ ဒေါသထွက်လေ ဖြစ်နေတယ်။ ဒီကောင်လေးက သူ့ဆီက ပိုက်ဆံ
တောင်းချင်တာကိုများ ဒီမေးခွန်း လာမေးနေရသေးတယ်။ နာရီပိုင်းလောက်ကြာတော့ သူလဲ
ဒေါသပြေသွားတယ်။သူ့သားက သူ့ဆီကနေ ငွေတောင်းခဲတယ်။ အခု ဒီငွေတစ်ဆယ် တောင်းတာ
သူ့သား တကယ်လိုအပ်နေတဲ့ တစ်ခုခုကို ဝယ်ဖို့များလား လို့ စပြီး စဉ်းစား မိလာတယ်။
ဒါနဲ့ သူ့သား အခန်းထဲကို တံခါးခေါက်၊ ခွင့်တောင်းပြီး ဝင်သွားလိုက်တယ်။
“သား အိပ်နေပြီလား” သူ့သားကို ငြင်ငြင်သာသာ မေးလိုက်တယ်။
“မအိပ်သေးပါဘူး ဖေဖေ” သားက ပြန်ဖြေတယ်။
“စောစော က ဖေဖေ သိပ်ပြီးများ ဒေါသကြီး သွားသလား စဉ်းစားမိလို့ပါ” အဖေကြီးက
ချော့တယ်။ “ဖေဖေ ဒီနေ့ အလုပ်တော်တော် ပင်ပန်းလာလို့ စိတ်မရှည်နိုင်ပဲ သားကို
အော်ငေါက်မိသွားတယ်။ ရော့၊ ဒီမှာ သားလိုချင်တဲ့ ငွေတစ်ဆယ်”
သားကလေးလဲ ဝမ်းသာအားရနဲ့ အိပ်ယာကနေ ငေါက်ကနဲ ထထိုင်လိုက်တယ်။ “အိုး၊
ကျေးဇူးတင်လိုက်တာ ဖေဖေရာ” အပြုံးမျက်နှာနဲ့ ပျော်ပျော်ရွှင်ရွှင် အော်လိုက်တယ်။
နောက်တော့ ခေါက်ထားတဲ့ ငွေစက္ကူလေးတစ်ချို့ကို သူ့ခေါင်းအုံးအောက်ကနေ
ဆွဲထုတ်လိုက်တယ်။
အဖေကြီးက သူ့သားဆီမှာ ငွေတစ်ချို့ရှိနေပြီးသားဆိုတာ သိသွားတော့ ဒေါသတွေက
ထပ်ထွက်လာပြန်တယ်။
ကောင်ကလေးကတော့ သူ့လက်ထဲက ငွေတွေကို ဖြည်းဖြည်းချင်း ရေတွက်ပြီး သူ့အဖေကို
မော့ကြည့်လိုက်တယ်။
“မင်းဆီမှာ ငွေတွေ ရှိနေပြီးသားကို ဘာလို့ ထပ်ပြီး လိုချင်နေရတာလဲ” သူ့အဖေက
ဒေါသသံနဲ့ အံကြိတ်ပြီး မေးတယ်။
“သားမှာ ငွေမလောက်လို့ပေါ့၊ ခုတော့ ပြည့်ပါပြီ” ကောင်ကလေးက ပြန်ဖြေတယ်။
“ဖေဖေ၊ ခု သားမှာ ငွေနှစ်ဆယ်ပြည့်ပြီ။ ဖေဖေ့ဆီက အချိန် တစ်ချို့ကို သား ဝယ်လို့
ရမလားဟင်။ မနက်ဖြန်ကျရင် ဖေဖေ အိမ်ကို စောစော ပြန်လာခဲ့ပါနော်။ သားလေ၊ ဖေဖေနဲ့
အတူတူ ညစာ စားချင်လို့ပါ”

ဒီပုံပြင်လေးကို သင်ချစ်ခင်တဲ့ တစ်ယောက်ယောက်ကို မျှဝေပေးပါ။ ပိုကောင်းတာက
ငွေနှစ်ဆယ်တန်တဲ့ သင့်ရဲ့ အချိန် တစ်နာရီကို သင် ချစ်တဲ့ သူတွေအတွက်
မျှဝေပေးလိုက်ပါ။
ဒီပုံပြင်လေးက အလုပ်တာဝန်တွေ အမြဲ ဖိစီးပြီး မအားမလပ် ဖြစ်နေကြတဲ့
ကျွန်တော်တို့ အားလုံးအတွက် သိမ်မွေ့တဲ့ သတိပေးမှုလေး တစ်ခုပါ။
ကျွန်တော်တို့ဘဝရဲ့ အရေးပါတဲ့၊ ချစ်ခင်မြတ်နိုးတဲ့ သူတွေအတွက် ပေးရမဲ့ အဖိုးတန်
အချိန်တွေ ကျွန်တော်တို့ လက်ထဲကနေ ချွတ်ချော်ကျပြီး ပျောက်ဆုံးမသွားအောင်
ဂရုစိုက်ရမှာပါ။
တကယ်လို့များ ကျွန်တော်တို့ မနက်ဖြန်လိုမှာ သေဆုံးသွားပြီ ဆိုပါစို့။
ကျွန်တော်တို့ အခုအလုပ်လုပ်ပေးနေတဲ့ ကုမဏီက ရက်မကြာခင်မှာပဲ တစ်ခြား
လူတစ်ယောက်ကို အစားထိုး ခန့်လိုက်မှာပါပဲ။
ဒါပေမဲ့ ချန်ရစ် ခံခဲ့ရတဲ့ ကျွန်တော်တို့ မိသားစု နဲ့ သူငယ်ချင်းတွေ အတွက်ကတော့
အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှု အဖြစ် ခံစားကြရပါ့မယ်

မိတ်ဆွေရေ ဒီပုံပြင်လေးကိုမိတ်ဆွေချစ်တဲ့လူကိုပြောပြပြီး

မိတ်ဆွေချစ်တဲ့လူကိုနှစ်ဆယ်တန်အချိန်

လေးကိုအလကားပေးလိုက်ပါလားနော်။

Diskussion

Auf 01.01.0001 Sagt:
nyeinmahaw08 Auf 09.11.2009 Sagt:

ဆောင်းချစ်သူ:

 

nyeinmahaw08:

ဖြစ်နိုင်မယ် ဆို ရင် တစ်ခါတလေ ကိုယ်ချစ်တဲ့ သူ ဆီ ကနှစ်ဆယ်ဘိုးမဟုတ်ဘူး  အကုန်ပေးပြီး ၀ယ်လိုက်ချင် တယ်ရှင်

ကျွန်မ သိပ်ချစ်တဲ့   ကျွန်မ မေမေဆီ ကလဲ ၀ယ်ချင်တယ့် ကျွန်မ ချစ်တဲ့   ကျွန်မ ညီမလေးဆီ က

လဲဝယ်ချင်တယ်  ပြီးတော့  ကျွန်မ ကိုယ် ကျွန်မ လဲ ပြန်ဝယ်ပစ်ချင်တယ်ရှင်  ...................

  ဒီ ပိုစ့်  လေးကို    သိပ်သဘောကျမိပါတယ်  ........... ကျေးဇူးတင်လျှက်

မငြိမ်းရေအဲ့ဒီလိုကြီးအချိန်တိုင်းပေးတော့သိပ်မဟုတ်ဘူးထင်တယ်နော်....ဒါနဲ့&nbsp ဆိုတာဘူလဲဟင်...စပ်စုတယ်မထင်ပါနဲ့နော်... i ကသိချင်ရုံလေးပါ...။

ဟုတ်ကဲ့ ကိုယ်ချစ်တဲ့  သူ ဆီက အဓိက ကိုယ့်မိသားစု ဆီက  အချိန်တိုင်းလို ချင်တာ ကတော့

မိသားစု ကို ချစ်တဲ့  သူ တိုင်း က တော့ လိုချင်ပါလိမ့်မယ်အချိန်တိုင်းရရင် ကျွန်မ ကတော့ လို ချင်ပါတယ်  အချိန်တိုင်း ကျွန်မ ချစ်တဲ့ မေမေကျွန်မ ချစ်တဲ့  ညီမတွေ နဲ့   တွေ သာနေရမယ်ဆို

ရင်  ကျန်ရှိနေသေးတဲ့  ကွေ့းသောလက်မဆန့် မီ ဆန့် သော လက်မကွေးမီ  ကျွန်မ ချစ်တဲ့ မိသာစု

နဲ့  တော့ မခွဲ ချင်ပါဘူး  ကျွန်မ  ရေးတဲ့ စာ သားမှာ အပေါ် ဆုံးမှာဖြစ်နိုင်မယ် ဆိုရင် လို့ ပါပါတယ်

ကျွန်မ  က ဖြစ်နိုင်မယ်ဆိုရင်  သိပ်ဟုတ်ဟုတ် မဟုတ်ဟုတ်  ကျွန်မ ရဲ့ ဆန္ဒ ကို  ဒီပိုစ်လေးနဲ့ အတူ

ပြောပြခြင်းသာဖြစ်ပါတယ် .........................   နောက်ပြီး  မေးထားတဲ့ စပ်စု တာမဟုတ်တာနဲ့ သိချင်တာ ဘာကွာသလဲ  ကျွန်မလဲ နားမလည်ဘူး  ......... nbsp  ဆိုတာလဲ

ကျွန်မ မသိဘူး နားလည်းမလည်ပါဘူး  .........  သိချင်ယုံ က ရော  ဘာတွက်လဲ  .......့ ကျွန်မ ကိုယ်တိုင်မသိတဲ့ အတွက်  ...............  ကျွန်မလဲ စိတ်မကောင်းပါဘူး  i m so sorry  about that  ......................  thank u .........

nay_la_aung Auf 09.11.2009 Sagt:

phyothiha123:

Very precious post,I'm really appreciate..thank you so muchClapping Hands

ya phyo life is struggle but some people always fight have no thought for his or her men they should have time for their men i want to mean like that and thanks.

nay_la_aung Auf 09.11.2009 Sagt:

nyeinmahaw08:

ဖြစ်နိုင်မယ် ဆို ရင် တစ်ခါတလေ ကိုယ်ချစ်တဲ့ သူ ဆီ ကနှစ်ဆယ်ဘိုးမဟုတ်ဘူး  အကုန်ပေးပြီး ၀ယ်လိုက်ချင် တယ်ရှင်

ကျွန်မ သိပ်ချစ်တဲ့   ကျွန်မ မေမေဆီ ကလဲ ၀ယ်ချင်တယ့် ကျွန်မ ချစ်တဲ့   ကျွန်မ ညီမလေးဆီ က

လဲဝယ်ချင်တယ်  ပြီးတော့  ကျွန်မ ကိုယ် ကျွန်မ လဲ ပြန်ဝယ်ပစ်ချင်တယ်ရှင်  ...................

  ဒီ ပိုစ့်  လေးကို    သိပ်သဘောကျမိပါတယ်  ........... ကျေးဇူးတင်လျှက်

မငြိမ်းရေအဲ့ဒီလိုကြီးအချိန်တိုင်းပေးတော့သိပ်မဟုတ်ဘူးထင်တယ်နော်....ဒါနဲ့&nbsp ဆိုတာဘူလဲဟင်...စပ်စုတယ်မထင်ပါနဲ့နော်... i ကသိချင်ရုံလေးပါ...။

phyothiha123 Auf 30.10.2009 Sagt:

Very precious post,I'm really appreciate..thank you so muchClapping Hands

nyeinmahaw08 Auf 30.10.2009 Sagt:

ဖြစ်နိုင်မယ် ဆို ရင် တစ်ခါတလေ ကိုယ်ချစ်တဲ့ သူ ဆီ ကနှစ်ဆယ်ဘိုးမဟုတ်ဘူး  အကုန်ပေးပြီး ၀ယ်လိုက်ချင် တယ်ရှင်

ကျွန်မ သိပ်ချစ်တဲ့   ကျွန်မ မေမေဆီ ကလဲ ၀ယ်ချင်တယ့် ကျွန်မ ချစ်တဲ့   ကျွန်မ ညီမလေးဆီ က

လဲဝယ်ချင်တယ်  ပြီးတော့  ကျွန်မ ကိုယ် ကျွန်မ လဲ ပြန်ဝယ်ပစ်ချင်တယ်ရှင်  ...................

  ဒီ ပိုစ့်  လေးကို    သိပ်သဘောကျမိပါတယ်  ........... ကျေးဇူးတင်လျှက်

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← မဟုတ်တာတွေမတွေးဘဲပျော်ပျော်ပါး…   Zurück zu Blog   ရေစက်(သို့မဟုတ်)ဆုံစည်းခွင့် →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.