(ohne titel)
Geschrieben am 01.01.0001 von
Artikel lesen
Kommentar hinzufügen
သူငယ်ချင်းများအတွက်
Geschrieben am 27.01.2011 von
myaqoob15000
ကျွန်တော် Gmail နှင့် Gtalk လွယ်ကူစွာ အသုံးပြုနည်းကို ကျွန်တော် အကိုရဲ့ ကူညီမှုနဲ့ အတော်အတန့် ပြည့်စုံအောင် ကျွန်တော်တို့ စာအုပ် ပြုစုခဲ့ပါတယ်။ နောက်ထပ်လည် ပြည့်စုံအောင် Version 2 ဆိုပြီ ထုတ်ဖို့ ရည်ရယ်ထားပါတယ်။ အခုလည် ကျွန်တော်ကို အမေးအများဆုံး ဖြစ်တဲ့ ဘယ်က ချက်နေတာကို ဘယ်လို သိနိုင်လဲလို့ ကျွန်တော်ကို ခဏခဏ မေးပါတယ် ကျွန်တော် သိသင့် သလောက် နည်းတွေကိုလဲ ကျွန်တော်ပြုစုခဲ့တဲ့ စာအုပ်မှာ တင်ပြခဲ့ပြီဖြစ်ပါတယ်။ အခုတင်ပြမည့် နည်းကတော့ ကျွန်တော်တို့ အားလုံးသတိမထားမိတဲ့ နည်းလေးဖြစ်မှာပါ။ သိတဲ့သူလည် သိမှာပေါ့။ ကျွန်တော် အခု ပြုစုနေတဲ့ စာအုပ်မှာ ရေးပြီသာတော့ ကြာပါပြီ ဒါပေးမဲ့ Blog မှာတော့ မတင်ဖြစ်ခဲ့ပါဘူး။ အခုနည်းကတော့ ကျွန်တော်တို့ မိမိကို မေးလ်ပို့တဲ့သူက ဘယ်က ပို့တာလည်ဆိုတာကို Time Zone နဲ့ လိုက်တာ ဖြစ်ပါတယ်။ ဘာမှ မခတ်ခဲတဲ့နည်းလေးဖြစ်ပါတယ်။ အတော်များများကို ကျွန်တော် စမ်းကြည့်ပါတယ်။ အဆင်ပြေပါတယ်။ Chat Mail တွေ Auto Reply မေးလ်တွေတော့ ကြည့်လို့မရပါဘူး။ မေးလ်ပို့မှသာ ကြည့်လို့ရမှာဖြစ်ပါတယ်။ Auto Reply ကို Time Zone က -7 ပြနေပါမည်။ -7 Time Zone က အမေရိကန် Time Zone ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိက မေးလ်မှာ Auto Reply လုပ်ထားတာဖြစ်တဲ့အခါ ဘယ်သူ မေးလ်ပို့ပို့ Auto mail က Reply လုပ်နေလို့ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်က ပို့တဲ့ မေးလ်ဆို ( GMT +6:30) ဖြစ်ပါတယ်။ ဒါက ဥပမာ ပြောပြတာပါ။ အောက်မှာ ကြည့်လိုက်ပါ။
1. မိမိ Mail ကို Sign In လုပ်လိုက်ပါ။
2. Setting ကို click လိုက်ပါ။ (မိမိ Mail Box ရဲ့ ညာဘက်ထောင့်မှာ ရှိပါတယ်။)
3. Labs ကို ထပ် click လိုက်ပါ။ အောက်ပါအတိုင်း ကျလာပါမည်။ Sender Time Zone ကို Enable ပေးလိုက်ပါ။ ပြီရင် အောက်နားမှ Save Changes ကို click လိုက်ပါ။
4. အထပ်ပါအတိုင်းSettings မှာ ပြင်ပြီတာနဲ့ မိမိဆီကို သူငယ်ချင်းက မေးလ်ပို့တာနဲ့ Show Detail ကိုနိုပ်လိုက်တာနဲ့ အောက်ပါအတိုင်း Time Zone ကို တွေ့ရမှာ ဖြစ်ပါ တယ်။ မိမိက Time Zone တွေနဲ့ နိုင်ငံတွေ မတွဲမိရင် နံပတ် (၅)မှာ တင်ပြထားတဲ့ ဆိုဒ်တွေမှာ Time Zone ကို ကြည့်နိုင်ပါတယ်။ အောက်မှာ ကျွန်တော် ဥပမာ ပြတာ ကတော့ GMT + 6:30 ဖြစ်တာကြောင့် မြန်မာပြည်က သူငယ်ချင်းက မေးလ်ပို့တာ ဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံ (၄)နိုင်ငံကို စမ်းထားပြီဖြစ်ပါတယ်။ အားလုံးမှန်ပါတယ်။ ဒါပေးမဲ့ အသေစိတ်ကိုတော့ မသိနိုင်ပါ။ နိုင်ငံကိုသာ သိနိုင်ပါတယ်။
5. Time Zone တွေကို မသိရင် အောက်က ဆိုဒ်နှစ်ခုမှာ ရှာဖွေကြည့်နိုင်ပါတယ်။
• http://antonio.mccinet.ru/net/time.html
•http://wwp.greenwichmeantime.com/time-zone/asia/china/hong-kong/tim..
Artikel lesen
Kommentar hinzufügen
ဇေနာဟ်နှင့်နေကာဟ်
Geschrieben am 04.09.2010 von
myaqoob15000
အသျှင်မြတ်သည် လူ့မျိုးဆက် ပြန့်ပွားရေး အတွက်အမျိုးသား
နှင့် တို့တွင် သီးခြားဆွဲဆောင်မူ
တစ်မျိုးစီဖြင့်ဖန်ဆင်းတော်မူထားသည်။ ထို့ကြောင့်စိတ်ဓာတ်
ထကြွလာသည့်အခါ တစ်နည်းနည်းဖြင့် ဆန္ဒကိုဖြည့်ဆည်းလိုကြသည်။
ထိုသို့မဖြည့်ဆည်းရပါက အသိတရား ချွတ်ချော်မှားယွင်းသွားတတ်သည်။
ထိုတောင်းဆိုချက်ကို ဖြည့်ဆည်းရေးအတွက်ရှရီအသ်က နေကာ ကိုပြဌာန်းကာ
ဇေနာကို ပိတ်ပင်ထားသည်။
ဇေနာကျုးလွန်ရန်မဆိုထားနှင့် ဇေနာမြောက်စေမည့်
အနီးသို့ပင် မချဉ်းကပ်ရန် ဗျာဒိတ် တော်လာရှိသည်။ တစ်နည်းအားဖြင့် ဇေနာမူ
ကျုးလွန်ရာ မြောက်သည့်အကြောင်းခံများကိုပင်
ရှရီအသ်ကပိတ်ပင်ထားခြင်းဖြစ်သည်။
ထိုဇေနာမြောက် စေသောအချက်အချို့ များမှာ
1. ဂိုင်ရ်မဟ်ရမ်ကို ကြည့်ခြင်း
မဟ်ရမ် ဆို သည်မှာ နေကာပြုပိုင် ခွင့်မရှိသူများကို ခေါ်သည်။
ဂိုင်ရ်မဟ်ရမ် ဆိုသည်မှာ နေကာပိုင် သော တစိမ်းတရံစာ များကိုခေါ်သည်။
ဆွေမျိုးနီးစပ်ချင်း လွယ်ကူစွာတွေ့ ဆုံခွင့်ရတတ်သော
မတ်၊ခဲအို တို့သည် မောသ် ဖြစ်ကြောင်း ဟဒီးစ်တော်
ကသတိပေးထားသည်။အထူးသဖြင့် ခါလာ မာမှူ ဖူဖီ နှင့် ကြာကြာ
တို့ ၏သား ဖြစ်သော ဝမ်းကွဲတို့က ချိုသာသောစကားများ ပြောကြား လာပြီ ဆိုလျှင်
တစ်ဖက်ကလည်း နူးညံ့သွားကာ တွေ့ ဆုံရေး အတွက်အခွင့်အလမ်း များကို
ရှာကြံလာသည်။
သူစိမ်းများကို ကြည့်ခွင့်မရှိ သကဲ့သို့ သူမ တို့
၏ဓာတ်ပုံ၊ရုပ်ပုံ ကိုကြည့်ခြင်းလည်း ဟရာမ် ဖြစ်သည်။
2. (ဂိုင်ရ်မဟ်ရမ်) နေကာပိုင်သူနှင့် စကားစမြည် ပြောဆိုခြင်း
မလွှဲသာ မရှောင်သာစကားပြော ရလင့်ကစား ကနွဲ့ ကလျ မပြောကြ နှင့်ဟုအ
မျိုးသမီးများအား လမ်းညွန် ထားပြီးဖြစ်သည်။ စကားပြောရာမှ အတင့်ရဲလာပြီး
နောက်အ ချင်းချင်း တွေ့ ဆုံဖို့ကြိုးစားလာကြမည်။ အသံတွင်လည်း
စွဲငင်အားရှိနေသောကြောင့်အမျိုး သမီးများအား အာဇာန်
ဆိုမှူကိုခွင့်မပြုခြင်းဖြစ်သည်။
3. (ဂိုင်ရ်မဟ်ရမ်) နေကာပိုင်သူ နှင့် အတူနေထိုင်ခြင်း
ယောက်ျား နှင့် မိန်းမ အတူရှိနေက တတိယ သူမှာ
ရှိုင်တွာန် ဖြစ်သည်။
ရာဂစိတ် များနိုးကြွ စေကာ ဂိုနာ ကျုးလွန်လိုစိတ်ပေါ်ပေါက်လာရန်
ဒင်းကလှုပ်ဆော်မည်။
ယုတ်စွအဆုံး မြင်တွေ့ သူတို့အား သူတို့နှစ်ဦးကိုမဟုတ်မမှန်
စွပ်စွဲရန် စိတ်ညွတ်စေသည်။
4. (ဂိုင်ရ်မဟ်ရမ်) နေကာပိုင်သူနှင့် လျှို့ဝှက်ဆက်သွယ်ခြင်း
အချို့အမျိုးသမီးများသည်မိမိ
၏အတွင်းရေးကအစလိုအပ်ချက်များကို သူစိမ်းအမျိုးသားအားပြောပြတတ်သည်။
ဤသို့ဖြင့်အမျိုးသားက စိတ်ဝင်လာပြီး သူမ၏ လိုအပ်ချက်များ ကိုကူညီရာမှ
တဖြေးဖြေး မသင့်လျော်သောအဆက်အသွယ် များထားရှိလာ ကြသည်။ အမျိုးသားက
ဟန်ဆောင်မှူ့အမျိုးမျိုးဖြင့် သိမ်းသွင်းတတ်ကြသည်။
5. ညစ်ညမ်းစာပေဖတ်ခြင်း
ဤသို့စာများကြောင့် ဇေနာ ကျုးလွန်ခွင့် မရသော်လည်း
အတွေးအခေါ်ညစ် ထေးသွားသည်။ နမာဇ် ဖတ်သော်လည်း ယင်းဘက်ကိုသာ စိတ်ညွတ်နေမည်။
6. မဖွယ်မရာများ ကြည့်ခြင်း
ယနေ့ တီဗီ၊ဗီဒီယို များအိမ်တိုင်းပြန့်နှံ့ နေပေပြီ
အိမ်တွင်ထားရှိခြင်းမှာ
တနည်းအားဖြင့်ရှိုင်တွာန် တပ်ကြီး တစ်တပ်အတွက်စခန်းဖွင့်ပေးထားသကဲ့သို့
ဖြစ်နေတတ်သည်။
7. မင်္ဂလာ ဆောင်နှင်းပါသော်လည်း မျိုးဆက်သစ်ထွန်းပေါက်ရေး အတွက် နီယသ် မရှိ
ရာဂပြည့်ဝရေး အတွက်သာဖြစ်နေလျှင် ထိုသို့သောနီယသ်သည် အရှင့်အလိုတော်
နှင့် တမန်တော်မြတ်(ဆွ)၏ဆန္ဒကို ဆန့်ကျင်ရာ ရောက်ပေသည်။
Artikel lesen
Kommentar hinzufügen
ဟဒီးစ်ငြင်းဆန် ကာဖွင်ရ်မှန်၏
Geschrieben am 31.08.2010 von
myaqoob15000
|
|
ကိုယ်တော်မြတ်ကြီး လက်ထက်တော် အခါသမယ တွင် ရဟူဒီတစ်ယောက်နှင့် မွတ်စလင်မ်တစ်ယောက် သည် အဟဒီးစ်ငြင်းဆန် ကာဖွင်ရ်မှန်၏ မှုအခင်းတစ်ခု ဖြစ်ခဲ့၏။ နောက်ဆုံးထိုအမှုနှင့်စပ်လျဉ်းပြီးတရားမျှတစွာ အဆုံးအဖြတ်ပေးပါရန် နှစ်ဦးနှစ်ဖက် ၏ လျှောက်တင်ချက်အရ အမှုအခင်းကို စ-လယ်-ဆုံး ကိုယ်တော်မြတ်ကြီးကိုယ်တိုင် သုံးသပ်တော်မူပြီးယဟူဒီအားအနိုင်ပေးဆုံးဖြတ်တော်မူခဲ့လေသည်။ ကိုယ်တော်မြတ်ကြီး၏ စီရင်ချက်ကို ကြားနားပြီးနောက် အမှုရှုံးသော မွတ်စ်လင်မ်သည် ဟဇရသ် အိုမရ် သခင်ကြီး နေထိုင်သော အိမ်တော် အနီးမှ ဖြတ်သွားကာ ဟဇရသ်အိုမရ် သခင်ကြီး၏ နေအိမ်တွင် ခေတ္တခဏ နားလျက်အမှုအခင်းနှင့်စပ်လျဉ်းပြီး ပြန်လည် ပြောပြခဲ့လေသည်။ နောက်ဆုံး တွင် ဟဇရသ် အိုမရ်သခင်ကြီးအား အသင်သည် တချိန်က အာရဗ်နိုင်ငံတွင် ထင်ရှားကျော်ဇော သော တရားသူကြီးတစ်ဦးဖြစ်ခဲ့ပါသည်။ ကျွန်ုပ် တို့၏ အမှုကို ပြန်လှန်သုံးသပ် စစ်ဆေးပေးပါဟု လျှောက်ထားရာ သခင်ကြီးက ခေတ္တခဏ ဆိုင်းငံ့ ဦးလော့ ဟု ဆိုပြီးနောက် အိမ်တော်အတွင်းသို့ ၀င်ရောက်သွားပြီးနောက် ဓါးရှည်ကို ယူဆောင်လာကာ ကိုယ်တော်မြတ်ကြီး၏ ဆုံးဖြတ်မှုကိုပယ်လျက် အယူခံဝင်သော သူ၏ လည်ပင်းကို ပိုင်းဖြတ်တော်မူလေသည်။ ယင်းအကြောင်းကို ကိုယ်တော်မြတ်ကြီးကြားတော်မူရာ အဘယ်ကြောင့် ဤသို့ ပြုရသနည်းဟုမေးရာ အိုမရ် သခင်ကြီးက ယာရစူလ်လွလ်လာ ထိုသူသည် မိမိကိုယ်ကို မွတ်စ်လင်မ် သက်ဝင်ယုံကြည်ပါသည်ဟု ဆိုလျက် နဗီသခင်၏ အဆုံးအဖြတ်စကားကိုပယ်သောသူဖြစ်ပါသည်။ မွတ်စ်လင်မ် ဟုကြွေးကြော်ထားပြီးနောက်ရစူလ် ကိုယ်တော်မြတ်၏ အမိန့်စကား သြ၀ါဒ ကို ပစ်ပယ်လျှင် အဘယ်မှာလျှင်စစ်မှန်သော ယုံကြည်သူ ဖြစ်နိုင်မည်နည်း။ ဤကဲ့သို့ နဗီသခင်ကြီး၏ စကားကို ပယ်ဖျက် ပြစ်မှားသောသူအား မထားလိုသောကြောင့် သုတ်သင်လိုက်ပါကြောင်း လျှောက်ထားရာ ကိုယ်တော်မြတ်ကြီး နာကြားတော်မူပြီး ဆိတ်ဆိတ်နေတော်မူသည်။
နဗီရစူလ် စကားကို ငြင်းပယ် ဖျက်သူသည် သာသနာ၏ ပြင်ပ သို့ ရောက်ရှိနေသူဖြစ်သောကြောင့် အိုမရ်သခင်က ကွပ်မျက်ထိုက်သူဖြစ်သဖြင့် သုတ်သင်ခဲ့လေသည်။ ယနေ့ ဟဒီးစ်တော်များအား အမျိုးမျိုး စွပ်စွဲပုတ်ခပ်နေသော အသင်းသားများအား အာလင်မ် များလက်တွင် သတ်ပိုင်ခွင့်အာဏာမရှိသည့်အတွက် အာလင်မ်များက ကာဖွရ်အမိန့်ပေးခြင်းကို အဘယ်အပြစ်တင်ရန် ထိုက်သနည်း။ တဒ်ဝီးနေ့ ဟဒီးစ်ကျမ်း။
|
Artikel lesen
Kommentar hinzufügen
hoqoqniswan
Geschrieben am 31.08.2010 von
myaqoob15000
အဆက်ရှိသည်
Artikel lesen
Kommentar hinzufügen
ကဒ်ရ်ည (لیلة القدر)
Geschrieben am 31.08.2010 von
myaqoob15000
ကဒ်ရ်ညဥ့်မြတ်အကြောင်း ရမသွာန်လမြတ်၏ ညများအနက် ညတစ်ညကို ကဒ်ရ် ညမြတ်ဟုခေါ်လေသည်။ ထိုညကား အလွန်ပင်မွန်မြတ် "ဘရ်ကတ်" ရှိသော ညဖြစ်ပေသည်။ ကုရ်အာန်ကျမ်းတော်မြတ်၌ ထိုညကို လပေါင်းတစ်ထောင်ထက် သာမြတ်သည်ဟုမိန့်ဆိုထားပေသည်။ လပေါင်းတစ်ထောင်သည် ၈၃ နှစ်. ၄ လဖြစ်ပေသည်။ ကဒ်ရ် ညဥ့်ဖြစ်ပေါ်လာပုံ * ဟဒီးသ်တော်များတွင် လာရှိသည်မှာ ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်သည် လွန်လေပြီးသော သူများ၏ သက်တမ်းကို ကြည့်တော်မူလေရာ၊ အသက်ရှည်လွန်းနေသည်ကို တွေ့ရပေသည်။ ကိုယ်တော်၏ အွမ္မတ်သားမျာသည် ထိုပုဂ္ဂိုလ်များနှင့်စာလျှင် သက်တမ်းအလွန်တိုတောင်းလှပေသည်။ ကောင်းမှုကုသိုလ်များကို လွန်လေပြီးသော ပုဂ္ဂိုလ်များနှင့် တန်းတူပြုမူကြသော်လည်း ၎င်းတို့က အသက်ပိုရှည်နေသဖြင့် တန်းတူမဖြစ်နိုင်ပေ။ ဤသည်ကို အစားထိုးရန် ကဒ်ရ် ညမြတ် ကျရောက်လာခဲ့သည်။ ဤည ၁ဝ ည ရရှိလိုက်သူသည် တတ်က်ဒီးရ် ကောင်းသူပင်ဖြစ်ပေသည်။ ထိုညကို အေဗာဒတ် ပြုခြင်းဖြင့် ကုန်လွန်စေလျှင် ပမာဆိုသော် ၈၃၃-နှစ်၊ ၄-လ ထက်ပိုသောပြည့်ဝသော အေဗာဒတ်၏ အကျိုးကို ရရှိပေမည်။ * အချို့ဟဒီးတော်များအရ သိရသည်မှာ.. ရစူလွလ္လာဟ် (ဆွလ္လာဟု) ကိုယ်တော်က ဗနီအစ္စရာအီလ် အနက် နှစ်ပေါင်းတစ်ထောင်တိတိ ဂျေဟာဒ် အသျှင်မြတ်လမ်းတော်တွင်တိုက်ခို က်သည့် ပုဂ္ဂိုလ်တစ်ပါးအကြောင်းကို ပြောပြတော်မူလေရာ ဆွဟာဗဟ် (ရသွေ့ကလ္လာဟုအန်တွန်မ်) သခင်များသည် စိတ်မကောင်း ဖြစ်သွားကြလေသည်။ ထို့ကြောင့် ကြီးကျယ်နိုင်နင်း တံခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်က ကဒ်ရ် ညကို ချပေးသနားတော်မူခြင်းဖြစ်လေသည်။ ဤသို့ပင် မြောက်များစွာသော ရေ၀ါယတ် များလာရှိပေသေးသည်။ မည်သို့သော အကြောင်းကြောင့် ကျရောက်သည်ဖြစ်စေ ဤညသည် ကျွန်ုပ်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်သော ဆုလာဘ်တော်ပင်ဖြစ်သည်။ ဤညသည် အလ္လာဟ်အရှင်မြတ် အသနားတော်ဖြစ်သည်။ ထိုည၌ အမလ် ပြုရန်စွမ်းအားသည်လည်း အရှင်မြတ်ပေးသနားတော်မူမှသာလျှင် ရမည်ဖြစ်လေသည်။ * "အင်န်နာ အန်ဇလ်နာဟို့ ဖီးလိုင်း လသေ့လ် ကဒ်ရ်"… ဧကန်အမှန် ငါအသျှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်ကို ကဒ်ရ်ညဥ့်မြတ်၌ ချပေးတော်မူခဲ့သည်။ ဤညကား ချမ်းမြေ့ခြင်းအတိပြီးလေသည်။ ဆိုလိုတော်မူသည်မှာ.. တစ်ညတာလုံး ဖွရစ်ရှတဟ် များဘက်မှ မုအ်မင်န်များအတွက် ချမ်းမြေ့ခြင်းများ သက်ရောက်နေပေသည်။ တစ်သုတ်လာ၍ ပြန်သွားကြလေရာ တစ်သုတ်က ဆင့်ကဲရောက်လာကြပေသည်။ ထိုညသည် (ထိုဘရ်ကတ်များဖြင့်) တစ်ညလုံး ဖွဂျရ်အချိန်ထိနေလေသည်။ ကဒ်ရ်ညဥ့်၌ အေဗာဒတ်ပြုသူသည် တစ်သက်လုံးပြုခဲ့သော ဂိုနာဟ်များမှချမ်းသာရခြင်းအကြောင်း ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ.. အကြင်သူသည် ကဒ်ရ်ညမြတ်၌ အီမာန်နှင့်တကွ သဝါဗ်၏ မက်ဖြင့် (အေဗာဒတ် ခဝတ်ရန်အတွက်) ရပ်လျှင် ထိုသူနောက်နောင်က ကျူးလွန်ခဲ့သော ဂိုနာဟ်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူလေသည်။ * ရပ်လျှင်ဟူ၍ မိန့်ဆိုခြင်းမှာ …. နမာဇ်ဝတ်ပြုနေခြင်း၊ ၎င်းအခြားသော အေဗာဒတ် ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ခြင်း၊ သစ်က်ရ် စသည်များ၌ မွေ့လျော်နေခြင်းဖြစ်ပေသည်။ သောင်ဗဟ် ဆိုသည်မှာ နောက်နောင်က ပြုမူခဲ့သည်များကို သံဝေဂရ၍ ရှေ့တွင် မကျူးလွန်တော့ကြောင်း ဝန်ခံချက် ပေးခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့်အကြင်သူသည် ဂိုနာဟ်ကဗီရဟ်များကိုလည်း ကျူးလွန်ခဲ့သူဖြစ်လျှင် ကဒ်ရ်ညမြတ် ၎င်း မည်သည့် အေဗာဒတ် ပြုရာ၌ မဆို မိမိကျူးလွန်ခဲ့သည်များကို စိတ်ရောကိုယ်ပါ ဝန်ချတောင်းပန် သောင်ဗဟ်ပြုရန် သင့်ပေသည်။ သို့မှသာ အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံသော ရဟ်မဟ် သက်ရောက်ပေမည်။ ဂိုနာဟ်အကြီးအငယ်မှလည်း ချမ်းသာပေးမှုရရှိပေမည်။ ကဒ်ရ်ညဥ့်ကို မရသူသည် လက်မဲ့ဖြစ်ခြင်း ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ.. သင်တို့အပေါ်၌ လတစ်လရောက်လာပေပြီ။ ထိုလထဲမှ ညတစ်ညသည် လပေါင်းတစ်ထောင်ထက် သာမြတ်ပေသည်။ အကြင်သူသည် ထိုညကို လက်လွတ်သွားလျှင်၊ ပမာဆိုသော်.. ကောင်းမှုအပေါင်းမှ လက်မဲ့ဖြစ်သူပင်ဖြစ်ပေသည်။ ထိုည၏ ကောင်းမှုများမရရှိပေ။ သို့သော် ထိုသူသည် အမှန်ပင် မရထိုက်ခြင်းကြောင့် လက်မဲ့ဖြစ်ခြင်းဖြစ်ပေသည်။ အမှန်မှာ ထိုသူသည်ဤမျှကြီးကျယ်သော စည်းစိမ်ကို လက်လွှတ်ခဲ့သဖြင့် ထိုသူ လက်မဲ့ဖြစ်နေခြင်းမှာ စဉ်းစားတွေးတောနေရန်မလိုပေ။ မီးရထားအလုပ်သမားများသည် ငွေအသာပြာအနည်းငယ်အတွက် တစ်ညလုံးမအိပ်စက်ပဲကုန်လွန်စေကြသည်။ အကယ်၍ နှစ်ပေါင်း ၈၀- အေဗာဒတ် အတွက် တစ်ညမအိပ်ပဲနေလျှင် ခဲယဉ်းဖွယ်ရာမရှိပေ။ * ရှဒ်ဒါဒ် (ရသွေ့) သခင်သည် တစ်ညလုံး လူးလွန့်၍ကုန်လွန်စေသည်။ အို.. အသျှင် မီးလျှံကို ကြောက်ရွံ့မှုက ကျွန်တော်မျိုးအား သက်သက်သာသာအိပ်စက်မှုကို ပျက်စီးစေပါသည် ဟုမိန့်တော်မူလေသည်။ * စွေလဟ်ဗင်အသီမ် (ရဟေ့) သခင်သည် တစ်ညလုံးနမာဇ်များဖတ်တော်မူပြီး နံနက်တွင် ဒိုအာတောင်းသည်မှာ၊ အို… အလ္လာဟ်အသျှင်မြတ် ကျွန်တော်မျိုးသည် ဂျန္နတ်ကို တောင်းနိုင်သော စွမ်းအားမရှိပါ။ ကျွန်တော်မျိုးကို မီးလျှံ၏ ဘေးမှ ချမ်းသာပေးတော်မူပါရန်ကိုပင် တောင်းဆိုအသနားခံပါ၏။ * အေမာမ်ရှာဖွေအီ (ရဟမတွလ္လာဟ်) သခင်သည် ရမသွာန်လမြတ်၌ နေ့-ည နမာဇ် များတွင် ကုရ်အာန် ကျမ်းတော်မြတ်ကို အစအဆုံး အကြိမ် (၆၀) ဖတ်တော်မူလေသည်။ ကဒ်ရ်ညမြတ်၌ ကောင်းမှုပြုသူ၏ ဂိုနာဟ် ချွတ်ကယ်တော်မူခြင်းအကြောင်း ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ.. လိုလတွလ်ကဒ်ရ် ညဥ့်မြတ်၌ ဂျစ်ဗ်ရာအီလ် (အလိုင်ဟစ္စလာမ်) သခင်သည် ဖွရစ်ရှတဟ် ကောင်းကင်တမန်တော်များနှင့်အတူလောကသို့ဆင်းသက်လာတော်မူလေသည်။ ထိုင်လျက်ဖြစ်စေ၊ ရပ်လျက်ဖြစ်စေ၊ အိပ်လျောင်းလျက်ဖြစ်စေ အေဗာအတ် နှင့် သစ်က်ရ်ပြုနေသူများကို အလ္လာဟ်အရှင်မြတ်၏ ရဟ်မတ် မဟာကရုဏာ သက်ရောက်စေရန် ဒိုအာ ဆုမွန်များပြုကြပေသည်။ ရှိုင်ခ်အဗ်ဒွလ်ကာဒင်ရ်ဂျီလာနီ (ရဟမတွလ္လာဟ်) သခင်က ဂွန်ယဟ် ကျမ်းတွင် အစ်ဗ်နိုအဗ်မာစ် (ရသွေ့) သခင်၏ ဆင့်ပြန်ချက်ကို ရေးသားထားသည်မှာ … ဖွရစ်ရှတဟ်များ သည် ဂျစ်ဗ်ရာအီလ် ( အလိုင်ဟစ္စလာမ်) သခင်၏အမိန့်အရ မြို့၊ ရွာ၊ တော၊ တောင်၊ ပင်လယ်၊ သမုဒ္ဒရာ စသည့်မူစလင်များရှိသရွေ့ နေရာတိုင်း၌အီးဒ်နေ့တွင် သွားရောက် လက်ဆက်ကြပေသည်။ သို့သော် ခွေး၊ ဝက်၊ ဇေနာမူကြောင့်ရေချိုးရန်ရှိသူ၊ သက်ရှိသတ္တဝါပုံရှိသော အိမ်များသို့မူ မဝင်ရောက်ကြပေ။ * ကဒ်ရ်ညသည် ရမသွာန်လ နောက်ဆုံး ၁၀ ရက်၏ 'မ'ရက်များတွင်ရှိသည်။ ၂၁၊ ၂၃၊ ၂၅၊ ၂၇၊ ၂၉ ။ ကဒ်ရ်ညဥ့်မြတ်တွင် တောင်းဆိုရန် ဒိုအာအကြောင်း "အလ္လာဟ်ဟွမ်မ အန်န်နက အဖုဝွန် တို့ဟစ်ဗွလ် အဖ်ဝ ဖအ်ဖို့အန်နီ" .. အဓိပ္ပာယ်မှာ၊ "အို… အလ္လာဟ်အသျှင်မြတ် ဧကန်မုချအသျှင်သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသော အရှင်ဖြစ်တော်မူပါသည်။ ၎င်းချမ်းသာပေးမှုကိုလည်း နှစ်သက်တော်မူသော အရှင်ဖြစ်တော်မူပါသည်။ သို့ရှိရာ ကျွန်တော်မျိုး/ မ ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ" ။ စွဖ်ယာန်သောင်ရီ ( ရဟမတွလ္လာဟ်) သခင်က မိန့်တော်မူသည်မှာ… ထိုည၌ အခြားသော အေဗာဒတ်များ ဆောက်တည်မည့်အစား ဒိုအာ၌ ပင် မွေ့လျော်ခြင်းက သာကောင်းလေသည်။ အစ်ဗ်နို့ရဂျမ် (ရဟမတွလ္လာဟ်) သခင်က မိန့်တော်မူသည်မှာ … ဒိုအာသက်သက်ပင်မဟုတ်ပဲ အခြားသော အေဗာဒတ်များ ဆောက်တည်ခြင်းက ပို၍မြတ်လေသည်။ ဥပမာ။ ။ ကုရ်အာန် ကျမ်းတော်မြတ် သရဇ္ဈာယ်ခြင်း၊ နမာဇ်ဝတ်ပြုခြင်း၊ ဒိုအာဆုမွန်တောင်းခြင်း၊ မိုရာကဗဟ် စသည်များဖြစ်လေသည်။ ရစူလွလ္လာဟ် (ဆွလလ္လာဟု) ကိုယ်တော်က မိန့်တော်မူသည်မှာ.. ဤသည်သော ကုသိုလ်များပွားကြရန် လာရှိသဖြင့် အားလုံးသော အေဗာဒတ်များပြုမူကြရန် အကောင်းဆုံး ဖြစ်ပေသည်။
Artikel lesen
Kommentar hinzufügen
Use name နဲ့ Password ကို နေမေ့တတ်သူများအတွက်
Geschrieben am 30.06.2010 von
myaqoob15000
ဒီဆိုက်က သင့်ရဲ့ Website Account, Email Account, Network,Online Shopping စသည်တို့ရဲ့ Use name နဲ့ Password တို့ကို အခမဲ့လုံခြုံစွာ သိမ်းထားပေးနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Windows,Mac,Linux တို့ပေါ်ရှိ မည်သည့် Browser မှမဆို အသုံးပြုနိုင်ပြီး အလွယ်တကူလျင်မြန်စွာဖြင့် အသုံးပြုနိုင်စေပါတယ်။
Use name နဲ့ Password တို့ကို လုံခြုံစွာ သိမ်းထားပေးမှာဖြစ်တာကြောင့် Use name နဲ့ Password ကို မေ့တတ်သူများအတွက် အသုံးတည့်စေမယ့် ဆိုက်တစ်ခုလို့ ဆိုချင်ပါတယ်။
လိပ်စာက www.passwordsafe.com ပါ။
Artikel lesen
Kommentar hinzufügen
အင်တာနက်စွဲသုလုူငယ်များ
Geschrieben am 14.01.2010 von
myaqoob15000
Sunday, 3 January 2010 at 17:41 အင်တာနက်စွဲသူ လူငယ်များ မိမိကိုယ်ကိုယ် ညှင်းပန်းနှိပ်စက- ချင်သည့်စိတ် ပိုများတတ် Wednesday, 09 December 2009 08:42 ယဉ်နွယ်မင်း E-mail Print PDF [အင်တာနက်စွဲသူ လူငယ်များ မိမိကိုယ်ကိုယ် ညှင်းပန်းနှိပ်စက- ချင်သည့်စိတ် ပိုများတတ်] အင်တာနက်ကို စွဲမြဲစွာ အသုံးပြုနေသည့် လူငယ်များ သည် မိမိကိုယ်ကိုယ် ညှင်းပန်းနှိပ်စက- ချင်သည့် စိတ်ထားမျိုး ပိုမို များပြားလာ တတ်ကြောင်း သိရ သည်။ ဩစတြေးလျနှင့် တရုတ်နိုင်ငံမှ ပညာရှင်များ ပူးပေါင်းပြီး တရုတ်နိုင်ငံ ဂွမ်ဒန်းခရိုင်မှ အသက် (၁၃)နှစ်နှင့် (၁၈)နှစ်ကြား မြီးကောင်ပေါက်လူ- ယ် (၁၆၁၈)ဦး၏ နေထိုင်ပုံ အမူအကျင့်နှင့် စိတ်ဓာတ် အခြေအနေ ဆက်စပ်မှုများအား လေ့လာပြီးနောက် ယခုရလဒ်ကို ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ အင်တာနက်စွဲခြင်း- ည် (၁၉၉၀) ပြည့်လွန် အလယ် ပိုင်း နှစ်များ ကတည်းက စိတ်ပိုင်း ဆိုင်ရာ ပြဿနာ များနှင့် ဆက်စပ်နိုင်ကြောင-း ယူဆမှုများ ရှိခဲ့သည်။ ပညာရှင်များ၏ အဆိုအရ အင်တာနက်ကို စွဲမြဲစွာ သုံးစွဲနေသူများသ-် မိမိကိုယ်ကိုယ် ထိခိုက်နာကျင် အောင် ပြုမူသည့် အခြေအနေသည် သာမန်ထက် (၂.၄)ဆပိုများကြောင-းနှင့် အင်တာနက် စွဲစွဲမြဲမြဲ သုံးနေသည့် လူငယ်များသည် လွန်ခဲ့သော (၆)လအတွင်း မိမိကိုယ်ကိုယ် ဝေဒနာ ခံစားရအောင် အနည်းဆုံး (၁)ကြိမ်မှ အများဆုံး (၆)ကြိမ်ခန့်ထိ တမင် တကာ ပြုလုပ်ခဲ့ကြောင်- သိရှိရသည်။ ဩစတြေးလျနော်တာဒိ-်း တက္ကသိုလ်မှ ပညာရှင် ဒေါက်တာလောရင့်စ်- မ်းသည် ယခု ကိစ္စ အတွက် ဂွမ်ဇူးတက္ကသိုလ်မ- ပါမောက္ခယက်ဆန်းနှ-့် ပူးတွဲလေ့လာမှုမျာ- ပြုလုပ်ခဲ့ခြင်ြး- စ်သည်။ ၎င်းတို့က အင်တာ နက်ကို (၆)လမျှ စွဲလန်းစွာ အသုံးပြုခဲ့ပြီးေ-ာက် မိမိကိုယ်ကိုယ် ဒုက္ခပေးနိုင်ခြေမ-ာ သာမန်ထက် (၅)ဆမျှ မြင့်တက်လာ အောင် လူငယ်များ၏စိတ်ကိ- ပြောင်းလဲ လာစေသည်ဟု မှတ်ချက်ပြုခဲ့သည- ။ “အင်တာနက်ကို တရားလွန် စွဲလန်း သွားတာဟာ အရက်တို့၊ မူးယစ်ဆေးဝါးတို့ စွဲသလိုမျိုး အဆင်ခြင်မဲ့ လုပ်ရပ်တွေကို ကျူးလွန်မိစေတယ်ဆ-ုတာ အရင်ကတည်းက သုတေသန ရလဒ်တွေ ရှိပြီးသားပါ”ဟု ဒေါက်တာလမ်းကဆိုသ-်။ “နောက်ပြီးတော့ အင်တာနက်စွဲလန်ြး- င်းဟာ မူးယစ် ဆေး စွဲလန်းတာနဲ့ အခြေခံ အကြောင်းအရာ တော်တော်များများ တူပါတယ်။ ကျွန်တော်တို့ဟာ နောက်ထပ် အသေးစိတ် လေ့လာမှုတွေ ထပ်ပြီးလုပ်သွားဥ-းမှာပါ။ ဆယ်ကျော်သက် လူငယ်တွေကြားမှာ အင်တာနက်ကို အလွန်အကျွံ သုံးစွဲ လာ တာဟာ အန္တရာယ်တစ်ခုအဖြစ- လူတွေပိုပြီးသိလာ-ို့ လိုပါတယ်”ဟု ဒေါက်တာဆန်းကလည်း ပြောဆိုသွားသည်။ Last Updated on Wednesday, 09 December 2009 08:43
Artikel lesen
Kommentar hinzufügen
ကြိုဆိုပါ၏va
Geschrieben am 06.12.2009 von
myaqoob15000
အားလုံးကိုခင်ပါသည်ဒိုံ့ နှင့်လည်းခင်လို့ ရပါသည်
Artikel lesen
Kommentar hinzufügen