ခွဲခွါခြင်းရဲ့..တစ်ဖက်မှာ RSS Available

မင်းကိုယ့်ကို လွမ်းနေပါ့မလားးးးးးးးးးးချစ်သူ။ ကျလုဆဲမျက်ရည်တွေ ကိုချစ်သူမမြင်အောင် ...အားတင်းြ့ပုံးပြခဲ့တာလည်း အကြိမ်ကြိမ်ပေါ့။ တကယ်ဆိုရင်လက်ပြနှုတ်ဆက် ခဲ့ရသူရဲ့ ၇င်ထဲမှာ.. ကြေကွဲခြင်းတွေရှိနေတယ်... ရှေ့ဆက်ဖို.မဖြစ်နိုင်မှတော့ ကျေခိုင်းပစ်လိုက်ရတာ မချစ်လို.မှမဟုတ်ခဲ့တာ..... ချစ်သူ...ရေ မျှော်လင့်ခြင်းတွေ နဲ့အတူတို.အတူရည်စူးခဲ့တဲ့ အနာဂတ် ကမ္ဘာလေး ငါကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ရတာ..ကျေနပ်စရာမှ မဟုတ်တာ... ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်မှုတွေကြားမှာ...ငါ့မာနနဲ့ ငါ့သိက္ခာကို..ခ၀ါမချရက်လေတော့..ဝေးရပီပေါ့ချစ်သူရာ ခုတော့ ငါတို.ရဲ့ချစ်ခြင်းတွေ..ဟိုးအတိတ်မှာ တို.အတူမြေမြှုပ်ရအောင်လေ...... မင်းမသိလို.ပါချစ်သူရယ်..ပြိုင်ပွဲအဖြစ်မင်းသတ်မှတ် ခဲ့ရင်တောင် ဒီပွဲမှာအရှုံးတွေနဲ့..ထွက်ပြေးခဲ့ရတဲ့...မိုးပါ ချစ်သူရာ..................

(ohne titel)

Geschrieben am 01.01.0001 von

Artikel lesen   Kommentar hinzufügen

`ငါမဟုတ်ပါ´

Geschrieben am 03.09.2009 von moechitthu_tgo

လူတွေကို အစွန်းမရောက်ဖို.
တရားသဘောတွေအမြဲပြောနေပေမယ့်
တစ်ခါတစ်ခါ ..ကိုယ်တိုင်အစွန်းရောက်ရောက်
သွားတာတော့
စိတ်ဓာတ်တွေဖောက်ပြားသွားလို.ပဲလား
ကိုယ်တိုင်ကျင့်ကြံနိုင်မှ
ပြောတက်တဲ့ငါ့စကားတွေက
လူတိုင်းကျင့်ကြံဖို.ပြောမိတာကော
အမှားတွေပဲလား
ကိုယ့်စိတ်နဲ့မတိုင်ဆိုင်တိုင်း
ဒေါသလှိုင်းတွေ ရင်ထဲရိုက်ခတ်ခဲ့ပေမဲ့
သည်းခံဖို.ကိုသတိပြုလို.
ငါ့စိတ်တွေ ချော့သပ်မွေးမြူခဲ့တယ်
အခုဆိုရင်လူတစ်ယောက်ကို စိတ်ဆိုးတော့မယ်ဆိုရင်
`သူမှငါမဟုတ်တာ´ လို.တွေးဖြေကာ
ငါ့စိတ်တွေလှိုင်းထဖို.နေနေသာသာ
အေးမြလို.တည်ငြိမ်နေခဲ့တာ...........................။

Artikel lesen   Kommentar hinzufügen

ဆုံမှတ်များ

Geschrieben am 17.08.2009 von moechitthu_tgo

တစ်ခါတစ်လေ..ငါဟာ

အိမ်မက်ထဲလမ်းလျှေက်သလိုဝိုးတ၀ါးနဲ့

ငါ့ကိုယ်ငါရှာမတွေ့ဘူး..

တစ်ခါတုန်းက

ငါအပိုင်ပေးဖူးတဲ့အသည်း

သူ.ဆီမှပျောက်ရှနေတာကြာပြီ

တစ်ခါတလေတော့လည်း

နွေအခါမှာ နေမထွက်ခဲ့ရင်

ရေငတ်နေမှာမဟုတ်ဘူးလို.လည်းတွေးမိတယ်

နေအရှေ.အ၇ပ်ကထွက်တယ်ဆိုတာ

အရှေ.ဆီသွားရမှာ ကြောက်လို.ဆိုရင်

ငါ့နှလုံးသားနောက်ဆုတ်နေခြင်းက

နေမင်းနဲ့ခလုတ်တိုက်မိမှာစိုးလို.

ဖြစ်မယ်ထင်တယ်...............

 

 


Artikel lesen   Kommentar hinzufügen

ညှိမရခြင်း

Geschrieben am 10.08.2009 von moechitthu_tgo

တစ်ခါတစ်လေ...

ဆိုးသွမ်းမှုတွေဖြစ်ဖို.

အဆိုးတွေလာလာပတ်သတ်တာ

လူယဉ်ကျေးတွေရဲ့ ခြေရာ

လိုက်ရေကြည့်မိတော့

ခြေလှမ်းပျက်တွေကို

ဖုံးဖိထားလိုက်ကြပုံများ

ပညာရှိသတိဖြစ်ခဲတဲ့

အမှန်တရားဆိုတဲ့အရာထဲ

မတရားခြင်းသဘောရောနှော

ဆိတ်ဆိတ်မနေတတ်လေတော့

အထက်ဆန်လူရဲ့ သဘော

ထော်လော်ကန်.လန်.ဆိုလားဘဲ....။


Artikel lesen   Kommentar hinzufügen

ပျော်ရွှင်ခြင်းခရီးသည်...

Geschrieben am 06.08.2009 von moechitthu_tgo

သတ်မှတ်ချက်ဆိုတာ

ဘယ်အရာသတ်မှတ်ချက်နဲ့

သတ်မှတ်တာလဲ.....။

အခြားသူများတိုင်းတဲ့ပေတံ

ငါ့ထံ စကေးမကိုက်တာတော့

မတက်နိုင်ဘူး.............။

အချစ်ဆိုတဲ့အရာ...ငါ့အနားရှိနေမှ

ငါ့ဘ၀လှပမယ်လို.လည်း..ငါမခံယူဘူး..။

အခြားသူရဲ့  ခံစားချက်ကို

လျစ်လျူရှုပီး..ကိုယ်ပျော်ရွှင်ခြင်းတစ်ခုထဲ

ကြည့်တဲ့ထဲမှာလည်းငါမပါဘူး.......။

ကမ္ဘာာကြီးကိုအုပ်စိုးရမှ

ဧကရာဇ်တစ်ပါးဖြစ်မယ်လို.လည်း..ငါမခံယူဘူးးး။

ဘယ်လောက်တောနက်

ခရီးကြမ်းနေပါစေ..ငါ့လမ်းငါရှင်း

ရဲရဲရှေ.တို.သွားမှာဘဲ............။

အားလုံးနဲ့ကာရန်ကိုက်ဖို.

ငါ့ဖြူစင်ခြင်းတွေကို.အရောင်မဆိုးနိုင်ဘူး

အဆိုးအကောင်း အပေါင်း

သင်္ခါရလို. မှတ်တွေးရင်း

ငါဆက်လျှေက်ရမယ့်ခရီးရှည်

ဘယ်သူမှမပါလည်း

ကလောင်တစ်ချောင်းနဲ့

ငါလေခရီးတွေဆက်မယ်.........

အတိတ်ဆိုတာကို..

ပြန်မတမ်းတကြေးပေါ့..............



Artikel lesen   Kommentar hinzufügen

အချစ်မြှား

Geschrieben am 02.08.2009 von moechitthu_tgo

အစွယ်လိုလို. ဆင်ကိုပစ်တယ်

ဘာကိုလိုလို.ငါ့ကို ပစ်ခဲ့တာလဲ

နင့်ရဲ့ပစ်ချက် နှလုံးသားရဲ့

ဗဟိုတည့်တည့် ထိချက်ပြင်းပြင်း

ဝင်ရောက်လာခဲ့လေတော့

ရှောင်လို.လည်း မလွတ်နိုင်ခဲ့

စူးနစ်နေတဲ့ ဒီမြှား

နှုတ်ပစ်ဖို.လည်း မစွမ်းနိုင်ခဲ့

ဘာမှမရှိဘူးလို.လည်းထင်ထားခဲ့တာဘဲ

အခုကျတော့လည်း..

အချစ်သွေးတွေ စီးကျနေခဲ့သားဘဲ

မင်းလိုချင်တဲ့အရာ

ဒီသွေးစက်တွေပါဆိုရင်

ကျေနပ်စွာ...ငါလေပေးပါ့မယ်

မင်းပစ်လိုက်တဲ့မြှားချက်အတွက်................

ငါရင်လည်းမနာတော့ပါဘူးလေ....................


Artikel lesen   Kommentar hinzufügen

ကိုကိုကျူကျူများ

Geschrieben am 22.07.2009 von moechitthu_tgo

တောက်.. ဒီကွန်နက်ရှင်နဲ့တော့ သောက်ရေးကိုမပါဘူး .. ကောင်မလေး ဖုန်းနံပါတ်ပေးတော့မယ် ဆိုကျပြီ .. ရည်းစားစကားပြောခါနီးရင် ကျပြီ.. အီလို့ ကောင်းနေတုန်းဆို ကျပြီ …. ကျကိုကျနိုင်လွန်းတဲ့ ကောင်.. ဖြစ်နိုင်ရင် အ၀ီစိချိုးကပ်နေအောင် ကျချင်နေတဲ့ကောင် …. ။ အခုလည်း ကြည့်.. သူ ကောင်မလေးနဲ့အဆင်ပြေနေတုန်း ကျပြန်ပြီ ။ ဒီကောင်တော့ ဘယ်ဘ၀ကများ ငါ့ကိုအမြင်ကပ်ခဲ့လဲမသိဘူး ။ ဟော.. အိပဲ့အိပဲ့နဲ့တော့ ပြန်တက်လာပြီ ။ တော်ပါသေးရဲ့… ကောင်မလေး ရှိပေသေးလို့ ။ မဟုတ်ရင် အိပ်မပျော်ဘူးလို့မထင်နဲ့ နောက်တစ်နစ်ခ်ပြောင်းကျူရမှာစိုးလို့ဗျ.. အစကနေ ပြန်ပြောရမှာ.. ဘယ်လောက်ပင်ပန်းလဲ ။ အခုတော့ တော်ပါသေးတယ်.. ကောင်မလေးက သူ့ကိုစောင့်နေလားမသိဘူး (ကိုယ့်ဘက်ကိုယ်တွေးတယ်ဗျာ.. ဘာပြောချင်လဲ ) Me : ချစ်လေး.. ကိုယ် Connection ကျသွားလို့နော် စိတ်ဆိုးနေလားဟင်.. Kgmalay : ဒီလူကြီးနော်.. ဘာကြီးမှန်းတိဝူး.. ဘီတူက ရှင့်ချစ်လေးလဲလို့ Me : အာာ.. ဒီကချစ်လေး ကိုပြောတာပေါ့ဗျ..ကိုယ်က ချစ်လေးတစ်ယောက်တည်းနဲ့ပဲပြောနေတဲ့ဟာ ဘာလဲ ချစ်လေးက ချစ်လေးလို့ ခေါ်ခံချင်ဘူးလား ဒါဆို သည်းလေးလို့ခေါ်မယ် လေနော် … Kgmalay : လူလည်ကြီး ..ဟွန့် မုန်းချင်ချာဂျီး .. Me : မုန်းပါနဲ့ဗျာ.. ချစ်ပါနော်.. ချစ်တယ်မလားဟင် (အမလေးဗျာ.. ချွဲလိုက်တာ တရော်များဖျော်သောက်ထားလားသိဘူး) Kgmalay : သွားးးပါ…. ချစ်ဘူး သူက အကုန်လုံးကို ချစ်တယ်ပြောနေတာမလား ဒီကသိသားပဲ… Me : သိဘူးဗျာ.. ချစ်တယ်ပဲ မှတ်တော့မယ် ချစ်တယ်နော် Kgmalay : ယုံဝူးးးး ရှင့်… Me : ယုံပါဗျာ… မယုံရင် ဖက်နမ်းပစ်မှာနော်… Kgmalay : အယ်… ဒီလူကြီးဆိုးလာပီး သွားးးတော့… Me : သွားပါဘူး.. ချစ်လေးနဲ့မခွဲနိုင်သေးဘူး (အမေရေ သားဗိုက်ဆာပြီဗျ.. အခုထိကွန်ပျူတာရှေ့ကခွာနိုင်သေးဘူး မယ်မင်းကြီးမရယ် မြန်မြန်ပြန်ပါတော့… ) ချစ်တယ်နော်… ပြန်ပြောပါလား ချစ်တယ်လို့ Kgmalay : ပြောဝူးးး…. ချစ်တယ်လို့ Me : ပြောပါ ချစ်တယ်လို့ Kgmalay : ပြောဝူးးးးးးးးး ချစ်တယ် အဲဗျာ… တကယ်ချစ်တာလား..ချစ်တယ်နော်… ဟုတ်တယ်မလား ဟေးးးးးးးးးးးးးးးး အရမ်းပျော်သွားတယ်ကွာ… ချစ်လေးကို အရမ်းချစ်တယ်နော်... Kgmalay : အဲ.. ဘယ်မှာပြောလို့လဲရှင့် .. Me : ပြောပါတယ်… မတွေ့ဘူးလား ခုနကပဲပြောလိုက်ပြီးတော့ ပြောပါဘူးနော်…ဘယ်မှာလဲ Me : ချစ်တယ် ဘာလဲလို့ Me : ချစ်တယ်…. Kgmalay : အာာ..တော်ပီ စိတ်ကောက်လိုက်မှာနော်... Me : ကောက်ပါဗျာ… ချစ်လေး ကြိုက်သလောက်ကောက် Kgmalay : တော်ပီ.. ပြန်တော့မယ် Me : အာာ ပြန်တော့မလို့လား ( တော်ပါသေးရဲ့ အခုမှပဲထမင်းစားရတော့မယ်) မနက်ဖြန် ချစ်လေး ဘယ်ချိန်လာမှာလဲ… Me :း မနက်ဖြန်မလာဘူး သွားစရာရှိလို့ ဟင်.. ဟုတ်လား ကိုတော့လွမ်း နေတော့မှာပဲ.. ချစ်လေးက ဘယ်သွားမှာလဲ Kgmalay : အင်း Dagon center သွားမလားလို့…၀ယ်စရာနည်းနည်းရှိလို့ Me : ကို လိုက်ပို့မယ်လေ… ( သေပီဆရာပဲ… ဘိုင်ပျက်နေပါတယ်ဆိုမှ ) Kgmalay : ဒါဆို 10 နာရီလောက် ice-berry မှာစောင့်နေမယ်လေ နော် ယူုစောစောတော့လာခဲ့နော် Me : အဲ.. ချစ်လေးကိုမှ မမြင်ဖူးတာ ဘယ်လိုသိမလဲ Kgmalay : I က အကျီ အနီဝတ်ခဲ့မယ်လေနော် အောက် ဂျင်းဘောင်းဘီအကျပ်လေးနဲ့ (ဂလု… မနက်ဖြန်ကို တွေးရင်းနဲ့တောင် ရင်ခုန်လာပြီ.. ခွိ..ခွိ ) ငါကွ… Me : Ok Ok ကိုယ်က Tshirt အဖြူနဲ့ ဂျင်းဘောင်းဘီဝတ်ခဲ့မယ် ဒါဆို bie bie နော် မနက်ဖြန် မှတွေ့မယ် ချစ်လေး ကိုယ်လည်း ထမင်းစားဦးမယ် တာ့တာ… see U Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx မနက်စောစော ထပြီး.. သူ တက်ကြွနေသည် ။ အော်.. On lie… on lie အွန်လိုင်းကြောင့် သူ ငါးပါးသီလမလုံတာကြာပြီ.. ဟဲဟဲ ကောင်မလေးတွေကလည်း ယုံလိုက်တာ လွန်ရော… စကားပြောကောင်းတဲ့ သူ့လိုကောင်ဆို တဖြုတ်ဖြုတ်နဲ့ အနားမှာ ကြွေလို့… (ယင်ကောင်တွေ မဟုတ်ဖူးလို့ ) နည်းနည်းပါးပါး ပြောလိုက်တာနဲ့ အနောက်မှာ တကောက်ကောက်နဲ့ ပါလာပြီ (ခွေးတွေမဟုတ်ပါဘူးဗျာ) နည်းနည်းတော့ လုံ့လ ၀ီရိယ ဇွဲ ရှိရတယ်ဗျ … ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းရည်းစားဖြစ်ချင်ရင် လွယ်လွယ်လေးဗျ.. သိချင်ရင် ကျွန်တော့ဆီ တပည့်လာခံ… ဟဲဟဲ မနေနိုင်လို့ ဆရာတော့လုပ်ဦးမယ်.. အရင်ဆုံး *target ပစ်မှတ်တစ်ခုထားရမယ်* ဖြစ်နိုင်ရင် သူ့တစ်ယောက်တည်းကိုပဲ အာရုံစိုက်ပြီး chat ရမယ် ။ ဒါမှ ကောင်မလေးက ကိုယ်ဆီပဲစိတ်ကရှိနေမှာပေါ့ သူက လူအများကြီးနဲ့ချက်နေမယ်ဆိုရင်တောင် ကိုယ်က သူနဲ့စကားပြောမပျက်တဲ့အတွက် သူက သတိထားမိလာလိမ့်မယ် .. နောက်တစ်ဆင့်က ခင်မင်လာလိမ့်မယ် ။ ( ဘယ်နှစ်ယောက် နဲ့ချက်ပါလို့ မပြောလိုဘူးဗျ… ဒါက typing skill ပေါ်မှာမူတည်တယ်လေ ဒါကြောင့် ကိုယ်စာရိုက်တဲ့နူန်းမြန်ရင် သုံးလေးယောက်နဲ့ ချက်နေလည်း အိုကေပေါ့ ) ပြီးတော့ စကားပြောနေရင်း ထိကပါး ရိကပါးလေးတွေ ပြောတက်ရတယ် အွန်လိုင်းမှာ ပါးရိုက်လို့မှ မရတာနော့်.. သိပ်ကြောက်စရာတော့မရှိပါဘူး ။ (နှမချင်းစာနာစိတ်တော့ရှိကြပါဗျ) ဥပမာဗျာ.. ကိုယ့်မှာရည်းစားမရှိဘူး.. မယုံရင် ချစ်ကြည့်လေ..ဆိုတာမျိုး ဒါမှမဟုတ် ကျိန်ပြောတယ်ဗျာ.. တကယ်ပါ ရည်းစားမရှိဘူး ဤစကားမှန်ရင် ခင်ဗျားလေးက ကျုပ်ကိုချစ်လာပါစေ ဆိုတာမျိုးပေါ့… အဲ့လို အဲ့လိုပေါ့ဗျာ… ကျွန်တော်လည်း သိပ်ပြောတက်ဘူးဗျ….အခြေအနေနဲ့အချိန်အခါပေါ်နင်းပြီး ပြောတက်ရတယ် ။ ကျွန်တော်ဆိုလိုတာက ဗျာ.. *စကားလှလှလေးတွေ နုနုရွရွလေးတွေ ပြောတက်ရတယ*်ပေါ့ ။ စကားလှလှလေးတွေပြောတက်ဖို့ဆိုရင် စာများများဖတ်ရတယ်ဗျ.. ( အချစ်ဝတ္တုလေးတွေဆို ပိုကောင်းတယ်ဗျ.. စကားလုံးလှတာတွေ့ရင် အလွတ်သာကျက်ထားပေတော့ ) ပြီးတော့ *ဟာသဥာဏ်*လည်းရှိတက်ရတယ် ။ သူ့ကို ဟာသတစ်ပုဒ်ကို copy paste လုပ်ပြီး တင်ပေးမယ့်အစား ကိုယ်က စာရိုက်ပြီး ပြန်ပြောပြကြည့်ပါ ။ တဖြည်းဖြည်း ရင်းနှီးမှုတိုးလာလိမ့်မယ်ဗျ ။ နောက်ပြီး.. အရေးအကြီးဆုံး အချက်က* ကောင်မလေးကိုယ့်ကိုအထင်ကြီးလာဖို့ပဲ*။ ကောင်မလေးတွေက များသောအားဖြင့် သူတို့အထင်ကြီးတဲ့ကောင်လေးတွေကို ကြိုက်လေ့ရှိကြတယ် ။ ဒါပေမယ့် ကြွားတာကိုတော့ မကြိုက်ကြဘူးဗျ…။ ဒါကြောင့် စကားပြောရင် သတိထားရတယ် ။ ဥပမာ ပြောရမယ်ဆိုရင်ဗျာ… ကိုယ် အလုပ်နည်းနည်းရှုပ်နေတယ်။ ခဏနော်…ဒယ်ဒီ့ကို ကူလုပ်ပေးနေလို့ ခဏလေးစောင့်နော်…. အဲ့လိုပေါ့ ။ ပါးပါးနပ်နပ်နဲ့ တစ်ခြားကောင်မလေးကို Q ဖို့ ကောင်မလေးကို အလိမ္မာသုံးပြီးစောင့်ခိုင်းတာပေါ့ ။ နောက်ပြီး ဖုန်းနံပါတ်ကို သိနေရုံလောက်နဲ့မတောင်းသင့်ဘူးဗျ ။ ဘာလို့လဲဆိုတော့ သူနဲ့ကိုယ့်မှာ စကားပြောစရာသိပ်မရှိသေးဘူးလေ ။ တော်တော်ကြာကြာရင်းနှီးပီးမှ တောင်းတာကောင်းတယ် ။ ဒီကြားထဲမှာ အဆင်ပြေသွားတယ်ဆိုရင်လည်း တစ်မျိုးပေါ့ဗျာ…။ ပြီးတော့ ဘယ်မှာနေလဲ ဆိုပီး အိမ်လိပ်စာအတင်းမမေးနဲ့ဗျာ…။ ကောင်မလေး လိပ်စာသိတော့လည်း ကိုယ်က သွားလည်လို့ရတာကြလို့ ။ *အကျိုးမရှိတာ သိပ်မပြောနဲ့ဗျ ။* ပြီးတော့ အားရင် သီချင်းတို့ ပုံ တို့ကို ပို့ပေးရတယ်ဗျ.. ။ ( FWD မေးလ်သိပ်မပို့သင့်ဘူး ဘာလို့လဲဆိုတော့ အများကြီးပို့တဲ့အခါ သူကစိတ်ဝင်စားမှာမဟုတ်တော့ဘူးဗျ ။ mail ပို့မယ်ဆို သူ့တစ်ယောက်တည်းအတွက်ပဲ ရည်ရွယ်ပြီး ပို့တဲ့ mail ဖြစ်သင့်တယ်ဗျ ။ တစ်ယောက်ပို့ပြီး sent mail ကနေ နောက်တစ်ယောက်ကို ထပ်ပို့တော့လည်း သူသိမှာကြလို့ အရေးကြီးတာ *လိမ္မာပါးနပ်ဖို့*ပဲ ) အဲဗျာ.. တော်ပီဗျ.. တော်ကြာ ကျွန်တော့ပညာ အကုန်ကုန်ဦးမယ် ။ ဆရာစားတော့ ချန်ထားရမယ် ။ ဒီလိုနဲ့… သူ ၀ီရိယ ပိုစွာဖြင့် 9:30 လောက်ထဲက ice-berry ကိုရောက်နေလေရဲ့ .. အအေးတစ်ခွက်မှာရင်း Dagon center ကိုလာသမျှ ကောင်မလေးတွေကို ငေးရင်းး သူ့အရှေ့က အအေးခွက်မှာ ရေခဲတောင် အရည်ပျော်လာတယ် ။ အော်.. အချိန်ကြာလို့ပြောပါတယ် ။ ဒီလိုနဲ့… နာရီ သံက တချက်ချက်နဲ့ 10 နားကို ရွေ့လာတယ် ။ ဟော…ဟိုမှာ နီနီလေး.. တရွေ့ရွေ့နဲ့ ရွေ့လာတယ် ။ သူ့ကောင်မလေးများလား ရင်ခုန်သံအပြည့်နဲ့ စူးစိုက်ပြီးကြည့်နေလိုက်တယ် ။ ဟုတ်ပါ့ဗျာ… အနီရောင်လေး… အကျီကိုယ်ကျပ်လေးနဲ့ အောက် ဂျင်းဘောင်းဘီ ဒူးခေါင်းလောက် အတိုလေး.. နည်းနည်းဝေးသေးတော့ သူ့အမြင်က သိပ်မကောင်းချင်ဘူး ။ အနီလေးက တဖြည်းဖြည်းသူ့မြင်ကွင်းထဲမှာ ကြည်လာတယ် ။ ဖိနပ်လေးက ဒေါက်အဖြူလေးနဲ့… အပေါ်နည်းနည်းတက်ကြည့်တော့.. အော် ခြေသလုံးက အမွှေးတွေနဲ့ သိပ်မဖြူပါလား…ထားပါလေ အပေါ် နည်းနည်း ထပ်တက်တယ် ။ ပေါင်ရင်းက နည်းနည်းတော့တုတ်တယ် ။ မဆိုးတော့ မဆိုးပါဘူးလေ ။ အင်း…ထပ်တက်လိုက်တော့ ဗိုက်ခေါက်.. နည်းနည်းထွက်ချင်သလို ကောင်မလေးက ၀တုတ်တုတ်လေးထင်တယ် ။ အေးပေါ့…၀က်မလေးလို ချစ်စရာလေးနေမှာပေါ့ ။ ကောင်မလေးက မဆိုးဘူးဗျ.. သူ့ကို သူ့ကို သိသလိုနဲ့ စားပွဲနားရောက်လာတယ် ။ အမလေးဗျာ… ရင်တွေ တထိတ်ထိတ်နဲ့ အခုထိ ကောင်မလေး မျက်နှာကိုမကြည့်ရဲတော့ဘူး ဘယ်လိုလေးနေမလဲ စိုးမြတ်နန္ဒာလေး လိုလား.. မိုးဟေကိုလို ညှို့ဓာတ်အပြည့်နဲ့လား .. ဒါမှမဟုတ် သင်ဇာဝင့်ကျော်လေးလို ညိုချောလေးလား … ဟင်းးနော်… အသည်းယားလာပြီ ။ ရုပ်ရှင်ထဲမှာလို… တဖြည်းဖြည်းမော့ကြည့် ……………. အမလေး…….. အောင်မရေးးးးးးးးးးးးး အ ခြောက် မ ကြီး ဗျာ…. အမလေး ဗျ…. … ကံကဆိုးလိုက်လေခြင်းးးး ဟင်းးး ဟင်းး… Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ကောင်မလေးက တော့ ကြောင်ကြည့်ရင်း… ခုနက လူ ဘာလို့ ဖင်ပိတ်ပြီးတော့တောင် အတင်း ထွက်ပြေးသွားတာလဲ စဉ်းစားမိနေတယ် ။ သူ့ တစ်ယောက်မဟုတ်ဘူးလား…T shirt အဖြူနဲ ဂျင်းဘောင်းဘီနဲ့ဟာာ ???? သူ ပြုံးပြနေတဲ့ဟာ မြင်ပုံတောင်မပေါ်ဘူး ။ မဟုတ်လို့လား ??? ဒီလိုနဲ့ ဆိုင်ထဲကြည့်တော့လည်း… ထူးထူးဆန်းဆန်း သူနဲ့အကျီဆင်နေတဲ့ အခြောက်မ တစ်ယောက်ကလွဲပြီး ဘာမှသိပ်ထူးခြားတာမတွေ့…. ။ အကျီအဖြူနဲ့ ကောင်လေးလည်းမတွေ့… ။ အရေးထဲ အခြောက်မ က တစ်မျိုး…ဒီလိုဆိုင်မှာ ရှောက်သီးဆေးပြားရောင်းချင်နေတယ် ။ ငါနဲ့နော်… ဟူးး..နော် ခုနက ထွက်သွားတဲ့ကောင်လေး မဟုတ်ဘူးပေါ့ ။ ထားပါတော့ဟယ်.. မတွေ့တာပဲကောင်းပါတယ်လေ.. တွေ့ရင် နောက်တစ်ယောက်ထပ်တိုးနေဦးမယ် ။ အဲ့လိုနဲ့ သူလည်း ကောင်လေးချောချော ကိုငမ်းဖို့ Dagon center ကိုသာ တစ်ယောက်တည်းဒိုးခဲ့လေသည် ။

fwd...မေးလေးပါ......အားလုံးသိစေချင်လို.တင်လိုက်တာပါ

စိတ်ဆိုးရ၀ူးနော်            ကိုကိုကျူကျူများ

Artikel lesen   Kommentar hinzufügen

ချစ်ခြင်းရဲ့အမှတ်တရ

Geschrieben am 20.07.2009 von moechitthu_tgo

ဝေးသွားတော့မှ

နှလုံးသားကို

လွမ်းဆွတ်လို.

တမ်းတနေမယ်ဆိုရင်

ကြွေကျခဲ့တဲ့

မျက်ရည်စတွေက

ချစ်ခြင်းတွေရဲ့

အမှတ်တရပေါ့နော်




Artikel lesen   Kommentar hinzufügen

ချစ်သူသို............................

Geschrieben am 17.07.2009 von moechitthu_tgo

ချစ်သူရေ......................

ငါ့ရဲ့အချစ်တွေက

မင်းရဲ့ပျော်ရွှင်မှုနဲ့

ထပ်တူုဆိုရင်

ငါ့နှလုံးသားက

မင်းကို

စွန်.ခွါဖို.

နှစ်လိုစွာ

ဆန္ဒပြုလိုက်ပါတယ်

ရင်ထဲမှာနာကျင်

သမျှအတွက်တော့

ပေးဆပ်ရင်းနဲ့ဘဲ

ဖြေသာလိုက်ပါတယ်



Artikel lesen   Kommentar hinzufügen

ချစ်အသွားအပြန်လေးပါ.........

Geschrieben am 21.06.2009 von moechitthu_tgo
Stimmung: ကောင်းဘူး..ညစ်နေတယ်. Musik: အရေးမကြီးဘူး(လေးဖြူ).

ချစ်မိသူအတွက်

အချစ်ကပေးဆပ်ရုံသက်သက်

ဟုတ်မယ်မထင်ပါ

ကိုယ်ချစ်ရသူအတွက်

ဂရုစိုက်မှု, မြတ်နိုးမှု,

စောင့်ရှေက်မှု, စာနာမှု, 

ကာကွယ်မှု, ညှာတာမှု,တွေ

ဖြည့်စည်းပေးခြင်းသာမက

ကိုယ့်ချစ်သူထံမှ

ကိုယ်ခံစားရသလို

ကိုယ်ဂရုစိုက်သလို

ကိုက်မြတ်နိုးတန်ဖိုးထားရသလို

ရောင်ပြန်ဟပ်တဲ့သဘောတော.

ခံယူချင်ကြမှာပါဘဲလေ

နောက်ပြီးချစ်ရသူထံမှလည်း..

"ချစ်တယ်" ဆိုတဲ့စကားသံကို

ကြားချင်ရှာကြမှာလေ

အချစ်ခံရသူအတွက်လည်း

အချစ်က............

အချစ်ခံရရုံသက်သက်

ဟုတ်မယ်မထင်လို့ပါ......... ။

Artikel lesen   Kommentar hinzufügen

Fotos

Nr. Titel
0

Tags

Neue Kommentare

`ငါမဟုတ်ပါ´
သူမှငါမဟုတ်တာ ဟိဟိ ဟုတ်ချင်လို့လဲရဘူးလေမမရဲ့
ညှိမရခြင်း
မမ မင်းနွယ်ရိုးပြောတာ မှားတယ် သူက ကဗျာဆြာကြီးမှမဟုတ်တာ မော်ဒန်ဆန်တာဟုတ်ဘူး အဲ့ဒါ ............................အဟီးးး ညလေးလဲတိဘူ…
ဆုံမှတ်များ
မမ မရှောင်နဲ့ တခါတလေ ခလုတ်တိုက်မိတာကိုကပဲ သာယာကြည်နူးဖို့ကောင်းတယ်.....
`ငါမဟုတ်ပါ´
ဟုတ်မမ ညလေးကြိုးစားနေပါတယ်ရှင်
`ငါမဟုတ်ပါ´
အဲဒီအတိုင်းလေးပဲ..ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေ...ညီမလေး....
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.