ပြည့်စုံသောအချစ်၏အင်္ဂါများ နဲ့ အချစ်လေးမျိုးရှိခဲ့တယ်
Geschrieben am 23.10.2009 von
europenmindonemin
Tags:ပြည့်စုံသောအချစ်၏အင်္ဂါများ နဲ့ အချစ်လေးမျိုးရှိခဲ့တယ်
ပြည့်စုံသောအချစ်၏အင်္ဂါများ
မေတ္တာ = မရောက်သေးသော ဒုက္ခများ မရောက်အောင် ကြိုတင် ဆောက်ရွက်ခြင်း။
ကရုဏာ = ရောက်နေသော ဒုက္ခများကို ပပျောက်အောင် ၀ိုင်းဝန်း ဆောင်ရွက်ခြင်း။
မုဒိတာ = အောင်မြင် ချမ်းသာ ပျော်ရွှင်သည်ကို တွေ့လျှင် ကြည်နူး ကျေနပ်ခြင်း။
ဥပေက္ခာ = မိမိကို ထိခိုက်စေသည့် ကိစ္စများကို အပြစ်မတင်ဘဲ ခွင့်လွှတ်ခြင်း။
မည်သည့်အချစ်မျိုးမဆို အထက်ပါ အင်္ဂါ(၄)ရပ်နှင့် ပြည့်စုံလျှင် အမှန်တကယ်
ချစ်တာပါလို့ သတ်မှတ်ရပါမည်။
လူသားအားလုံး အချစ်ရဲ့ အနှစ်သာရကို ခံစားနိုင်ကြပါစေ။
လူသားအားလုံး တကယ်ချစ်တတ်တဲ့သူတွေ ဖြစ်ကြပါစေ။
အချစ်ကြောင့် လောကကြီး သာယာလှပပါစေ။ ။ ။ ။......
အချစ်လေးမျိုးရှိခဲ့တယ်
အချစ်လေးမျိုးရှိတယ်တဲ့....
1. Ego Love
2. One-sided Love
3. Blind Love
4. True Love
1. Ego Love
ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်....
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်...မျက်စိအောက်ကအပျောက်မခံချင်ဘူး...
သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်....အဲဒါ ego love ဖြစ်နေပါပြီ...
အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...
သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏ၀င်တတ်ပါတယ်...
အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး....
အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့...
2. One-sided Love
ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်......
အရာရာပေးဆပ်နေချင်တယ်......
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်......
ဒါပေမယ့် တစ်ဖက်လူက,,, ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှမစဉ်းစားပါဘူး...
အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်...
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့.......
မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်...
3. Blind Love
ဒီလိုအချစ်အမျိုးအစားကို...စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်...
အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့...
အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်...
ဒါဆိုရင် blind love ဖြစ်နေပါပြီ...ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ....
ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး....
အချစ်တွေပျောက်သွားတဲ့အချိန်မှ...ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..
4. True love
နောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့.....အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်...
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ....
ဒီလိုအချစ်မျိုးကတော့....အင်မတန်ရှားပါတယ်...
လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ....
အသဲကွဲတယ်ဆိုတာလဲမရှိဘူး....
သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာထားပြီး....
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ....အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....
အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုး မှာ Ego Love နဲ့ One-sided Love က နည်းနည်းဆင်ပါတယ်...
တစ်ချို့က တစ်ခါတစ်လေ...Blind Love ကို True Love နဲ့ လဲမှားတတ်ကြပါတယ်...ဆင်တာကိုး...
မတူကတော့...
Blind Love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး... True Love ကတော့ နှစ်တွေဘယ်လောက်ကြာကြာ မပျောက်သွားတတ်ပါဘူး...
အဲဒါကြောင့်......ချစ်မိပြီဆိုရင်..... ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး...ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ... ....
ချစ်ရေး ချစ်ရာဆွေးနွေးခန်း မှပေါင်းစည်းကောက်နှပ်ချက်
ကြိုဆိုပါတယ်........
အမြင်လေးနဲခံစားချက်လေးကို ဖော်ပြပေးသွားပါနော်
တက်ရောက်ဖတ်ရှုအားပေးမူ့ကို
အထူးကျေးဇူးတင်လျက် စိုင်းဂျိမ်း(မင်းတုန်းမင်း)