(ohne titel)
Geschrieben am 01.01.0001 von
Artikel lesen
Kommentar hinzufügen
"တောင်းဆု"
Geschrieben am 31.12.2010 von
aungphonemyat_
ခွဲမသွားပါနဲ့ ချစ်သူ၇ယ်
တခဏဆိုတာ သေချာပါရဲ့
ဒါပေမဲ့လည်း ငါလွမ်းတယ်
ဝင်သက်နဲ့ ထွက်သက်ကြား
တိုင်းလို့မရတဲ့ အချိန်ပိုလေးတောင်
မေ့ပျောက်ခြင်းဆိုတာကိုမသိ
မင်းထာဝရရှိနေလို့
ငါ့ရင်ဘက်ထဲကပြောနေပြီ
ဲပြန်လာပါတော့တဲ့
သတိရခြင်းရဲ့ စေစားမှု့နဲ့
နှလုံးသားရဲ့ လိုအပ်ခြင်းမှာ
မင်းနဲ့ ငါဆုံတွေ့ပါရစေ
အခုတခဏလွမ်းနေတာငါ
ကြမ်းရှရှနေ့ရက်တွေကြောင့်
ရှေ့ဆက်ရမဲ့ ဘ၀မှာ
ခဏဘဲဖြစ်ဖြစ်
မင်းနဲ့ ငါမခွဲပါရစေနဲ့
ချစ်သူရယ်...................။
Artikel lesen
Kommentar hinzufügen
လျှိ့ဝှက်ရင်ခုန်သံ
Geschrieben am 30.12.2010 von
aungphonemyat_
နှုတ်ကထုတ်ဖော်မပြောလည်း
နှလုံးသားရဲ့ ဆနတွေကို
မျက်ဝန်းလေးတွေရဲ့ ဘာသာစကားကတဆင့်
သိနှင့်နေမှာပါ.............။
အစဉ်အလာနဲ့ ပတ်ဝန်းကျင်တွေကြောင့်
ဝေခွဲရခက်နေတဲ့ ဆုံးဖြတ်ချက်တွေနဲ့
အချစ်ဆိုတာကိုတွေရှိ့ခဲ့တယ်..........။
မဖြစ်သင့်မှန်းသိနေပေမဲ့
ချစ်နေမိတဲ့ အဖြစ်ကိုတော့ စာနာပေးပါ...........။
တစ်နေ့နေ့ဆိုတဲ့ကာလကိုရောက်ခဲ့ရင်
ဖြူစင်တဲ့ မေတာနဲ့ ရိုးရိုးလေးချစ်နေတာကို
သက်ဆိုင်သူတစ်ယောက် သိလောက်ပါစေလို့
တောင်းဆုပြုရင်း
တိတ်တခိုးနဲ့
ရင်ထဲကချစ်နေမယ်..............။
Artikel lesen
Kommentar hinzufügen
"လျှို့ဝှက်စွာအရှုံးပေးခြင်း"
Geschrieben am 30.12.2010 von
aungphonemyat_
အရှုံးတွေကို
မကြုံချင်လို့
အချစ်တွေကို
မျိုသိပ်ခဲ့တာပါ
အပြင်ပန်းကြည့်၇င်တော.
နားလည်ရသိပ်ခက်တာပေါ့
အလွမ်းတွေကို
မခံစားရဲလို့
သံယောဇဉ်တွေကို
ဥပက်ခါပြုထားခဲ့တာပါ
မင်းနာကြည်းမယ်ဆိုရင်လည်း
မဲ့ပြုံးလေးပဲ ပြုံးနေမှာပါလေ
ဒါပေမဲ့
ချစ်သူရယ်
သတိရမိခြင်းဟာ အရှုံးဆိုရင်တော့
မင်းကိုပြုံးပြုံးလေးနဲ့ပဲ
အရှုံးပေးနေရတာများပြီပေါ့
Artikel lesen
Kommentar hinzufügen
"ယုံကြည်ချက်"
Geschrieben am 30.12.2010 von
aungphonemyat_
ချစ်ခိုင်းလို့ ချစ်ခဲ့တာ မဟုတ်သလို
လွမ်းခိုင်းတိုင်း လွမ်းခဲ့တာ မဟုတ်သလို
မေ့ခိုင်းတိုင်း မေ့ခဲ့တာ မဟုတ်ပါဘူး
မုန်းပင်အောက်မှာ
လွမ်းပန်းကောက်ပြီး
ငိုခိုင်းလည်း မငိုပါဘူး
အရာအားလုံးဟာ
စေညွှန်း၇ာ မဟုတ်ပဲ
စိတ်သွားတိုင်း ကိုယ်ပါတာကို
မှန်တာပဲ ယုံကြည်ထားလို့လေ..............။
Artikel lesen
Kommentar hinzufügen
"နယ်မြေသစ်"
Geschrieben am 30.12.2010 von
aungphonemyat_
အနောက်မှအရှေ့ အရပ်သို့ ရောက်ရှိခဲ့ခြင်းဟာ
ဝိရောဓိတို့ အဆုံးသက်ချိန် အောင်ပွဲ တစ်ခုဆိုရင်
ပျံ့လွင့်တဲ့ ငါ့စိတ်တို့ အနည်ထိုင်ချိန်မှာ
အချစ်နဲ့စပြီး အချစ်နဲ့ဆုံးတဲ့ နှလုံးသား ကုန်မြေတွေကို
ရှာတွေ့ခဲ့ခြင်းဟာ ပြီးပြည့်စုံသော အောင်မြင်မှု့ပေါ့
ဒါပေမဲ့........လက်နက်မပါ မေတာဖြင့်သာ တက်ရောက်
ကဗည်းစိုက်အောင် နိုင်ခဲ့ပြီလေ
တကယ်ဆိုငါဟာ နယ်မြေသစ်ရှာတဲ့
အချစ် ကိုလံဘတ် ပေါ့
Artikel lesen
Kommentar hinzufügen
"မျက်ရည်"
Geschrieben am 29.12.2010 von
aungphonemyat_
ဆုံးရှုံးမှု့မှာ
အခြေတည်
နှလုံးသားရပ်ဝန်းကို
ဗဟိုပြု
အားပြင်းပြင်းနဲ့
တိုက်ခတ်လာတဲ့
အလွမ်းတွေကြောင့်
နှလုံးသားဆည်တွေပြို
ရင်ခွင်နက်ပိုင်းတွင် ရေလျှံ
မျက်ဝန်းတမံတွေ ကျိုးပေါက်
ဘယ်လိုမှ ထိန်းမလောက်အောင်
ရွာတဲ့မိုး.......................။
Artikel lesen
Kommentar hinzufügen
"မလွမ်းပါရစေနဲ့"
Geschrieben am 29.12.2010 von
aungphonemyat_
Stimmung: .
လွမ်းနဲ့နော်
သြော်.....နွမ်းယဲ့မှာ စိုးသတဲ့
အချစ်စစ်ရယ်ကြောင့်
နှစ်သစ်မှာ ပြန်လည်ဆုံတော့
ရင်ခုန်သံ မပြောင်းလဲသူမို့
ခွဲတော့ဘူး အရင်ကလို
မလွမ်းပါရစေနဲ့................
Artikel lesen
Kommentar hinzufügen
True Love
Geschrieben am 29.12.2010 von
aungphonemyat_
အချစ်စစ် အချစ်မှန်ဟူသည်
နက်ရှိုင်းသော ရင်တွင်းမှ ပေါက်ဖွားလာသော
အကန့်အသတ်မဲ့ မေတာတရားကို ဆိုလိုသည်
အပေါ်ယံ ပတ်သက်မှု့ တို့နှင့် လုံးဝမသက်ဆိုင်
စစ်မှန်သော ချစ်ချင်းမေတာနှင့် ချစ်နေသောသူသည်
အချစ်ခံရသူ၏ူ်မြောက်များစွာသော အပြစ်တို့အား
မေတာရေတို့ဖြင့် ဆေးကြောနားလည်ပေးပြီး
အခြေအနေအရပ်ရပ်ကြောင့် ကွေကွင်းခဲ့လျှင်လည်း
ဆက်လက်ကာ ချစ်ချင်းမေတာတရားကို စောင့်ထိန်းရင်း
ဖြူစင်သော နှလုံးသားနှင့် လူ့ဘုံအလယ် ရပ်တည်နေနိုင်ခြင်းသည်
လောက၏ မြင့်မြတ်သော နှလုံးသားပိုင်ရှင်အဖြစ်
လူ့ဘ၀ဧ။် တစ်သက်တာကာလပတ်လုံးတွင်
လူသားအားလုံး၏ ချစ်ခြင်းနှင့်သာ ပတ်သက်ရပါလိမ့်မည်
အမုန်းဟူသမျှ ဝေးလေးစွ ။ ။
Artikel lesen
Kommentar hinzufügen
၅၂-၁၃=.........သို့
Geschrieben am 29.12.2010 von
aungphonemyat_
Tags:sithukyw25 gmailcom သို့ပိုနိုင်ပါတယ်။, သူငယ်ချင်းတို့မှာ ပြင်းပြင်းရှရှအချစ်ကဗျာလေးများ ရှိရင်
ဖြုစင်စွာ ချစ်ခဲ့တာ
မျက်ဝန်းမှာသိ
မင်းသတိထာမိရင်
(ဒါမှမဟုတ်) ခဏလေးဖြစ်ဖြစ်
သတိရရင်
အစဉ်ကျေနပ်ပါရဲ့ချစ်သူ
မရေရာ နှောင်တွယ်ရစ်လို့
သွေခွာရှောင်ပယ်ပစ်တော့လည်း
မေ့မရသူရင်မှာ
နွေကန်တာအသစ် ဝေဒနာ....အချစ်ပေါ့..............။
Artikel lesen
Kommentar hinzufügen