ဗုဒ္ဓဟောကြားခဲ့သောတရားများသည် ယခု၂၁ ရာစုတွင်ခေတ်မှီပါသေးသလော။

Geschrieben am 25.11.2009 von akyawmyint

ဗုဒ္ဓဟောကြားခဲ့သောတရားများသည် ယခု၂၁ ရာစုတွင်ခေတ်မှီပါသေးသလော။

ခေတ်မှီပါသေးသလော။မှန်ကန်ပါ၏လော။အသုံးဝင်ပါသေးသလော။ဗုဒ္ဓဘာသာဝင်  အတော်များများ အဘယ်ကြောင့် ဆင်းရဲကြသနည်း။မတိုးတက်မကြီးပွားကြသနည်း။

 အမှတ်စဉ် ၁။

             နိဗ္ဗါန်တို့  နောက်ဘဝတို့  ကို ခဏထားပါဦး။ လူတစ်ယောက်အဖြစ်ရလာသည်မှစပြီး ဆန်းစစ်ကြရအောင် ။ လူမှန်လျှင် ၅ ပါးသီလ မြဲရမည်ဟုဟောကြားခဲ့ပါ၏။

၁။ သူများအသက်သတ်ခြင်း

၂။ခိုးခြင်း ၊မတားရားသဖြင့် သူများဆီက ရအောင်ယူခြင်း

၃သူများသားသမီအားဖျက်ဆီးခြင်း၊သူများးဇနီးမယားလင်ယောကျာ်းနှင့်ဖောက်ပြန်ခြင်း

၎။လိမ် ညာ ဂုန်းတိုက် သူများအကျိုးစီးပွားပျက်အောင်မကောင်းပြောခြင်း

၅။မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သောအရာများအားသုံးစွဲခြင်း

 တို့ကို အသက်ထက်ဆုံးဝေးစွာရှောင်ကြဉ်ကြရမည်ဟု ဟောခဲ့လေသည်။

ဘယ်လိုမြဲအောင် ထိမ်းရမလဲဆို လျင် ခါးဝတ်ပုဆိုး၊လုံချည်ကဲ့သို့ ကိုယ်မှာအမြဲရှိကြပါစေ ဟုမိန့်မှာခဲ့ပါသတဲ့။

စစ်သားများ ဌာနဆိုင်ရာအလုပ်လုပ်ကြသူများ companyကဝန်ထမ်းများကားဘောင်းဘီဝတ်ကြသော်လည်း ဘောင်းဘီမှာလည်းခါးတွင်ဝတ်ရသည်ပင်။

အမြဲတမ်းရှိကြပါစေဟူသောလိုရင်းသာ ။

ပိုက်ဆံ အတုနှင့် အစစ်မှာကွာတာတွေရှိပါသည်။ဥပမာရေစာမပါတာတို့ ကြိုးမပါတာတို့ ဖြစ်ပါသည်။ပါရှိရမည့် အင်္ဂါရပ်များမစုံလင်က အတု ဖြစ်ပါသည်။

ဗုဒ္ဓက အထက်ပါ၅ ချက်လုံင်္ခြုကြပါစေဟုမှာခဲ့သည်။၅ ချက်ထဲမှ ဘယ်နှစ်ခု ကျနော်တို့ ပျက်နေသည်လည်းဆိုတာ ကိုယ့်ဘာသာကိုယ်စဉ်းစားကြည့်ရပါမည်။ပိုက်ဆံဥပမာလိုပင် လိုအပ်ချက်တွေနှင့် ပါရှိရမည့် အင်္ဂါရပ်များမစုံလင်က အတု ဖြစ်ပါသည်။

ပိုက်ဆံအစစ်လို တန်ဘိုးရှိအောင် လိုအပ်နေသောအချက်များကို ပြင်ကြ စောင့်ထိမ်းကြရမှာလား ဗုဒ္ဓရဲ့ အဆုံးအမတွေကပဲ ခေတ်မမှီတော့တာလားဆိုတာသေခြာတွေးကြရပါမည်။

အခြေမခိုင်သော အဆောက်အဦး တာရှည်မခိုင်ခံ့သောသဘောကို သိကြသူတိုင်း အခြေခံ သီလ၅ပါးမလုံခြုံပဲ အောင်မြင်ကြီးပွားနေကြသူများကိုကြည့်ပြီးစောဒကမတက်သင့်ပါ။ လုံခြုံအောင်စောင့်ထိမ်းကအောင်မြင်ကြီးပွားမည်ဟု မယုံကြည်ပါက ဖောက်ဖျက်သူများအားး သင် အထင်ကြီးလေးစား အားကိုးပါမည်လော။ဖောက်ဖျက်သူများအား အားကျမိပါသလော သူတို့က သင့်ပေါ်အထက်ပါ၅ ချက်ဖြင့် ဖောက်ဖျက်ပြီးသင်သာ ခံ ရသူဖြစ်ပါက ကြေနပ်စွာနေနိုင်ပါမည်လော။ ဥပမာ ။   ။သင့်ကိုလိမ်ပြီးပါသမျှ ပိုက်ဆံယူသွားလျှင်… 

                           ဆက်ပါဦးမည်။                   မန်းကျော် akyawmyint

 

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← အလှူလဘ္ဘက်နှင့်  မျက်နှာလုပ်ခြင…   Zurück zu Blog    အချစ်မျက်ဝန်း →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.