တရားရုံတော်သို့ဦိးတိုက်လျှောက်ထားအပ်ပါသည်။
Posted on 9.9.2010 by
prettygloria
Tags: တရားရုံတော်သို့ဦိးတိုက်လျှောက်ထားအပ်ပါသည်။
တရားသူကြိးမင်းရှင့်................
သူသည်...........................ကျမအားအမှန်တကယ်မချစ်ပါဘဲလျှက်
ချစ်ပါသည်ဟုအကြိမ်ကြိမ်ခါခါ
လှည့်ဖျားပြောဆိုခဲ့ပါသဖြင့်
ရာဇသတ်ကြီးပုဒ်မ(၄၂၀)လိမ်လည်မူအရလည်ကောင်း
သူသည်...........................ကျမအားအနိုင်ယူလိုသောကြောင့်
စိတ်ကောက်ခြင်း..အမိန့်ပေးခြင်း..ဆူပူကြိမ်မောင်းခြင်း
များပြုလုပ်ခဲ့ပါသဖြင့်
ရာဇသတ်ကြီးပုဒ်မ(၃၄၉)နိုင်ထက်ပြုမ့ူအရလည်ကောင်း
ကျမသည်.........................သူ့ အား အမှန်တကယ်ချစ်မိသည်ကို
အခွင့်ကောင်းယူပြီးသူသည်ကျမအား
မကြာခဏလမ်းခွဲမည်ဟုခြိမ်းခြောက်လေ့ရှိသောကြောင့်
ကျမမှာသူမုန်းသွားမည်ကိုအစဉ်သဖြင့်စိုးရိမ်းပူုပန်နေရသဖြင့်
ရာဇသတ်ကြီးပုဒ်မ(၃၅၀)စိတ်ညိုငြင်စေမူ့ အရလည်ကောင်း
သူ၏.............................အရွဲ့တိုက်မူများ...သူ၏အမဲ့များ..သူ၏အထေ့အငေါ့များ
သူ၏မာန်မဲမူ့ များကြောင့် ကျမ၏နှလုံးသားသည်
အတွင်းကြေကျေပြိးဒါဏ်ရာ၇စေပါသဖြင့်
ရာဇသတ်ကြီးပုဒ်မ(၃၁၉)နာကျင်စေမ့ူအရလည်ကောင်း
နောက်ဆုံးတွင်.....................
ကျမ၏ကိုယ်စိတ်နှစ်ပါးတွင်
ဝေဒနာအလူးအလဲ
ခံစားရပြိးနောက်
တရိရိညှင်းပန်ခံရသလို
(သူနဲ့ဝေးရမှာဆိုးသဖြင့်)
ရာဇသတ်ကြီးပုဒ်မ(၃၀၁)သေကြောင်းကြံစည်မူ့ အရလည်းကောင်း
ကျမအားညှင်းပန်းနိုပ်စက်ခံနေရပါသဖြင့်---------------
တရားသူကြိးမင်းမှ
ထိေ၇ာက်စွာ
အရေးယူဆောင်ရွက်ပေးပါရန်
တရားရုံးတော်သို့ဦိးတိုက်လျှောက်ထားအပ်ပါသည်။