တခါတုန်းကသူကပြောတယ်
09-09-2010 တွင် တင်ထားသည်။
prettygloria
Tags:တခါတုန်းကသူကပြောတယ်
ငယ်ကလွဲရင်
ဖွဲနဲ့ဆန်ကွဲ
အသဲထဲမှာ ငယ်မှငယ်တဲ့
...ဆိုသလောက်ဘဲ။
တခြားလူတွေက"မိုင်နာ"
ငယ်ကသာ"မေဂျာ"တဲ့
မနောလေး ချိုချိုမှာ
သကာရည်အပိုလောင်း
အပြောကောင်းလိုက်ပုံက
ခေါင်းညိမ့် အလုပ်ရူတ်
ငယ်ငယ်ရုပ်သေးရုပ်။
ခုတော့လဲ..............
အချွဲဧကရာဇ်ရဲ့
ဇိမ်ရစ်တဲ့အလွှာမှာ
နေရာကောင်းမပေးနိုင်လို့
"မေဂျာ"ပြောင်းပြေးရှာတော့
အပြောကလေးမညှာမတာ
ငယ်ငယ်ဟာ
ဖွဲပါဆန်ကွဲပါတဲ့။
................သူပဲပြောတာပါပဲလေ။