မြန်မာတွေ ကျွန့်ဘဝက ရုန်းကြစို့-၂

Išsiųsta 2010-12-25 iki tharhtootbr

မြန်မာတွေ ဘာကြောင့် ကျွန်ပြန်ဖြစ်လဲ...? အဲဒီ အလကားရတာ...။ အချောင်ရတာဆိုတဲ့ အချောင်စိတ်တွေကြောင့် တဖြေးဖြေး ကျွန်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တာ ကျွန်တော်တို့ လူငယ်မျိုးဆက်တွေ ထိပါပဲ...။   အနောက်တိုင်းသားတစ်ယောက်ကို  မိတ်ဆွေ ပစ္စည်းတစ်ခု စမ်းပေးကြည့်ပါ့လား...။ WHY  ARE YOU GIVE ME? ဆိုတဲ့ စကားလုံး ပြန်ပြောမှာသေချာပါတယ်..။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အလကားလိုချင်စိတ်မရှိလိုပဲ..။ ဒါကြောင့် သူတို့ တစ်နေ့တစ်ခြားတိုးတတ်နေခဲ့တာပါပဲ...။
             ကျွန်တော်အိမ်နဘေးက မိသားစု တစ်ခုရှိတယ်...။ ယောကျာင်္း ဖြစ်သူက ရိုးရိုးသားသား အလုပ်လုပ်ရှာတယ်...။ သို့ပေမဲ့ မိန်းမဖြစ်သူက နှစ်လုံးထိုးတယ် ချဲ တွက်တယ်...။ တစ်နေ့တစ်ခြား ယောကျာင်္းဖြစ်သူမှာ လုပ်သလောက်မစုမိဖြစ်၍ စိတ်ဓါတ်ကျရှာသည်...။ "သာထူးရယ်....! ငါက ရှေ့က အလုပ်လုပ် ငွေရှာ။ သူက နုစ်လုံးထိုး ချဲတွက်နဲ့ ငါရှာသမျှငွေ ချဲနှစ်လုံးထဲပဲရောက်နေတော့ ငါ အလုပ်မလုပ်ချင်တော့ဘူး.။ " ကျွန်တော်ကို ရင်လာဖွင့်လို့ ကျွန်တော် လဲ ဒီမိသားစု ဘာကြောင့် ချွတ်ခြုံကျပါလိမ့်ဆိုတာ တွေးမိပါသည်...။ မိသားစု တစ်ခုမှာ တစ်ဦးတစ်ယောက်ဟာ အဲလို ငွေကို အချောင်ရလို့စိတ်ရှိနေရင် အဲဒီ အိမ်မိသားစုရဲ့ ဖွဲဖြိုးတိုးတတ်မူဆိုတာ မလွယ်ကူလှပါဘူး..။ တိုင်းပြည်တစ်ခု လူမျိုးတစ်ခုမှာ လဲ ဒီလိုပါပဲ...။ မြန်မာပြည်က လူတွေ မိုးမလင်းသေးဘူး ချဲနှစ်လုံး ဘာလဲဆိုတာ တွက်ကြ မေးကြနဲ့ မိုးချုပ်လို့တစ်နေ့သာကုန်သွားခဲ့တယ်..။ မိမိအိမ် မိမိအတွက် ချဲနှစ်လုံး တွက်မဲ့ အချိန်ကို  ထင်းတစ်ချောင်းလိုက်ရှာလိုက်ပါ့လား မြက် တစ်ပင် စွဲနုတ်လိုက်ပါ့လား..။ ထင်း တစ်ချောင်းက ထင်းစိုက်ရမယ် မြက်တစ်ပင်က အိမ်သန့်ရှင်းမယ်..။ ဘာမှဟုတ်တဲ့  ချဲ နှစ်လုံးနဲ အချိန်ကုန်သွားသူတွေ မြန်မာပြည်မှာဘယ်လောက်များနေပြီလဲ..
ပြီးတော့ သူတို့က ပြောမယ် အလုပ် လုပ်စရာမရှိတော့ ဒါပဲလုပ်ဖြစ်နေတာပေါ့တဲ့..။ ဒါပဲ လုပ်နေလို့ အလုပ်က သင်တို့ဆီမလာတာလို့  ကျွန်တော်က ပြန်ပြောလိုက်ချင်သေး..။   အလုပ်က တကယ်တမ်းတော့ လုပ်ချင်ရင် အလုပ်မရှားပါဘူး..။ ကျွန်တော်တို့ အညာ ပခုက္ကူ ကမ္မမှာဆို.. ဗိုင်းလိတ်မလား.?ပဲရွေးမလား..? ယာထဲကို ကောက်နုတ် မြက်နုတ်လိုက်မလား? ပြီးရင် ချောင်းမြေမှာကျောက်ခဲချမလား?  ဒါတွေက အချိန်ပိုင်းအလုပ်တွေနော် အားတဲ့ အချိန် လုပ်လို့ရတဲ့ အလုပ်တွေ..?  ဒီအလုပ်တွေ ရှိနေပါလျက်နဲ နည်းတယ်များတယ် တွက်တတ်သေးသူတွေ များနေသေးတယ်..။ ဒါနဲ စကားစပ်လို့ ဒေါ်ပေါပေါ တဲ့ အိမ်နဘေးမှာ လူ တစ်ယောက်ရှိတယ်..။ သူမှာက ယောကျာင်္းအိုကြီးရှိသေးတယ်..။
သူယောကျာင်္းက စီးပွားမရှာနိုင်ဘူးပေါ့ ဒါနဲ သူက ချောင်းထဲကိုသွားပြီး ကျောက်ချနေတာ..။ ကျွန်တော်အဖေက ကျောက်ဝယ်ပေါ့..။ ဒီလိုနဲ ကျောက်ချတဲ့ ဒေါ်ပေါမှာ နေ့ထွက်ကိုက်တယ်ဆိုရမယ်ပေါ့..။ နေ့ထွက်ကိုက်တော့  သူညီမ ကပါ ကျောက်လိုက်ချတယ်..။ ညီ အစ်မနှစ်ယောက်ကျောက်ချ ဖြစ်သွားတယ်ပေါ့...။ ကျောက်တွေ ရသလောက်ချ နောက်ဆုံးတော့ ဒေါ်ပေါပေါ ကျောက်ချတာ လူတိုင်းသိလို့ ကျောက်ဝယ်ချင်သူက ဒေါ်ပေါ့ဆီမှာကျောက်လာဝယ်ကြတယ်..။ ကျောက်ဝယ်သူများလာတော့ သူ့တူလေးပါကျောက်ချ..။ နောက်ဆုံး သူနဲ ဆက်နွယ်သူတွေပါကျောက်ချ နေကြတယ်..။ အဲဒါက နမူနာပါပဲ..။ အလုပ်မရှိလို့ ထိုင်နေမဲ့ အစား  အရနည်းတယ် များတယ်တွက်မဲ့ အစား အလုပ်လုပ်တစ်ခုကို လုပ်လိုက်ပါ...။ သူအလုပ်တစ်ခုကိုလုပ် လိုက်တော့.. သူနဲနွယ်သူတွေပါ အလုပ်ရသွားကြတယ် ..။ ဘာလုပ်ရမယ်မသိဘဝက လွှတ်သွားကြတယ်..။ ငွေတစ်ရာ ရင်းရင် ငွေ ခုနှစ်ထောင် ရှစ်ထောင်ရမယ်ဆိုတဲ့ အလုပ်မလုပ်ဘဲနဲ ကံစမ်းမဲနိုက်ရမဲ့  အချောင်ရမဲ့ နှစ်လုံးချဲအလုပ်တွေကို ငွေတစ်ရာ အိပ်ကပ်ထဲက ထုပ်ပြီး မရေရာ မသေချာတဲ့ အကျိုး စီးပွားကို အချောင်စိတ်နဲ လိုချင်မဲ့ အစား တစ်ကျပ်ဖိုးလုပ်ရင် တစ်ကျပ်ဖိုးရမဲ့ အကျိုးရှိမဲ့ အလုပ်တွေ မြန်မာလူမျိုးတွေ လုပ်တတ်လာစေချင်ပါတယ်..။ ဟေးးး ချဲနှစ်လုံးကိုပဲ မလုပ်နဲ မထိုးနဲလို့ပြောတာ ငါတို့ ဘောပွဲလောင်းသူမပါဘူး.. ။ ဖဲရိုက်သူမပါဘူး..။လို့  အမျိုးသားမျာက ကခုန်ကြမလားမသိ..။ ဘာထူးလဲ
သူများဆီက ပစ္စည်းငွေကို အချောင်လိုချင်ကြတာ..
အချောင်သမားတွေ
ဒီလိုပြောလို့ရိုင်းမလားမသိ။
၇ိုင်းရင်လဲ စာလုးံမည်းနဲ ရိုင်းတယ်လို့မှတ်လိုက်ပါ...။
အချောင်သမားတွေ.....။
  ကျွန်တော် အစ်ကို တစ်ယောက်ရှိတယ်..။ ကမ္မက အားလုံးသိမှာပါ..။ ( TUN BROTHERS စက်ဘီးဆိုင်ကယ် အပိုပစ္စည်း အေ၇ာင်းဆိုင်)  ဆိုတာလေ..။ ကမ္မမှာ သူက စက်ဘီးဆိုင်ကယ်အပိုပစ္စည်းဆိုင်ဆို ရောင်းလို့ အကောင်းဆုံးလိုပြောရမယ်ပေါ့...။ သူဆိုင်က အမြတ်အစွန်းတွေကို  ကျွန်တော်လဲ တွက်မကြည်ပါဘူးး။ ဒါပေမဲ့ သူဆိုင်ဖွင့်တာ ကြာပြီ ဆိုင်ခွဲလဲ မဖွင့်နိုင်သေးဘူး..။  ဘာလို့မဖွင့်နိုင်တာလဲ..။ သူက ဘောပွဲလောင်းတယ်..။ ညဆိုရင် ဖဲရိုက်တယ်...။ ကျွန်တော်မြန်မာပြည်ပြန်ရောက်ချိန်တော့ မရိုက်တော့ဘူး မလောင်းတော့ဘူးလို့ပြောတယ်...။  အကယ်၍သာ သူ ဖဲမ၇ိုက်ခဲ့ရင် ဘောမလောင်းခဲ့ရင် ဖဲရိုက်ခဲ့တဲ့ ငွေ၊ ဘောလောင်းခဲ့တဲ့ငွေနဲ သူနောင်ထပ်ဆိုင်ခွဲဖွင့်နိုင်မှာသေချာပါတယ်...။ သူ  ဆိုင်ခွဲဖွင့်ခဲရင် သူညီတွေ ညီမတွေ အလုပ်အတွက် အပြင်မှာလိုက်ရှာစရာမလိုတော့ဘူးပေါ့..။  "ကုလား လို လုပ် တရုတ်လိုစု" ဆိုတဲ့ စကားပုံလေး  အတိုင်း မြန်မာလူမျိုးတွေ အလုပ်မှာ ကုလား ကဲ့သို လောဘ အရှိနည်းကြတယ်...။ ငါကတော့ မနက်ဖြန်စာ တွက်ခြေကိုက်ပြီဆိုပြီး အလုပ်ကို ဆက်မလုပ်ဘဲနားချင်ကြသူတွေ များကြတယ်...။ အဲလို လူတွေပေါ့ခဲ့လို့လဲ..။ မြန်မာပြည်မှာ လုပ်ငန်းအကြီး တွေ မရင်းနှီး ကြတာလို့ဆိုရမလား...။
 
ကျွန်တော်စာကို  ဒီတစ်ပတ် ဒီလောက်နဲ ရက်နားပါရစေ...။  မြန်မာတွေ ကျွန်ဘဝမှာလွှတ်မြောင်ဖို့ သခင်စိတ်မွေးကြပါစို့ ..။ မြန်မာဆိုတာ သခင်မျိုးပါလေ..။ ဘာသာစကား အခိုင်အမာ၊ သမိုင်း အခိုင်အမာ နဲ့ ယဉ်ကျေးမူ ရှိသော လူမျိုးစု တစ်ခုသာ...။
                                                                   TBR(လင်း)
 

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← လွတ်လပ်ရေးကြိုးပမ်းမှု ....၊ ဒု…   Grįžti į dienoraštį   လိပ်ပြာ သိစေ....။ →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.