♥...မပြောဖြစ်ခဲ့မိဘူး တိတ်တခိုးကြိတ်ပိုးခဲ့ရသူကို...♥

Posted on 3/12/2010 by prettygloria
Tags: ♥မပြောဖြစ်ခဲ့မိဘူး တိတ်တခိုးကြိတ်ပိုးခဲ့ရသူကို♥

မပြောဖြစ်ခဲ့မိဘူး တိတ်တခိုးကြိတ်ပိုးခဲ့ရသူ့ကို

“မလွမ်းဘူးလား?”
လို့
မေးချင်မိတယ်

မမေးဖြစ်ခဲ့ပါဘူး

“မလွမ်းပါဘူး” လို့

ဖြေလာမှာ ကြောက်လို့ပါ..

“လွမ်းတယ်” လို့

ပြောချင်မိတယ်

မပြောဖြစ်ခဲ့ပါဘူး

မင်း လှောင်ရယ်မှာစိုးလို့ပါ..

“ချစ်လား?” လို့

မေးချင်မိတယ်

မမေးဖြစ်ခဲ့ပါဘူး

“ဘာလို့မေးတာလဲ?” ဆိုတဲ့

မေးခွန်းကို ငါ ရင်မဆိုင်ချင်လို့

“ချစ်တယ်” လို့

ပြောချင်မိတယ်

မပြောဖြစ်ခဲ့ပါဘူး

“ဘယ်လောက်ချစ်လဲ?” ဆိုတဲ့

မေးခွန်းကို ငါ မဖြေနိုင်လို့ပါ..

“သွားတော့မယ်” တဲ့

မကြားချင်မိပါဘူး

ကြားနေရတယ်

မင်း ကျောခိုင်းသွားတာ မခံစားနိုင်လို့ပါ..

“မသွားပါနဲ့”
လို့

တား ချင်မိတယ်

မတား ဖြစ်ခဲ့ပါဘူး

မာန လေးတော့ ရှိသေးတာ

မင်းသိစေချင်လို့ပါ..

အဆုံးသတ်မှာ..

မမေးဖြစ်ခဲ့တဲ့ မေးခွန်းတွေနဲ့

မပြောဖြစ်ခဲ့တဲ့ စကားလေးတွေ

ရင်မှာ သိုဝှက်ရင်း

ငိုရှိုက်နေတဲ့ ရင်ခွင် နဲ့အတူ

မျှော်လင့်နေမယ်

မင်း ပြန်လည် နားခိုလာချိန်လေး ကိုပေါ့

Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ထိုလူမျိုးကိုငယ်လေးဟုခေါသည်။   Return to blog   ယောကျာ်းလေးများအနေဖြင့် မိန်းက… →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.